Home » » မြန်မာ့ လာဘ်စားမှု တိုက်ဖျက်ရေး စစ်ဆင်မှု အတွင်း ထောင်နှင့်ချီသော ဗျူရိုကရက်များ အရေးယူခံရ၊ လာဘ်စားမှုတွင် ပါဝင်သူ ၃၈ဝ ဦးခန့်ကို ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရ

မြန်မာ့ လာဘ်စားမှု တိုက်ဖျက်ရေး စစ်ဆင်မှု အတွင်း ထောင်နှင့်ချီသော ဗျူရိုကရက်များ အရေးယူခံရ၊ လာဘ်စားမှုတွင် ပါဝင်သူ ၃၈ဝ ဦးခန့်ကို ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရ




မြန်မာ၏ “ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရ” လှုပ်ရှားမှု နောက်ပိုင်းတွင် နိုင်ငံဝန် ထမ်း ၁၇,ဝဝဝ ခန့် အပြစ်ပေး အရေးယူခံခဲ့ရပြီး ထိုအထဲမှ ၃၈ဝ ကို ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း အစိုးရ သတင်း တစ်ရပ်အရ သိရှိရသည်။

ရဲတပ်ဖွဲ့ဝင် အများအပြား အပါအဝင် ဝန်ထမ်း ၁၆,၉၅၂ ဦးကို ၂ဝ၁၁ ဧပြီမှ ၂ဝ၁၂ ဒီဇင်ဘာ အတွင်း အရေးယူ ခဲ့ကြောင်း၊ ယခု အပတ်တွင်း အစိုးရမှ လွှတ်တော်သို့ ပေးပို့သည့် အစီရင်ခံစာကို အေအက်ဖ် ပီသတင်းဌာနက သိရှိခဲ့ရသည်ဟု ကြာသပတေးနေ့တွင် ပြောကြား သည်။ ၂ဝ၁၁ ဧပြီတွင် အဆုံးသတ်ခဲ့သော စစ်ဘက် အစိုးရ ၏ အကျင့်ပျက်ခြစားမှု ဆယ်စုနှစ်များ နောက်တွင် ဒီမိုကရေစီ ပိုမိုဖြစ်ထွန်း ရေးနှင့် တရားဥပဒေစိုးမိုးရေး ပြုပြင် ပြောင်းလဲမှုများ၏ အစိတ်အပိုင်း အဖြစ် သမ္မတ ဦးသိန်းစိန်က လာဘ်စားမှုကို ချေမှုန်းရန် ကတိကဝတ် ပြုခဲ့သည်။

အစီရင်ခံစာတွင် စွပ်စွဲသော ပြစ်မှုများကို အသေးစိတ်ဖော်ပြထား ခြင်းမရှိသော်လည်း အပြစ်ပေး အရေးယူမှု များမှာ ထောင်ဒဏ်နှင့် တာဝန် မှထုတ်ပယ်ခြင်းမှသည် သတိပေး စာပေးပို့ခြင်းနှင့် လုပ်ခလစာ ဖြတ်တောက်မှု များအထိ ပါဝင်ကြောင်း၊ ၃၈ဝ ဦးကို ထောင်ဒဏ်ချမှတ်ခဲ့ပြီး ၄၉ဝဝ ကျော်ကျော်ကို အလုပ်မှ ဖြုတ်ပယ် ခဲ့ကြောင်း၊ ၈ဝ ကို ငွေ ပေးလျော်စေပြီး ရဲ ၆၈၉ ဦးကို အပြစ်ပေးအရေးယူခဲ့ကြောင်း သိရှိ ရသည်။

 “ကောင်းမွန် သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ် ရေးအတွက် ဝန်ကြီးဌာနများကို စုံစမ်း စစ်ဆေးခဲ့ပြီး အရေးယူမှု များကို လုပ်ဆောင်ခဲ့သည်ဟု အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (UNDP) လွှတ်တော် အမတ်တစ်ဦး တင်သွင်းသော အဆိုတစ်ခု နောက်တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါအစီရင်ခံစာက ဆိုပါသည်။

ဇန်နဝါရီလ နှောင်းပိုင်းတွင် ဆက်သွယ်ရေး ဝန်ကြီးဌာနတွင်း အဆင့်မြင့် အကျင့်ပျက်ခြစားမှုအတွက် စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ ထံမှ နိုင်ငံပိုင်ချေးငွေ ဒေါ်လာသန်းပေါင်း များစွာကို ပြန်လည် ရယူရန် အမိန့် ထုတ်ခဲ့ရာ လာဘ်စားသော အာဏာပိုင်များကို ရှားရှားပါးပါး လူသိရှင်ကြား ကိုင်တွယ်မှု တစ်ခုဖြစ်သည်။ လာဘ်စားမှု တိုက်ဖျက်ရေး ဥပဒေသစ် က အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍနှစ်ခု စလုံးရှိ အကျင့်ပျက် ခြစားမှုတွင် ပါဝင်ပတ်သက်သူများကို စုံစမ်းဖော် ထုတ်၍ ထိထိမိမိ တရားစွဲဆိုနိုင်စေ ခဲ့ကြောင်း၊ မကြာသေးမီက အလှူရှင် ဖိုရမ်တစ်ခု တွင် ဖြန့်ချိခဲ့သည့် တရားဝင် စာရွက်စာတမ်း တစ်ခုအရ  သိရှိရသည်။


Ref;AFP/al, http://www.channelnewsasia.com
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG