Home »
သတင်း
» နိုင်ငံသားတိုင်းသည် နိုင်ငံတော်အတွင်း လွတ်လပ်စွာ အခြေစိုက်နေထိုင်ခွင့် ရှိ - မရှိ
နိုင်ငံသားတိုင်းသည် နိုင်ငံတော်အတွင်း လွတ်လပ်စွာ အခြေစိုက်နေထိုင်ခွင့် ရှိ - မရှိ

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အမတ်တွေ၊ ရှမ်း၊ ရခိုင်အပါအဝင်
တိုင်းရင်းသားအမတ်တွေပါဝင်တဲ့ ရခိုင်အရေးဆွေးနွေးပွဲကို နေပြည်တော်မှာ
နိုဝင်္ဘာ(၅) ၂၀၁၂နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း SNDP သီပေါမြို့နယ်အမတ်
ဦးရဲထွန်းက BBC နှင့်တွေ့ဆုံမေးမြန်းခဏ်းမှာ ပြောလိုက်ပါတယ်။
ဆွေးနွေးပွဲမှာ ရခိုင်တိုင်းရင်းသားပါတီအမတ်တွေက
ဦးဆောင်ပြီး - - “မွတ်စလင်တွေနဲ့ ရခိုင်တိုင်းရင်းသားတွေ အတူယှဉ်တွဲ
နေထိုင်လို့ မရဘူးဆိုတဲ့သဘောကို ပြောကြားခဲ့ကြောင်း - -
ပြသနာဖြေရှင်းနိုင်ရေး အကြံပြုချက်တွေထဲမှာ အစ္စလာမ်ဘာသာဝင် ဘန်င်္ဂါလီတွေကို
ရခိုင်ပြည်နယ်အတွင်း ရှိနေတဲ့ကျွန်းတွေဆီ ရွှေ့ပြောင်းဖို့ ပြောသူရှိသလို
နိုင်ငံသားအဖြစ် သတ်မှတ်ခံရပြီးသား မွတ်စလင်တွေကို နိုင်ငံအတွင်းမှာ
ရွှေ့ချင်တဲ့နေရာ ရွှေ့ခွင့်ပြုဖို့ အကြံပေးသူတွေလည်းရှိတယ် - -
နောက်တစ်ယောက်ကတော့ ၁၉၈၂ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံသားဥပဒေအရ
ရိုဟင်ဂျာတစ်ယောက်ဟာ နိုင်ငံသားဖြစ်ခွင့်ရှိရင် ရှိနိုင်ပြီး သူ့ကို
ရိုဟင်ဂျာလို့ အခေါ်အဝေါ်အရ ခေါ်နိုင်တယ်။ ဒါပေမဲ့ သူ့ကို
မြန်မာတိုင်းရင်းသားအဖြစ်တော့ လက်မခံနိုင်ဘူးလို့လည်း
ဆွေးနွေးခဲ့ကြတယ်လို့” - - ဦးရဲထွန်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “နှစ်နိုင်ငံနယ်စပ်ပြသနာ၊ လူဝင်မှု တံခါးမလုံလို့ ဖြစ်လာတဲ့ပြသနာဖြစ်တဲ့အတွက်ကြောင့်
ဘင်္ဂလားဒက်နိုင်ငံ၊ ဘင်္ဂလားဒက်အစိုးရအနေနှင့်လည်း ဒီပြသနာနှင့်ပတ်သက်လို့
တာဝန်ယူသင့်တယ်၊ ဘာကြောင့်လဲဆိုတော့ နှစ်နိုင်ငံနယ်ခြားမှာဖြစ်နေတဲ့
လူဝင်လူထွက် ပြသနာလို့” ပြတ်ပြတ်သားသား ပြောခဲ့ကြောင်း ဦးရဲထွန်းက BBCကို
ဆက်လက်ပြောသွားပါတယ်။ မကြာခင် NLD နှင့် တိုင်းရင်းသားအမတ်တွေ
စုပေါင်းပြီး ကြေညာချက်တစ်ခု ထုတ်ပြန်ဖို့ သဘောတူခဲ့ကြသည်ဟုလည်း ပြောပါတယ်။
အောက်တိုဘာ (၂၁) ၂၀၁၂ နိုင်ငံတော်သမ္မတရုံးမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတကြီး ဦးသိန်းစိန်ရဲ့ အောက်ပါ ပြောကြားချက်နှင့်
• လူ့အဖွဲ့အစည်း ၂ ခုဟာ တနေရာထဲမှာ အတူနေကြတာဖြစ်တဲ့အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ အတူယှဉ်တွဲနေထိုင်နိုင်မလဲဆိုတဲ့ အချက်ဟာ အရေးအကြီးဆုံးအချက်ဖြစ်ကြောင်း၊
• အတူယှဉ်တွဲပြီးနေနိုင်ဖို့ လုပ်ရမယ့် လုပ်ငန်းတွေများကြောင်း၊
• အတူယှဉ်တွဲနေထိုင်ဖို့မှာ အခြေခံကျတဲ့ အချက်ဟာ ပညာရေးဖြစ်ကြောင်း၊
• အသိပညာကျယ်ဖို့၊ အမြင်ကျယ်ဖို့လိုကြောင်း၊
• ကိုယ်လူမျိုးကိုပဲ ကိုယ်ချစ်လို့မရကြောင်း၊ တခြားလူမျိုးတွေရဲ့
လူအခွင့်အရေးကိုလဲ အလေးထားလိုက်နာပြီး လုပ်ဆောင်ဖို့လိုကြောင်း၊ - -
နှိုင်းယှဉ်ကြည့်နိုင်ကြပါတယ်။
တောင်အာဖရိကနိုင်ငံက လူမဲတွေကို
နိုင်ငံသားအဖြစ် အသိအမှတ်ပြုသော်လည်း လူမဲတွေ နေခွင့်မရ သွားခွင့်မပြု
လုပ်ခွင့်မပြု စသဖြင့် ချုပ်ချယ်ခဲ့တဲ့အတွက် တစ်ကမ္ဘာလုံးက
လူမျိုးခွဲခြားတဲ့စနစ် (Apartheid) ကျင့်သုံးတဲ့နိုင်ငံအဖြစ် ဝိုင်းဝန်း
ရှုံ့ချဖယ်ကျဉ်ခြင်း ခံခဲ့ရဘူးတယ်။ ဒီစနစ်ကို လိမ်မာပါးနပ်စွာ ကျင့်သုံးပြီး
ပါလက်စတိုင်းတွေကို လူမျိုးရေးအရ ခွဲခြားဖိနှိပ်နေတဲ့ အစ္စရေးနိုင်ငံကို
အမေရိကန်သမ္မတဟောင်း Jimmy Carterက Israel’s Apertheid
ဆိုတဲ့စာအုပ်တစ်အုပ်ကို ရေးသားပြီး တောင်အာဖရိကမှာထက်
ရက်စက်ကြမ်းကြုတ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။
၂၁ရာစု ကမ္ကာ့အလည်တွင်
ဂုဏ်သိက္ခာရှိ တိုးတက်ဖွံ့ဖြိုးတဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ထောင်မဲ့
ပြည်ထောင်စုမြန်မာနိုင်ငံမှာ RNDP ဥက္ကဌကြီး ဒေါက်တာဦးအေးမောင်က ဟစ်တလာရဲ့
နာဇီပါတီရဲ့ လက်ရုံး ဒေါက်တာဂိုးဘဲလ်ကို အားကျပြီး ရခိုင်ပြည်နယ်မှာ
အစ္စရေးနိုင်ငံကို အတုယူပြီး တည်ထောင်ရမယ်လို့
ဒီလောက်အန္တရယ်ကြီးလှတဲ့စကားကို စာနယ်ဇင်းတွေကတဆင့် လူသိရှင်ကြား
ပြောကြားကြေငြာလိုက်တဲ့အခါမှာ မြန်မာပြည်က ဘယ်သူတစ်ဦးတစ်ယောက်ကမှ
ကန့်ကွက်သံမကြားရပါဘူး။
ဗိုလ်ချုပ်နေဝင်း၊ ဗိုလ်ချုပ်စောမောင်၊
ဗိုလ်ချုပ်သန်းရွှေစတဲ့ ဖိနှိပ်လှပါတယ်ဆိုတဲ့ စစ်အာဏာရှင်အဆက်ဆက်မှာ
မကြုံဖူး၊ မကြားဖူးတဲ့ မွတ်စလင်ကင်းစင်ရေး ဇုံ၊ မွတ်စလင်မရှိလို့
ဂုဏ်ယူလက်မထောင်တဲ့ မြို့နယ်၊ မွတ်စလင်ကို အိမ်မငှားရ၊ အိမ်မရောင်းရ၊
အိမ်မဆောက်ပေးရ၊ အရောင်းအဝယ် အဆက်အဆံ မလုပ်ရဆိုတာတွေနှင့် ဂျပန်ခေတ်၊
ကိုလိုနီခေတ်၊ စစ်အာဏာရှင်အဆက်ဆက် ခေတ်တွေမှာတောင် အခုလို
ရခိုင်ပြည်နယ်လုံးကျွတ် အထိကရုဏ်းတွေ၊ လူတွေသတ်ဖြတ်၊ သေကြေကြတာကို
ဒီမိုကရေစီ သမ္မတကြီး ဦးသိန်းစိန်လက်ထက် အမိမြန်မာနိုင်ငံမှာ အခုဆက်တိုက်
ကြုံလာနေရပြီ။
ကျနော်တို့တွေ လိုချင်လှချီရဲ့လို့ ခေတ်အဆက်ဆက် တိုက်လာခဲ့ကြတဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုတာ ဒါလားဗျာ။
အောင်တင်
0 comments:
Post a Comment