Home » » အစိုးရနဲ့ ချင်းအမျိုးသားတပ်ဦးတို့ရဲ့ ဒုတိယနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ

အစိုးရနဲ့ ချင်းအမျိုးသားတပ်ဦးတို့ရဲ့ ဒုတိယနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ


2012-12-08
မြန်မာအစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ အိန္ဒိယ-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသား တပ်ဦး(CNF)တို့ရဲ့ ပြည်ထောင်စုအဆင့် ဒုတိယနေ့ ဆွေးနွေးပွဲကို စနေနေ့က ရန်ကုန်မြို့ ရွှေတောင်ကြားမှာရှိတဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ ဆက်လက် ကျင်းပခဲ့ကြပါတယ်။


၂ဝ၁၅ ရွေးကောက်ပွဲနဲ့ တက်လာမယ့် အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့အခါ အခက်အခဲတွေရှိနိုင်တာကြောင့် အခုလက်ရှိအစိုးရလက်ထက်မှာပဲ ပြည်တွင်းငြိမ်းချမ်းရေးကို ပြီးဆုံးအောင် ဖော်ဆောင်သွားချင်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က တက်ရောက်သတင်းယူတဲ့ မီဒီယာတွေကို ပြောကြားရာမှာ ဆွေးနွေးပွဲမှာ အချက်ပေါင်း ၃၁ ချက်ထဲက တဝက်လောက်ကိုသာ ဆွေးနွေးနိုင်ခဲ့ပြီး  မနက်ဖြန် ဆက်လက်ဆွေးနွေးမှာဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၇ ရက်နဲ့ ၈  ရက် နှစ်ရက်ဆွေးနွေးမယ်လို့ စီစဉ်ထားပေမဲ့၊ ဒီကနေ့ ဆွေးနွေးတဲ့အချက်တွေဟာ နယ်မြေခွဲခြားရေးကိစ္စတွေ စစ်ရေးကိစ္စတွေ ပါဝင်နေတဲ့အတွက် မပြီးပြတ်သေးတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG