Home » » AIR KBZ လေကြောင်းလိုင်းမှ ဝယ်ယူထားသော ATR 72-600 လေယာဉ်သစ် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ

AIR KBZ လေကြောင်းလိုင်းမှ ဝယ်ယူထားသော ATR 72-600 လေယာဉ်သစ် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ

ရန်ကုန်  ဖေဖော်ဝါရီ  ၁၁
 
AIR KBZ လေကြောင်းလိုင်း မှ ဝယ်ယူ ထားသော ပြင်သစ် နိုင်ငံလုပ် ATR 72-600 အမျိုးအစား လေယာဉ်သစ် နှစ်စင်း အနက် ပထမ တစ်စင်းသည် ယနေ့ နေ့လယ်ပိုင်း တွင်  ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ ခဲ့သည်။ ထပ်မံ ဝယ်ယူ ထားသော ဒုတိယမြောက် ရောက်ရှိမည့် ATR 72-600 လေယာဉ် အသစ်မှာလည်း ၂ဝ၁၃ ခုနှစ်  ဇွန်လပိုင်းတွင်  ရန်ကုန်မြို့ သို့ ရောက်ရှိမည် ဖြစ်ကြောင်း သိရ သည်။
 
AIR KBZ အနေဖြင့် ၂ဝ၁၃ ခုနှစ် နှစ်လယ်ပိုင်း မှစ၍ ATR 72-500 လေယာဉ် အမျိုးအစား လေးစင်း၊ ATR 72-600 လေယာဉ် အမျိုးအစား နှစ်စင်း  စုစုပေါင်း လေယာဉ်သစ် ခြောက်စင်းဖြင့် လက်ရှိ ပြေးဆွဲနေသော ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊  ဟဲဟိုး၊ လားရှိုး၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကလေး၊ မြစ်ကြီးနား၊  သံတွဲ၊ စစ်တွေ၊    ထားဝယ်၊  မြိတ်၊ ကော့သောင်း  စသည့်မြို့ကြီးများ အပြင်ဆက်လက်၍ နေပြည်တော်၊ မုံရွာ၊ ဟုမ္မလင်း၊ ဗန်းမော်၊ ပူတာအို၊ ကျောက်ဖြူစသည့် မြို့ကြီး ၂ဝ သို့ တိုးချဲ့ပျံသန်း  ပြေးဆွဲ သွားမည်ဖြစ် ကြောင်း သတင်း ရရှိသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG