Home » » အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်များ အပြောင်းအလဲနှင့် ကျောင်းဝင်ခွင့်

အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်များ အပြောင်းအလဲနှင့် ကျောင်းဝင်ခွင့်


၂ဝ၁၂ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသော ကျောင်းသားများအတွက် တက္ကသိုလ် ဝင်ခွင့်များ စိစစ်ရွေးချယ်လျက်ရှိရာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်များ၏ အမှတ် ကန့်သတ်ချက်များ ထွက်ရှိလာပြီဖြစ်သည်။

ပညာသင်နှစ် တိုးမြှင့်လိုက်ခြင်းနှင့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ၏ ကျောင်းသားလက်ခံမှု လျှော့ချလိုက်ခြင်းသည် ကျောင်းသားနှင့် မိဘအုပ်ထိန်းသူများအပေါ် အပြောင်းအလဲ သက်ရောက်မှု ဖြစ်စေခဲ့သည်။
အထူးသဖြင့် ကျောင်းသားလက်ခံမှုများ လျှော့ချလိုက်ခြင်းကြောင့် ယခင်နှစ်ထက် မြင့်တက်သွားသော တက္ကသိုလ်ဝင်စာမေးပွဲရမှတ် ကန့်သတ်ချက်များသည် နာမည်ကြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များတွင် ဝင်ခွင့်ရရှိလိုသော ကျောင်းသားများ၏ မျှော်လင့်ချက်ကို ထိခိုက်စေခဲ့သည်။

အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်များတွင် ကျောင်းသားလက်ခံမှု လျှော့ချလိုက်ခြင်းကြောင့် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များသို့ ကျောင်းသားအများအပြား ရောက်ရှိသွားမည် ဖြစ်သည်။
ယခုနှစ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်များတွင် ရန်ကုန်နည်းပညာတက္ကသိုလ်သည် အမှတ်ကန့်သတ်ချက် အမြင့်ဆုံးဖြင့်ထိပ်ဆုံးမှ ရပ်တည်နေခဲ့ပြီး ဆေးတက္ကသိုလ်ကလည်း ယခင်နှစ် ထက် အမှတ်ကန့်သတ်ချက် သိသိသာသာ မြင့်တက်သွားခဲ့သည်။
ပညာရေးတက္ကသိုလ်များ၊ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ်များ၊ နိုင်ငံခြားဘာသာတက္ကသိုလ်များ၊ အခြေခံကျန်းမာရေး တက္ကသိုလ်တို့သည် အမှတ်ကန့်သတ်ချက်များ မြင့်တက်ခဲ့ပြီး ဆေးဝါးတက္ကသိုလ်သည် ယခင်နှစ်ထက် အမှတ်အနည်းငယ် လျော့ကျသွားခဲ့သည်။
တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရာတွင် မိမိရရှိခဲ့သော ရမှတ်ကို အခြေခံ၍ ဝင်ခွင့်လျှောက်လွှာတွင် ဖြည့်သွင်းခဲ့သော ဦးစားပေး အစီအစဉ်အတိုင်း ဆုံးဖြတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဦးစားပေး အစီအစဉ်တွင် ထည့်သွင်းဖော်ပြခြင်းမရှိသော တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် အထူးပြုဘာသာရပ် များကို လုံးဝစဉ်းစားမည်မဟုတ်ကြောင်း တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ဖော်ပြထားသည်။
ဝင်ခွင့်လျှောက်လွှာ တင်သွင်းရာတွင် ဦးစားပေးအစီအစဉ်များကို ပြည့်စုံစွာ ဖြည့်စွက်ခဲ့ခြင်းမရှိသော ကျောင်းသားများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်အတွက် ယာယီဆိုင်းငံ့ခံထားရခြင်းများ ရှိနေသည်။
"ဦးစားပေးအစီအစဉ်မှာ အပြည့်မီလို့ အပယ်ခံရတဲ့ ကျောင်းသားတွေရှိနေတယ်။ အဲဒီကျောင်းသား တွေက အဆင့်မြင့်ပညာဦးစီးဌာနမှာ သွားစုံစမ်းပြီးတော့ ပြန်လျှောက်လို့ရနေပါပြီ။ အပယ်ခံထားရတဲ့ ကျောင်းသားတွေ ပြန်လျှောက်ကြဖို့ လိုအပ်ပါတယ်" ဟု တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအတွက် လုပ်အားပေးဆောင်ရွက်ခဲ့သော တက္ကသိုလ်ဆရာတစ်ဦးကပြောသည်။
ကျောင်းသားများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွင် မိမိတို့တက်ရောက်လိုသော အသက် မွေးဝမ်းကျောင်း တက္ကသိုလ်များနှင့် အထူးပြုဘာသာရပ်များကို မိမိတို့ကြိုက်နှစ်သက်သည့် ဦးစားပေး အစီအစဉ်အတိုင်း လျှောက်ထားရန် လမ်းညွှန် ထားသော်လည်း ကျောင်းသား အချို့သည် နံပါတ်စဉ်သုံး လေးခုသာဖြည့်စွက်ခြင်းများ ရှိနေခဲ့သည်။
"အကွက်တွေအများကြီး ပေးထားတယ်ဆိုတာက အများကြီး လျှောက်စေချင်လို့လေ။ ကိုယ်လိုက် လျှောက်တာနဲ့အမှတ်မမီတဲ့ ကျောင်းသားတွေကို အိမ်တိုင်ရာရောက်စာနဲ့ ခေါ်မယ်။ အဲ့လိုပယ်ခံရတဲ့ ကျောင်းသားတွေစာရင်းလည်း ရုံး(အဆင့်မြင့် ပညာဦးစီးဌာန) မှာ ရှိပါတယ်။ အမှတ်မမီလို့ အပယ်ခံထားရတယ်၊ အမှတ်မီတဲ့ကျောင်းကို ကြိုက်တာလျှောက်ဆိုပြီး ပြန်လျှောက်ရတာပေါ့" တက္ကသိုလ် ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစား အရာရှိတစ်ဦးက ပြောသည်။
ကျောင်းသားများအနေဖြင့် မိမိတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ၌ ဦးစားပေး အစီအစဉ်ဖော်ပြရာတွင် နံပါတ်စဉ် အနည်းငယ်ကိုသာ ဖော်ပြမိပြီး မိမိဖြည့်စွက်ထားသော အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များကို တက်ရောက်ရန် အမှတ်မပြည့်မီပါက တက္ကသိုလ်ဝင်ခွင့် ပြန်လည်လျှောက်ထားရန် လိုအပ်နေခြင်းဖြစ်သည်။
ယင်းကဲ့သို့ မိမိလျှောက်ထားသော အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တက်ရောက်ရန် အမှတ် မပြည့်မီသော ကျောင်းသားများသည် အဆင့်မြင့်ပညာဦးစီးဌာနသို့ ဆက်သွယ်၍ မိမိရမှတ်နှင့် ကိုက်ညီသော တက္ကသိုလ်များသို့ အချိန်မီပြန်လည်လျှောက်ထားကြရမည် ဖြစ်သည်။
"တက္ကသိုလ်ဝင်ခွင့် ခတ္တဆိုင်းငံ့ခံထားရတဲ့ ကျောင်းသားတွေဆီကို စာပို့တယ်။ တယ်လီဖုန်းလည်း ဆက်တယ်။ မြန်မြန် သွားပြန်လျှောက်နိုင်ရန် ပိုကောင်းတယ်။ တခြားအသက်မွေးဝမ်းကျောင်း တက္ကသိုလ်တစ်ခုမှာ နေရာရှိသေးတယ်ဆို ပြန်တတ်လို့ရတာပေါ့။ တက္ကသိုလ်ဝင်ခွင့် ပြန်မလျှောက် ဖြစ်ဖူးဆိုရင်တော့ နောက်နှစ်တွေမှာ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေမှာ တက်ခွင့် မရှိတော့ဘူး။ အဝေးသင်တက္ကသိုလ်ပဲ တက်ခွင့်ရှိတော့မယ်" ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ဦးစားပေးပြည့်စုံစွာ ဖော်ပြလျှောက်ထားခြင်း မရှိသဖြင့် ပယ်ခံရသူများသည် အသနားခံလျှောက်ထား ရမည်ဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က နေရာကျန်ရှိလျှင် စဉ်းစားပေးမည် ဖြစ်ကြောင်း တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ဖော်ပြထားသည်။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်တစ်ခုတွင် ကျောင်းဝင်ခွင့်ရရှိသော ကျောင်းသားများအနေဖြင့် အခြားအသက် မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်တစ်ခုသို့ ပြောင်းရွှေ့လျှောက်ထားလိုပါက ၎င်းတက္ကသိုလ်တွင် နေရာကျန်ရှိပြီး မိမိ အမှတ်ပြည့်မီပါက လျှောက်ထားလျှင် စဉ်းစားပေးမည် ဖြစ်သည်။
ယင်းကဲ့သို့ လျှောက်ထားသောကျောင်းသားသည် မိမိဝင်ခွင့်ရရှိသော အသက်မွေးဝမ်းကျောင်း တက္ကသိုလ်မှတစ်ဆင့် ကျောင်းဖွင့်ပြီး နှစ်ပတ်အတွင်း အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) သို့ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
နာမည်ကြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့၏ တက္ကသိုလ်ဝင်စာမေးပွဲရမှတ် အနိမ့်ဆုံး ကန့်သတ်ချက် 

ကျား
ရန်ကုန်နည်းပညာတက္ကသိုလ်
၅ဝဝ
၅ဝ၎
ဆေးတက္ကသိုလ်များ
၄၉ဝ
၅ဝ၈
ရေကြောင်းပညာတက္ကသိုလ်
၄၈၇
၄၉၇
မန္တလေးနည်းပညာတက္ကသိုလ်
၄၈၅
၄၉၇
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(အင်္ဂလိပ်စာ)
၄၉၂
-
အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်(ရန်ကုန်)
၄၇၃
-
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(ဂျပန်စာ)
၄၆၉
-
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ
၄၆၉
၅ဝ၁
နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)
၄၆၇
၄၇ဝ
ဆေးဝါးတက္ကသိုလ်များ
၄၆၇
-
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်
၄၅၉
-
သူနာပြုတက္ကသိုလ်
၄၅၈
၄၅၇
လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်
၄၅ဝ
-
အခြေခံကျန်းမာရေးတက္ကသိုလ်
၄၄၁
၄၅၈
တိုင်းရင်းဆေးတက္ကသိုလ်
၄၂၃
-
ပညာရေးတက္ကသိုလ်(သိပ္မံဘွဲ့)
၄၅၃
၄၇၆
(ဝိဇ္ဇာ၊သိပ္မံတွဲ)
၄၄ဝ
၄၅၆
(ဝိဇ္ဇာတွဲ)
၎ဝ၂
၄၁၄

7 DAY NEWS JOURNAL


နေထွန်းလင်း



Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG