Home » » ဖတ်ဖြင့်အောင်ဖတ်ကြပါ ။

ဖတ်ဖြင့်အောင်ဖတ်ကြပါ ။



ငြိမ်းချမ်းရေးရအောင် ဆက်ဆက်ဆောင်ရွက်ပြီး ကချင်ပြည်နယ် နဲ့ရှမ်းမြောက်ပိုင်းကို တပြေးညီတိုးတက်လာအောင် ထောက်ပံ့ နိုင်ဘို့ အရေးတကြီး လိုအပ်နေပါတယ်။ ဘာကြောင့်လည်းဆိုတော့...တရုပ် အနောက်တောင်ပိုင်းသားတွေ အတွက် မြန်မာပြည်ဘက်ကနေ ပင်လယ်ထွက်ပေါက် ရသွားရင် တစ်နေ့နေ့ တရုပ်ပြည်ကနေ ခွဲထွက်ကြလိမ့်မယ်။(သူတို့နိုင်ငံပြိုကွဲဖို့က ဒီနိုင်ငံထက် ပိုလွယ်တယ်)။အဲဒီအခါကျရင် ကချင်နဲ့ရှမ်းမြောက် ကို သူ့ဘက်(ဥပမာ-ယူနန်နယ်က)ပါအောင် အခုကတည်းက အကြိုက်ပေးပြီး စည်းရုံးရေး စတင်နေမှာသေချာတယ်။

Bottom of Form
ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်ကိုးရီုးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် ရွေးကောက်ခံထားရသူ ပက်ဂွန်ဟေး
ယခုတလော ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားခရီးစဉ်တွေမှာ တပ်မတော်နဲ့စပ်လျဉ်းပြီး ထူးခြားတဲ့ သံတမန်ရေးရာ စကားလုံးထိုးစစ်များကို မြင်ရ၊ ကြားနေရပါတယ်။ အဲဒါကတော့ တောင်ကိုးရီးယားနိုင်ငံကို သွားရောက်လည်ပတ်ခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် တပ်မတော်နှင့် လက်တွဲ လုပ်ဆောင်သွားမည်ဖြစ်ပြီး သတ္တိရှိသည့် တပ်မတော်သားများ လိုအပ်ကြောင်း၊ တပ်မတော်နှင့်လက်တွဲ ဆောင်ရွက်သွားမယ်လို့ ဆိုခဲ့ပါတယ်။ ဘီဘီစီ ရေဒီယို ၄ ရဲ့ Desert Island Discs ထုတ်လွှင့်တဲ့ ရေဒီယို အစီအစဉ်တစ်ခုမှာ တပ်မတော်ကို ဒေါ်စုက မေတ္တာထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်ဟာ တိုင်းပြည်အပေါ် အင်မတန် ဆိုးဝါးတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ခဲ့ပေမဲ့လည်း ဒီစစ်တပ်ဟာ သူ့ဖခင် တည်ထောင်ခဲ့တဲ့ တပ်မတော်အဖြစ် မှတ်ယူထားဆဲဖြစ်ပြီး စစ်တပ်အနေနဲ့ ပြန်လည် အဖတ်ဆယ်နိုင်လိမ့်မယ်လို့ သူမျှော်လင့်ထားကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့် စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် အယ်ဒီတာအဖွဲ့ အနေနဲ့ ၁၉၈၈ ခုနှစ်ကစပြီး ယနေ့တိုင် အချိန်ကာလအတွင်း တပ်မတော်အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မြင်ခဲ့တဲ့အမြင်များနဲ့ ယနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သံတမန်ရေးရာ စကားလုံးများအပေါ် တပ်မတော်သားများရဲ့ တုန့်ပြန်သံများအား အလျဉ်းသင့်သလို တင်ပြသွားပါမယ်။
၁၉၈၈ ခုနှစ် တပ်မတော်မှ အာဏာသိမ်းပြီးနောက် တပ်မတော်ရဲ့ထိပ်ပိုင်း ဗိုလ်ချုပ်တွေဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အသွင်ပြောင်း (တစည) ကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ NLD နှင့်အပြိုင် အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ကြီးစွာ ထင်မှတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ တပ်မတော်သား အများစုရှိရာ မဂ်လာဒုံမြို့နယ်လို ကိုကိုးကျွန်းမြို့နယ်တွေလိုမှာ NLD သာ အနိုင်ရတဲ့အပြင် စစ်တပ်က လုံးဝ ကြီးစိုးထားတဲ့ ဒဂုံမြို့နယ်ကို NLD ကပင် အရှုံးလို့ တွက်ထားပြီး အရည်အချင်း သာမန်သာရှိတဲ့ ရိုးရိုးဘွဲ့ရ လူငယ်လေး တစ်ယောက်ကို ရွေးကောက်ပွဲ ဝင်ခိုင်းခဲ့လိုက်ရာ သူကလည်း အနိုင်ရရှိသွားလို့ ဗိုလ်ချုပ်များ ထိတ်လန့်တုန်လှုပ် သွားခဲ့ရပါတယ်။ အဲဒီအချိန်က စပြီး စစ်တပ်ခေါင်းဆောင်တွေဟာ NLD ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အား ပစ်မှတ်ထားပြီး စိတ်ဓာတ်စစ်ဆင်ရေး စတင်လုပ်ဆောင် ပါတော့တယ်။ အစိုးရသတင်းစာတွေမှာ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့ PSO ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး ခင်မောင်စိုးက ဒေါ်အောင်ဆန်းစုကြည်ပုံ ကာတွန်းရုပ်ပြောင်များ ရေးဆွဲ၍ ဖော်ပြသလို ကက (ပြည်) မှလည်း စိတ်ဓာတ်စစ်ဆင်ရေး ဆက်တိုက် လုပ်ဆောင်ပါတော့တယ်။ ထိုစဉ်က နဝတ အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးဟာ ကာကွယ်ရေးဝန်ကြီးဌာန ခန်းမဆောင်ကြီးထဲမှာ စစ်ရုံးရှိ အရာရှိ အရာခံများကို ခေါ်ယူပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ စပ်လျဉ်းကာ ဝေဖန်တိုက်ခိုက်တဲ့ စကားမျိုး ပြောဆိုကြောင်း အရာရှိဟောင်း တစ်ယောက်က ဆိုပါတယ်။
http://www.photayokeking.org/images/photos2/guardian.co.uk.jpgဒေါ်စုလွှတ်တော် တက်နေပုံ
“ကျွန်တော်တို့ရုံးက စစ်ရုံးဆိုပေမယ့် ယခင် အမေရိကန် မျက်စိ၊ နား၊ နှာခေါင်း ဆေးရုံကို သိမ်းပိုက်ထားတဲ့ အဆောက်အဦးတွေမှာ ရုံးထိုင်ရတာဗျ။ (S-2) ကြီး ခေါ်တယ်ဆိုလို့ လုပ်လက်စဖိုင်တွဲကို ချပြီး ခန်းမဆောင်ကြီးကို ချီတက်ရတာပေါ့ဗျာ။ သူက ပြောရာမှာ ကုလားမယား (ဒေါ်အောင်ဆန်းစုကြည်ကိုရည်ရွယ်) ဟာ ကိုယ့်အဖေကိုသတ်တဲ့ ကုလားဖြူကို ပြန်ယူလို့ မျိုးချစ်စိတ်မရှိဘူး၊ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ဆယ်စုနှစ်ချီပြီး နေထိုင်ခြင်း မရှိဘဲ နိုင်ငံခြားမှာ နေလာခဲ့တာ ယခုတော့ ဘုမသိ၊ ဘမသိ ခေါင်းဆောင်လုပ်တော့မယ်။ တပ်မတော်ရဲ့ပြိုကွဲရေးကို သူနဲ့ NLD တို့က လုပ်နေတာကွ။ ဗမာ့နိုင်ငံရေးအကြောင်း မပြောနဲ့ တပ်မတော် အကြောင်းလည်း သိမှာမဟုတ်ဘူးလို့ ပစ်ပစ်ခါခါ ပြောတယ်ဗျာ။ နောက်ပြီး သူမဟာ အစိုးရဆန့်ကျင်ရေး ထိပ်တိုက်ရင်ဆိုင်ရေး မတရားပြောတာကိုလည်း မကြိုက်ဘူးလို့ ပြောပါတယ်”
တကယ်တမ်း တပ်မတော် ပြိုကွဲရေးဆိုတာကို သမိုင်းကြောင်း လေ့လာကြည့်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေမှာ မပါပဲ NLD ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးဟောင်း ကြည်မောင်ရဲ့ စကားဖြစ်ကြောင်း သိရပါတယ်။ သူက NLD အနိုင်ရရင် တပ်မတော်မှာရှိတဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အထက်မှာ ရှိတဲ့လူတွေကို မယူဘူး။ သမိုင်းကြောင်းမှာ တာဝန်ရှိတဲ့လူတွေကို နုရင်ဘတ် စစ်ခုံရုံးလိုမျိုးနဲ့ စစ်ဆေးရမယ်လို့ ပြောကြောင်းသိရပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်ကြီးတင်အေးဟာ တပ်မတော်က အာဏာမလွှဲရတဲ့ အကြောင်းရင်း တစ်ချက်ဟာ အဆိုပါ ခြိမ်းခြောက်တဲ့ စကားကြောင့် ဖြစ်တယ်လို့ ၂၀၁၂ ခုနှစ်တုန်းက ဆိုသွားပါတယ်။
ဆက်လက်ပြီး တပ်မတော်သား အရာရှိ အကြပ်တပ်သားများဟာ အထက်ဗိုလ်ချုပ်များရဲ့ သွေးထိုး သွေးခွဲမှုကို နားယောင်မိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ NLD အဖွဲ့အား မဲပေးခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့တပ်မတော်အပေါ် မေတ္တာထားဆဲလို့ ပြောလိုက်တဲ့ အချိန်မှာတော့ တပ်မတော်သား အများစုဟာ ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာသွားတယ်လို့ သိရှိရပါတယ်။ ဒါပေမဲ့ တပ်မတော် အရာရှိကြီး တစ်ဦးကတော့ အောက်ပါအတိုင်း ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်ကို လေလှိုင်းထဲမှာ စကားလုံးတွေ ပစ်သွင်းနေမဲ့အစား နယ်လှည့် ခရီးစဉ်တွေမှာ တပ်မတော်ရဲ့ အခြေခံ တပ်ရင်း ၊ တပ်ဖွဲ့တွေရဲ့ တပ်ရဲဂိတ်တွေမှာ ဖြစ်ဖြစ်၊ ဆေးရုံမှာဖြစ်ဖြစ်၊ ကျောင်းတွေမှာဖြစ်ဖြစ် ခရီးသွားဟန်လွှဲ တပ်မိသားစုများအား တွေ့ဆုံအားပေး ထောက်ပံ့ပေးသင့်တယ်။ အကြပ်တစ်ဦးရဲ့ ကလေးကို သကြားလုံးပေးရင်ပဲ ဖြစ်ဖြစ် ပါရာစီတမောဆေး ပေးရင်ပဲဖြစ်ဖြစ်၊ ဆန်တစ်အိတ် ပေးရင်ဖြစ်ဖြစ် အဲဒီဖြစ်စဉ်ကို အင်တာနက် မီဒီယာမှာ တင်လိုက်ရင် တပ်မတော် တစ်ခုလုံး တုန်ခါသွားမှာ သေချာတယ်ဗျ။”
အပိုင်း (၂) ကို နောက်အပတ်မှာ ဆက်လက် တင်ပြသွားပါမယ်။

Bottom of Form
http://www.photayokeking.org/images/photo3/kia-prepare-war-01.jpg.jpg

KIA ရဲ့စခန်းဖြစ်တဲ့ Hka Ya Bum တိုက်ပွဲ ရလဒ်နှင့် စစ်မြေပြင် နောက်ဆုံး အခြေအနေ သတင်းကို KIA နှင့် နီးစပ်သူများ ထံမှ စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်း ပေးပို့လာပါတယ်။ အဆိုပါ စခန်းကို တပ်မတော်မှ ခြေကုပ်ယူထားသော Bum Re Bum ၊ N pnt Bum ၊ Htun Pyen Bum နဲ့ Wai Maw Bum စတဲ့ နေရာ လေးနေရာ စလုံးမှ အမြောက်ကြီးများနှင့် ပိုက်စိပ်တိုက် ပစ်ခတ်ခဲ့ကြောင်း၊ တစ်ရက်ထဲမှာပင် အကြိမ်ပေါင်း ၁၀၀၀ ကျော်ရှိကြောင်း သိရှိရပါတယ်။ အမြောက်များ ပစ်ခတ်ပြီးတဲ့နောက် တပ်မတော်မှ အင်အား ၄၀၀၀ ကျော်ခန့်ဖြင့် ချေမှုန်းရေး ထိုးစစ် ဆင်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲမှာ KIA ရဲ့ ထိခိုက်ကျဆုံးမှု အနေနဲ့ အရာရှိနှစ်ဦး အပါအဝင် စစ်သည် ၃၀ ကျော် ကျဆုံးခဲ့ရကြောင်း၊ KIA မှ စစ်သည် နှစ်ဦးဟာ မိမိကိုယ်ပေါ်မိမိ ဗုံးများ ပတ်ပြီး ရဲရဲဝံ့ဝံ့ အသေခံ တိုက်ပွဲ ဝင်သွားခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ KIA ဘက်က ပြောဆိုသံကတော့ ရန်သူနဲ့ ထိပ်တိုက်တွေ့ ပါက မလိုလားအပ်ပဲ အကျအဆုံး များမှာကို ရှောင်ရှားချင်လို့ ခွာစစ် ဆင်ပေးလိုက်ရပြီး အခွင့်သာပါက တန်ပြန် တိုက်စစ်နှင့် လည်ကောင်း၊ ပျောက်ကြား စစ်နည်းဗျူဟာကို အသုံးပြုပြီး အမှဲ့ချွှေစနစ်ဖြင့် တိုက်ခိုက်မည် ဖြစ်ကြောင့် ပြည်သူလူထုအား အားပေးခဲ့တယ်လို့ ဆိုပါတယ်။ ယခုအခါ KIA လက်ကျန် စခန်းများ အနေနဲ့ Laisin Bum အပါအဝင် အမည်နာမ မပေးထားတဲ့ စခန်းများ ရှိသေးကြောင်း၊ တစ်ချို့စခန်းများမှာ တရုတ်နယ်စပ်နှင့် ခွထိုင်ထားကြောင့် တပ်မတော်မှ လက်နက်ကြီး ပစ်ရင် ပြဿနာ တက်လာနိုင်တာမို့ ဆက်လက် မတိုက်နိုင်တော့ကြောင်း၊ ၂၈-၂၉ ရက်နေ့ နှစ်ရက်လုံးမှာတော့ ထူးခြားစွာ စစ်မြေပြင်မှာ တိတ်ဆိတ်နေကြောင်း သတင်းများ ရရှိပါတယ်။
မတော်က KIA စစ်ဆင်ရေး စီမံချက်နဲ့ ငြိမ်းချမ်းရေး ကော်မတီက ဆွေးနွေးပွဲများ တပြိုင်နက် ဆောင်ရွက်လျှက်ရှိ
·         

·         KIA စစ်သည်ရဲဘော်များ
·         တပ်မတော်မှ ကစထမှူး/ တိုင်းမှူး/ တပ်မမှူးများ တက်ရောက်ကြတဲ့ ကက(ကြည်း) လေးလပတ် အစည်းအဝေးမှာ တပ်မတော်နဲ့ KIA တိုက်ပွဲများအပေါ် ခြုံငုံသုံးသပ် ခဲ့ကြ သလို KIA အား စစ်ဆင်ရေး စီမံချက်နဲ့ စပ်လျဉ်းပြီး သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း လည်း စစ်ရုံးနဲ့ နီးစပ်သူများထံမှ သတင်း ရရှိပါတယ်။
·         ကျင်းပပြီးစီးခဲ့တဲ့ လေးလပတ် အစည်းအဝေးမှာ ကစထမှူး ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက KIA နဲ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် စပ်လျဉ်းပြီး သုံးသပ်ချက် အစီရင်ခံစာ တင်ပြခဲ့တယ် လို့ ဆိုပါတယ်။ တိုင်းမှူး/ တပ်မမှူး အချို့က မြန်မာနှင့်တရုတ် နယ်စပ် တည်ငြိမ်ရေး ရှိဖို့ရန် စစ်ရေး မဟာဗျူဟာအရ KIA ရဲ့ အဓိက အခြေပြုရာ လိုင်ဇာအား သိမ်းပိုက်ဖို့ မလွှဲမသွေ လိုအပ်တယ်လို့ တင်ပြကြပါတယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဧရိယာအ တွင်း တပ်မ (၃၃) ဟာ မြစ်ကြီးနား ပူတာအို လမ်းကြောင်း တလျှောက် တာဝန်ယူထား ပါတယ်။ တပ်မ (၈၈)၊ (၁၀၁)၊ စကခ (၃)၊ (၂၁) နဲ့ တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တိုင်းတပ်တွေဟာ KIA စစ်ကြောင်းများနှင့် လက်ရှိ စစ်ရေး ချိန်ခွင်ညှာ သဘောအရ အသာစီး ရယူထားပြီးသား ဖြစ်နေလို့ လိုင်ဇာကို သိမ်းပိုက်ဖို့ အသင့်တော်ဆုံး အချိန် ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။
·         လိုင်ဇာမြို့ရဲ့ အဓိက ၀င်ပေါက်ဖြစ်တဲ့ ပွိုင့် (၇၇၁) တောင်ကုန်း စခန်းအား သိမ်းပိုက်ပြီးဖြစ် တဲ့အပြင် စစ်နည်းဗျူဟာအရ အချက်အချာမြေဖြစ်တဲ့ အမြင့်ဆုံး Hka Ya Bum တောင်ကုန်း စခန်းအား ဆက်လက် သိမ်းယူပြီး ဖြစ်နေတာမို့ လိုင်ဇာနဲ့ လက်တကမ်း အလိုကို ရောက်ရှိ နေကြပြီလို့ ဆိုကြပါတယ်။ စစ်မဟာဗျူဟာ သဘောအရ စခန်းဌာနချုပ် သို့မ ဟုတ် မြို့ကို သိမ်းမှ အောင်မြင်မှု ပန်းတိုင်ရောက်တယ်လို့ ယူဆကြသလို ထိပ်ပိုင်းက ဗိုလ်ချုပ်တွေရဲ့ ကြံဖန်ဂုဏ်ယူတတ်တဲ့ ဗီဇအရ ပန်ဆိုင်းကြူကုတ် မြို့သိမ်းတိုက်ပွဲ များ နှင့် မာနယ်ပလော ဌာနချုပ်များကို တပ်မတော်က သိမ်းပိုက်ခဲ့စဉ်က ထိပ်ပိုင်းက ဗိုလ် ချုပ်များ တကူးတက အောင်မြေသွားနင်းတဲ့ အစဉ်အလာလည်း ရှိခဲ့ပါတယ်။
·         http://www.photayokeking.org/images/photo3/lai%20za.jpgလိုင်ဇာမြို့
