စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ရွှေဘိုမြို့
မြောက်ဘက် ၄၅မိုင်ခန့်အကွာ ကျောက်မြောင်းကို ဗဟိုပြုပြီး ရစ်ခ်ျတာစကေးလ်
၆.၈ အဆင့်ရှိ ငလျှင်တခု လှုပ်ခဲ့သည်။ (မြေပုံ-U.S. Geological Survey)
ရွှေဘို ငလျင် လူ ၆ ဦးထက် မနည်း သေဆုံး
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ မြောက်ဘက် ၄၅မိုင်ခန့်အကွာ
ကျောက်မြောင်းကို ဗဟိုပြုပြီးရစ်ခ်ျတာစကေးလ် ၆.၈ အဆင့်ရှိ ငလျှင်တစ်ခု
ယနေ့နံနက် ၇နာရီ ၄၂မိနစ် ၃၇စက္ကန့် လှုပ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် သေဆုံးသူ
၆ဦး ရှိခဲ့သည်။
ထို့ပြင် ငလျင်ကြောင့် နေ့လည် ၁နာရီခွဲချိန်ထိ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရွှေတွင်းလုပ်သား ၁၁ဦးတွင်းထဲတွင် ပိတ်မိလျှက်ရှိနေသည်။
သေဆုံးသူများမှာ ကျောက်မြောင်းနှင့် စဥ့်ကူးဆက်နွယ်သော မြစ်ကူးတံတားဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် သေဆုံးသူ ၂ ဦး၊ စဥ့်ကူးမြို့ ကျည်တောက်ပေါက် စားသောက်ဆိုင်တွင်သေဆုံးသူ ၂ဦး၊ စဥ့်ကူးမြို့နယ် နွယ်ရုံကျေးရွာတွင် သေဆုံးသူ ၁ဦးနှင့် မန္တလေးမြို့ သွေးလန့်သေဆုံးသူ ၁ဦးစုစုပေါင်း ၆ဦး သေဆုံးခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
ယင်းမြေငလျှင်မှာ မန္တလေးမြေငလျှင်စခန်း မှ မြောက်ဘက် ၈၂မိုင်ခန့်အကွာ မြန်မာနိုင်ငံပြည်တွင်း ရွှေဘိုမြို့မြောက်ဘက် ၄၅မိုင်ခန့်အကွာ ဗဟိုပြုပြီး အင်အားပြင်းထန် အဆင့် ၆.၈ ရစ်စကေး လှုပ်ခတ်သွားပြီးယင်းငလျှင်သည် စစ်ကိုင်းပြတ်ရွှေ့ကြောပေါ်တွင် လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း နေပြည်တော်မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနက ဧရာဝတီကို ပြောကြားခဲ့သည်။
ငလျှင်ကြောင့် ကျောက်မြောင်းနှင့် စဥ့်ကူးဆက်နွယ်သော ရတနာသိင်္ခ ဧရာဝတီမြစ်ကူးတံတား တိုင်အမှတ်MP 2 နှင့် MP3 ဆောက်လက်စ ငြမ်းများပြိုကျပြီး လုပ်သား၂ ဦး (အရပ်သားတဦး၊ ဝန်ထမ်းတဦး)သေဆုံးပြီး ၁၆ဦး ဒဏ်ရာရကာ ၅ဦး ပျောက်ဆုံးလျှက် ရှိကြောင်း ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူး ဦးလှဦးက ပြောကြားသည်။
“ငလျှင်က တအားပြင်းတယ်ဗျ။ တံတားကတော့ ဆောက်လုပ်စမို့ သံချောင်းတွေကအခိုင်မာမရှိသေးဘူးလေ။ တစ်ယောက်ကတော့ ဆောက်လုပ်ရေးမှာ ထိခိုက်ဒဏ်ရာရပြီး သေတာ။နောက်တစ်ယောက်ကတော့ စားသောက်ဆိုင်မှာ ပြိုကျတဲ့ အဆောက်ဦးပိပြီး သေတာပါ” ဟုဦးလှဦးကပြောသည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သယ်ယူပို့ဆောင်ရေး လုပ်ဆောင်နေသော သဘောင်္နှစ်စင်းလည်းရေထဲသို့ မြှပ်သွားကြောင်း သိရသည်။ ယင်းသဘောင်္ကို ပြန်လည်ဆည်ယူရန် ကြိုးပမ်းနေကြောင်းသိရသည်။
စဥ့်ကူး ဒေသခံများ၏ ပြောဆိုချက်များအရလည်း ကျည်တောက်ပေါက် စားသောက်ဆိုင် ပြိုကျရာ လူ ၂ဦးသေဆုံးပြီး နွယ်ရုံကျေးရွာတွင်လည်း တံတိုင်းတခု ပြိုရာတွင် ၁ ဦး သေဆုံးကြောင်း သိရသည်။စဥ့်ကူးတွင် ဗလီတစ်ခု ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများ အက်ကွဲပျက်စီးခဲ့ကြောင်းသိရသည်။
မန္တလေးမြို့ ၌လည်း မန်းမြန်မာပလာဇာတွင် အက်ကွဲပျက်စီးမှုများရှိပြီး လျှောက်လမ်းခင်းကြွေပြားများအက်ကွဲခဲ့သည်။ ၂၅လမ်း၊ ၃၅လမ်းထောင့်ရှိ တိုက်တခြမ်း ပြိုကျခဲ့သော်လည်း လူအထိအခိုက် မရှိကြောင်းသိရသည်။ သို့သော်လည်း ၂၃လမ်းဘက်ရှိ နေအိမ်တွင် လေဖြတ်ဝေဒနာခံစားပြီး အိပ်ယာထဲ လှဲနေရသောအသက် ၆၀ ၀န်းကျင်ရှိ အမျိုးသမီးတဦးမှာ သွေးလန့်သေဆုံးသွားကြောင်း သိရသည်။
“ကျနော် အခု အသက် ၄၀ အထိ ကုန်ခဲ့သမျှ ငလျင်ထဲမှာ ဒီတစ်ခါ အပြင်းထန်ဆုံးပဲ။ မန္တလေးက အဆောက်အဦတွေမှာ ဆိုးဆိုးဝါးဝါး ထိခိုက်တာ မရှိခဲ့ပါဘူး။ ဒီတကြိမ် ငလျင်ဟာ မန္တလေးက အင်ဂျင်နီယာလောကကို သတိပေးလိုက်သလိုပါဘဲ။ အရင်က ငလျင်ဇုံ အဆင့် ၄ ထဲမှာရှိနေတာမို့ အဆောက်အဦးဆောက်တဲ့အခါ ငလျင်ဒဏ်ကိုပါ ထည့်သွင်း တွက်ချက်ကြရပါတယ်။ ရှေ့ ပိုပြီး သတိထားရပါတော့မယ်” ဟု မန္တလေးအင်ဂျင်နီယာတစ်ဦးဖြစ်သည့် ကိုဇင်မင်းဆွေက ပြောသည်။
အဆောက်အဦတင်မကပဲ အဆောက်အဦမှာ အသုံးပြုသော မှန်၊ အလူမီနီယံရဲ့ အရည်အသွေးကအစဂရုစိုက်ရန်လိုနေပြီ ဖြစ်ကြောင်း ကိုဇင်မင်းဆွေက ပြောကြားသည်။
မြေငလျှင်အင်အားပြင်းထန်မှုကြောင့် ရွှေဘို၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဇီးကုန်း၊ ကန့်ဘလူ၊ မုံရွာ၊ စစ်ကိုင်း၊မန္တလေး၊ မိုးကုတ်ရှိ နေအိမ်များ ပြိုကျ အက်ကွဲခဲ့ရပြီး စေတီပုထိုး အပြိုအပျက်များလည်း ရှိကြောင်း သိရသည်။
အမရပူရမြို့ပေါ်ရှိ ပုထိုးတော်ကြီးစေတီ၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အမှတ် ၃၈ ရှိလေးမျက်နှာစေတီနှင့် အမရဌာနနီ အရှေ့ ရပ်ကွက်၊ အကွက် ၃၁ ရှိ အရိပ်မထွက်ဘုရားတို့မှ စိန်ဖူးတော်များမြေခခဲ့ရသည်။ ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ စွယ်တော်မြတ် စေတီ(မန္တလေး)စိန်ဖူးတော်သည် အလယ်ပစ္စယံပေါ်သို့ ပြုတ်ကျခဲ့သည်။
ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက် ရွှေပေါ်ကျွန်းဘုရား အနည်းငယ် ပြိုကျ ပျက်စီးခဲ့ပြီး အနောက်ဈေးရပ်ကွက်ရှိလောကမာရဇိန် ဘုရားစောင်းတန်း ပျက်စီးမှုလည်း ရှိခဲ့သည်။
စဥ့်ကူးမြို့နယ်တွင် ရွှေဂူကြီးဘုရား မုခ်ဦးတစ်ခြမ်း ပြိုကျပျက်စီးခဲ့ပြီး ယင်းရှိ အခြေခံ မူလတန်းကျောင်း ရှိကျောင်းဆောင်တဆောင် ပြိုကျပြီး အုတ်တံတိုင်းပေ ၃၀၀ ခန့် ပြိုကျခဲ့ကြောင်း သိရသည်။ ထို့ပြင်ရွှေကြက်ယက်တောင်ဘုရား တံခွန်တိုင်နှင့်မုခ်ဦး၊ တောရကျောင်းတိုက်ရှိ အုတ်တံတိုင်း ၅ ခန်း၊ ပရိယတ္တိ သတ္တမ ၀ံသနန္ဒာကျောင်းတိုက်ရှိ အုတ်တံတိုင်းပေ ၆၀၀ ခန့် ၊ ရွှေယက်တောင်ဘုရားရှိ တံခွန်တိုင်နှင့်မုခ်ဦးလည်း ပြိုကျခဲ့သေးသည်။ အမှတ်၂ ရပ်ကွက်ရှိ နေအိမ် တစ်လုံးပြိုကျပြီး လူ ၃ဦးဒဏ်ရာရခဲ့သေးကြောင်း သိရသည်။
မိုးကုတ်မြို့တွင်လည်း ဘုရားစေတီပုထိုးများ ပြိုကျပျက်စီးခဲ့ပြီး ဌာပနာများ ပေါက်ထွက်ခဲ့ကြောင်း သိရသည်။
နောက်ဆုံးရရှိသော သတင်းများအရ ဆေးရုံသို့ ရောက်ရှိသော အရေအတွက်ကို အခြေခံပြီး သေဆုံးသူ ၁၃ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၄၀ ဦး ရှိကြောင်း Save The Children က ပြောဆိုသည်။
အပြည့်အစုံဖတ်ရန် Article source: http://burma.irrawaddy.org/archives/25137

***********************************************************************
ငလျင်နောက်ဆက်တွဲသတင်း
ရွှေဘို မြို့ထောင့်စေတီ မှာ ယနေ့နံနက်က လှုပ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထီးတော်စောင်းသွားပြီး စိန်ဖူးတော် ပြုတ်ကျ ခဲ့ကြောင်း ရွှေဘိုမြို့ဒေသခံတစ်ဦးဖြစ်သူ ကိုသူရိန်က ဖုန်းဖြင့် ပြောကြားသည်။ရွှေဘိုကျောက်မြောင်း ရှိတည်ဆောက်လျှက်ရှိသော ဧရာဝတီ မြစ်ကူတံတား စီမံကိန်းတွင် ပြိုကျ ပျက်စီးမှုများရှိပြီး လူအချို့ထိခိုက်ဒဏ်ရာရ ကာ သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသော်လည်း အသေးစိပ်ကို အတည်ပြု၍ မရသေးပေ။
ငလျင်နောက်ဆက်တွဲသတင်း ၂:
ယနေ့ နံနက်
လှုပ်ခတ်ခဲ့သော အင်အားကြီးငလျင်မှာ စစ်ကိုင်း မြေငလျင်ကြောပေါ်တွင် လှုပ်ခတ်ခဲ့ခြင်း
ဖြစ်ပြီး ၊ မိုး၊ဇလက ငလျင်ဗဟိုချက်မှာ ရွှေဘိုမြို့ အနောက်မြောက် ၄၅ မိုင် ဟု
သတင်းထုတ်ပြန်ပြီး အမေရိကန် မြေငလျင်စောင့်ကြည့်တိုင်းတာရေး အဖွဲ့၏ USGS ၀က်ဘ်ဆိုဒ်တွင် ရွှေဘိုမြို့အရှေ့ဘက် ၁၅မိုင်
အကွာ ကိုဗဟိုပြုလှုပ်၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားကြောင်း မိုးဇလ
ပညာရှင်ဒေါက်တာထွန်းလွင်က ပြောသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဥာဏ်တော် အမြင့်ဆုံးဖြစ်သော ဗောဓိတစ်ထောင် ရပ်တော်မူရုပ်ပွားတော်မှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု့ မရှိကြောင်း မုံရွာသတင်းထောက်က သတင်းပေးပို့သည်။

စစ်ကိုင်းပြတ်ရွေ့ပေါ် တွင် အင်အား အကြီးဆုံး ဖြစ်သည်။ မူလက မြေငလျင်ပြင်းအားကို ၇ ရစ်ချတ်တာစကေး၊ ၆.၆ ရစ်ချတ်တာစကေးဟူ၍ အမျိုးမျိုးကြေငြာကြသော်လည်း နောက်ဆုံး ၆.၈ ပြင်းအားရှိသည်ဟု အတည်ပြုလိုက်ကြောင်း ယင်းက ပြောကြားသည်။၁၉၂၉ ၊ ဒီဇင်ဘာလ တွင် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်၌ှဆွာမြို့အနီးဗဟိုပြုကာ ပြင်းအား ၇ ရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ထိုပြတ်ရွေ့ကြောတစ်လျှောက်ရှိ ဖြူး၊ ပဲခူး၊ တကောင်း၊ တောင်ငူ စသော ဒေသများတွင်လည်း ကာလအနည်းငယ်ခြား၍ ငလျင်ကြီးများ ဆက်တိုက်လှုပ်ခဲ့ဖူးသည်။
ထို့ကြောင့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် ငလျင်လှုပ်နိုင်သော အပိုင်း ၁၀ခု ၀န်းကျင်ခန့်ရှိသည့် အတွက် ပြတ်ရွေ့တစ်လျှောက်ကျန်ဒေသများတွင်လည်း မြေငလျင်အန္တရာယ်ကို သတိပြုရန်လိုကြောင်း ဦးစိုးသူရထွန်းက အကြံပြုပြောကြားသည်။ စစ်ကိုင်းပြတ်ရွှေ့ကြောပေါ်တွင် ယနေ့နံနက် အင်အားကြီးင လျင်တစ်ခု လှုပ်ခတ်ပြီး သွားပြီ ဖြစ်သည့် အတွက် စစ်ကိုင်းပြတ်ရွေ့ပေါ်ရှိ အခြားဒေသများ တွင်လည်း မြေငလျင်အန္တရာယ်ကို သတိပြုရန် လိုကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ
ယနေ့ နံနက် လှုပ်ခဲ့သော မြေငလျင်မှာ ၁၉၅၆ ခုနှစ် စစ်ကိုင်းမြို့ အနီးပြင်းအား ၇ ရှိ ငလျင်ကြီး လှုပ်ခဲ့သော ငလျင်နောက်ပိုင်း
ငလျင်နောက်ဆက်တွဲသတင်း-၄ :
ကုန်းဘောင်ခေတ်ဦးက
တည်ထားခဲ့သော ရွှေဘိုမြို့ ရှေးဟောင်းမြို့ထောင့်(ဒေါင့်)ေ စတီ၏ ရွှေထီးတော် မှာ ငလျင်ဒဏ်ကြောင့်
မြေခသွားခဲ့ကြောင်းသတင်းရရှိသည် ။
နံနက် ရှစ်နာရီခွဲခန့်တွင် ရွှေထီးတော်မြေခ သွားခဲ့သည်ဟု ဒေသခံများကပြောသည်။
မုံရွာမြို့ မိုးညှင်းသံမ္ဗုဒ္ဓေစေတီတော်ကြီးမှာလည်း ပန်းဆွဲ၊ပန်းတက်များ
ကြွေကျခဲ့ကြောင်းသတင်းရရှိသည်။
မုံရွာမြို့ မိုးညှင်းသံမ္ဗုဒ္ဓေစေတီတော်ကြီးမ
ငလျင်နောက်ဆက်တွဲသတင်း- ၅
မြစ်သားမြို့ ကင်းစိန်ဈေးအရှေ့ရွာ ရွာဦးဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း စေတီတော် ၁၈ ဆူရှိသည့်အနက် စေတီကြီး ၅ ဆူ၊ အရံစေတီ ၄ဆူမှာ စိန်ဖူးတော် မြေခခဲ့သည်ဟု သိရသည်။ စေတီကြီး ၆ ဆူမှာ ဖောင်းရစ်တော် အထက်နားမှ စ၍ အက်ကွဲပျက်စီးခဲ့သည်။ မြေခခဲ့သည့် စိန်ဖူးတော်များအနက် ၄ ခုကိုသာ ပြန်လည် ရှာတွေ့ပြီဖြစ်သည်။

ငလျင်နောက်ဆက်တွဲသတင်း-၆
ငလျင်ထပ်မံလှုပ်မည်ဆိုသော သတင်းများကြောင့် စစ်ကိုင်းမြို့မဈေးကြီးကို ပိတ်ထားကြောင်း သတင်းရရှိသည်။ ဈေးရုံ ၂ ထပ်စလုံးကို ပိတ်ထားပြီး မြို့ခံလူထုမှာ နေအိမ်များထဲတွင်သာ နေထိုင်လျက်ရှိကြောင်း ဒေသခံတစ်ဦးဖြစ်သော မငယ်ကပြောသည်။

မြေငလျင်နှင့်ပတ်သက်၍ အစိုးရိမ်မပိုကြရန်နှင့် အခြေအမြစ်မရှိသော ကောလာဟလများကို မယုံရန် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်အကြံပြု
(၁၁-၁၁-၂၀၁၂)ရက်နေ့ နံနက် ( ၇နာရီ၊ ၄၂ မီနစ်၊ ၃၈ စက္ကန့်)အချိန်က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုငးတိုငး ရွှေဘိုမြို့ရဲ့ မြောက်အရှေ့ယွန်းယွန်း (North northeast) ၅၆ ကီလိုမိတာ(၃၅ မိုင်)ခန့်အကွာ ပြည်တွင်းတစ်နေရာကို ဗဟိုပြုကာ အင်အား ရစ်ခ်ျတာစကေး(၆.
၆)ရှိ
ပြင်းန်သောမြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့ပါတယ်။
အခြား.အနီးဆုံးမြို့မှာ မိုးကုတ်မြို့၊ သပိတ်ကျဉ်း၊ ကျောက်မြောင်းမြို့ များဖြစ်ကြပါသည်။
မြေငလျင်ဗဟိုချက်ဟာ စစ်ကိုင်းငလျင်ကြောအပေါ်တွင်တည် ရှိနေပြီး မြေအောက်အနက် ၉.၉ ကီလိုမီတာ(၆ မိုင်)တွင်
ဗဟိုပြုလှုပ်ရှားခဲ့သဖြင့် အနက်တိမ် ပြင်းအားကြီးမြေငလျင်(shallow depth strong
earthquake) ဖြစ်သဖြင့် ပျက်စီးမှု
များနိုင်ပါသည်။
မြေငလျင်ကြီးတို့၏အစဉ်အလာအတိုင်း နောက်ဆက်တွဲမြေငလျင်များ လှုပ်ရှားနိုင်သော်လည်း
အများအားဖြင့် ပင်မမြေငလျင်ကြီးထက် အင်အားပိုမိုပြင်းထန် လေ့မရှိသောကြောင့်
အများပြည်သူများအနေဖြင့် သတိထားရန်လိုသော်လည်း
အစိုးရိမ်မလွန်ကြရန်လိုအပ်ပါသည် ။
အထူးသဖြင့် အချိန်ကာလနေ့ရက်နာရီ အတိအကျဖြင့်ထွက်ပေါ်လာသောခန့်မှန်းမှုများဟာ အခြေအမြစ်ကင်းမဲ့သော ကောလဟလများသာဖြစ်သဖြင့်
ပြည်သူများအနေဖြင့် သတိထားကြရန်လိုအပ်ပါမည်။
အခြား.အနီးဆုံးမြို့မှာ မိုးကုတ်မြို့၊ သပိတ်ကျဉ်း၊ ကျောက်မြောင်းမြို့ များဖြစ်ကြပါသည်။
မြေငလျင်ဗဟိုချက်ဟာ စစ်ကိုင်းငလျင်ကြောအပေါ်တွင်တည်
မြေငလျင်ကြီးတို့၏အစဉ်အလာအတိုင်
အထူးသဖြင့် အချိန်ကာလနေ့ရက်နာရီ အတိအကျဖြင့်ထွက်ပေါ်လာသောခန့်မှန
ငလျင်နောက်ဆက်တွဲသတင်း(၈)-
ယနေ့နံနက်တွင်လှုပ်ခတ်ခဲ့သော အင်အားကြီးငလျင်ကြောင့် ရွှေဘိုမြို့နယ်ရှိ ကျောက်မြောင်းမြို့နှင့် စဥ့်ကူးမြို့ကို ဆက်သွယ်သည့် တည်ဆောက်ဆဲ ဧရာဝတီမြစ်ကူးတံတားဖြစ်သော ရတနာ သိင်္ဃတံတား၏ ချဉ်းကပ်တံတားပြိုကျခဲ့သည့်အတွက
မြေငလျင်နောက်ဆက်တွဲသတင်း(၉)
-
မြေငလျင်လှုပ်ခတ်မှုကြောင့် ဒဏ်ရာရရှိ၍ ဆေးဝါးကု သခံယူနေသူများမှာ ကျောက်မြောင်းမြို့နယ် ဆေး ခန်းတွင် ၁၄ဦး၊ ရွှေဘိုမြို့နယ်ဆေးရုံတွင် ၁၁ဦး၊ စုစုပေါင်း၂၅ဦးရှိနေကြောင်း ကျောက်မြောင်းရောက် 7Day News သတင်းထောက်က သတင်းပေးပို့သည်။ ကနဦးရရှိသော သတင်းများအရ ရတနာသိင်္ဃ တံတားပြို ကျရာမှ တစ်ဦးသေဆုံးပြီး ကျန်ရှိသူများ မှာ ရွှေဘိုမြို့နယ်ဆေးရုံ တွင် ဆေးဝါးကုသမှု ခံယူနေပြီး ၊ ကျောက်မြောင်း မှ ဒေသခံ အမျိုးသမီးတစ်ဦးမှာလည်း အုတ်တံတိုင်း ပိ၍ သေဆုံးခဲ့ သည့် အတွက် လောလော ဆယ် သေဆုံးသူ ၂ဦးရှိပြီဖြစ်ကြောင်း သတင်းပေးပို့သည်။

မြေငလျင်နောက်ဆက်တွဲသတင်း(၁၀)-
ရွှေဘိုဆေးရုံသို့ ဒဏ်ရာရရှိပြီး ရောက်ရှိလာသူ ၁၃ဦးရှိလာပြီဖြစ်ပြီး၊ ရတနာသိင်္ဃတံတားပြိုကျ၍ ဒဏ်ရာရရှိသူများထဲမှ သုံးဦးမှာ ဒဏ်ရာပြင်းထန်၍ မန္တလေးဆေးရုံသို့ ပို့ဆောင်ကုသစေ လျက် ရှိကြောင်း ရွှေဘိုဆေးရုံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ တည်ဆောက် ဆဲအထက်ပါ တံတားပြိုကျမှုေ
မြေငလျင် နောက်ဆက်တွဲသတင်း(၁၁)-
ယနေ့ငလျင်ကြောင့် စဥ့်ကူးမြို့တွင် ရွှေစည်းခုံဘုရားပြိုကျခဲ့သည်ဟု ဒေသခံ ဆန်စက်လုပ်ငန်းလုပ်ကိုင်သူ ကိုတင့်လွင်ကပြောသည်။ ထို့အပြင် ရွှေကူကြီးအ.မ.က စာသင်ကျောင်း တစ် ထပ်ဆောင် ပင်မဆောင် တစ်ခုပြိုကျခဲ့သည်။ ကျောင်းပိတ်ရက်ဖြစ်၍ ထိခိုက်မူမရှိပေ။
"ကျန်တာကတော့အုတ်တံတိုင်းတွေပြိုတယ်။ ထိခိုက်တာတော့ နည်းပါတယ်" ဟု
၎င်းကပြောသည်။
မြေငလျင်သတင်းနောက်ဆက်တွဲ (၁၂)-
ယနေ့ငလျင်ကြောင့် မိုးကုတ်မြို့၊ ကသည်းအုပ်စု၊ ရန်ကြီးအောင်ရပ်ကွက်၊ ဘုံသီတာကျောင်းတိုက် ရှိ ရှေးဟောင်းဘုရားတစ်ဆူ ပြိုကျရာမှ ဘုရား(၃)ဆူပေါ်ထွက်လာခဲ့ သည်ဟု မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဒေါ်နန်းကြည်တောင် အ၀င်ဝမှ စေတီတစ်ဆူ ထီးတော်အောက်စိုက်သွားခြင်း၊ ကင်းကျေးရွာ၊ ကင်း အ.ထ.က ခွဲကျောင်းမှ ပုလဲဆောင် ကျောင်းနံရံပြိုကျခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး လူ ထိခိုက်မိခြင်း မရှိဟုရဲတပ်ဖွဲ့မှူးရုံးမှတာဝန်
မြေငလျင်သတင်းနောက်ဆက်တွဲ (၁၃)-
မြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အိမ်ခြေ ၂၀ ခန့်ပြိုကျပျက်စီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန် လည် နေရာ ချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ဆက်လက်စာရင်းကောက်ယူနေဆဲ ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
ငလျင်အန္တရာယ်သင့်ရာနေရာများသို့
မြေငလျင်သတင်းနောက်ဆက်တွဲ (၁၄)-
မြေငလျင်ကြောင့် စဥ့်ကူးမြို့နယ်တွင် ၅ ဦးသေဆုံးပြီး၊ ၉ ဦးဒဏ်ရာရရှိကြောင်း မန္တလေးတိုင်း ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မြေငလျင်ဒဏ်ခံရသောမြို့များတွင်
မြေငလျင်သတင်းနောက်ဆက်တွဲ (၁၅)-
မြေငလျင်ဒဏ်ခံခဲ့ရသော ဒေသများသို့ နိုင်ငံတော် ဒုသမ္မတဦးဥာဏ်ထွန်း သွားရောက်ေ နပြီဖြစ် ကြောင်း နိုင် ငံေ တာ် သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ စစ်ကိုင်းပြတ်ရွေ့ကြောပေါ် ရှိ ရွှေဘိုမြို့အနီးယနေ့နံနက် လှုပ်ခတ်ခဲ့သော အင်အားကြီးငလျင်ကြောင့် ရွှေဘို၊ ကျောက်မြောင်း၊ မုံရွာ၊ စစ်ကိုင်း၊ မန္တလေး၊ မိုးကုတ်၊ အမရပူရ၊ စဥ့်ကူး၊ သပိတ်ကျင်း စသောမြို့များ ငလျင်ဒဏ်ခံခဲ့ရသည်။ သဘာ ၀ဘေးအန္တရာယ်ကျရောက်ပြီးနောက်
ကဲ့သို့
သွားရောက်မှုမှာ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာအတွင်း
ပထမဆုံးအကြိမ်ဖြစ်သည်။
သတင်း.... 7Day News
Journal
0 comments:
Post a Comment