·         ဒါ့အပြင် ရှေ့တန်း တပ်မမှူး/ ဗျူဟာမှူးများ အနေဖြင့် လက်ရှိနေရာများမှ လိုင်ဇာအား ခြိမ်းခြောက် နေတာထက် အနည်းငယ်မျှ ရှေ့တိုးတိုက်ခိုက် လိုက်ပါက အလွယ်တကူ သိမ်းပိုက် လိုက်နိုင်မည့် အခြေအနေကို လက်လွတ်ခံချင်ပုံ မရကြကြောင်း သိရှိရပါ တယ်။ အပစ်အခတ် ရပ်စဲရေး မလုပ်ချင်တဲ့ KIA အား လိုင်ဇာကို သိမ်းပိုက် လိုက်ခြင်း ဖြင့်သာ အလဲထိုး အနိုင်ယူမယ်လို့ ယူဆလျှက် ရှိနေပါတယ်။ ရှေ့တန်းတွင် စစ်ပန်းနေ ကြတဲ့ တစ်နှစ်ကျော် တာဝန်ထမ်းဆောင် နေရသော တပ်မ (၈၈) တပ်မမျိုးကို အလှည့်ကျ အနားပေးဖို့ ရှိနေရာ နယ်မြေ ကျွမ်းကျင်သော ထိုတပ်မဟောင်းများ ရှိတုန်း ဆက်လက် တိုက်ခိုက်နေချင် ကြပါတယ်။ တကယ်တမ်း KIO ဌာနချုပ်ဟာလည်း လိုင်ဇာမြို့တွင် အခြေစိုက်ရန် မသင့်တော်တော့ပဲ စစ်နည်းဗျူဟာအရ ပြောင်းရွေ့ရမည့် အခြေအနေတွေ ရှိနေပါတယ်။
·          
 ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေး ဆွေးနွေးရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကေအိုင်အို၊ ကေအိုင်အေဘက်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ပါဝင်သော ကိုယ်စားလှယ် အဖွဲ့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ယနေ့ နံနက် ၉နာရီ မှ စတင်ကာ Jing Cheng ဟိုတယ်တွင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးနေကြစဉ် (ဓာတ်ပုံ - 7 Days News)
·         ဒါပေမဲ့ အစိုးရနဲ့ တပ်မတော်တို့မှ တရားဝင် ထုတ်ပြန်ချက်များအရ တဖက်သတ် အပစ် အခတ် ရပ်စဲရေးအပြင် လိုင်ဇာကိုသိမ်းမည် မဟုတ်ကြောင်း ထပ်ခါတလဲလဲ ပြောဆို ထားပါတယ်။ လောလောဆယ် နိုင်ငံရေး အခင်းအကျင်းအပေါ် စောင့်ကြည့်ရမည့် သဘော ဆွေးနွေး ကြပါတယ်။ ဆွေးနွေးပွဲ မတိုင်ခင်မှာဖြစ်ဖြစ်၊ ဆွေးနွေးပွဲ ကျင်းပပြီးစီးချိန်မှာ ဖြစ်ဖြစ်၊ နိုင်ငံရေးအရ မပြေလည်လို့ အခွင့်အခါ ပေးတဲ့အခြေအနေမျိုး ဖန်တီးလာခဲ့ရင် လိုင်ဇာ ကို အချိန်မရွေး တက်သိမ်းမယ့် အခြေအနေမျိုး ရှိရန် ပြင်ဆင်ထား နိုင်ကြောင်း စစ်ဖက် နီးစပ်သူများက ခန့်မှန်း နေကြပါတယ်။
·         ကေအိုင်အို/ ကေအိုင်အေ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဦးဆမ်လွတ်ဂမ်၊ ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး (အလယ်) နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ကို တရုတ်နိုင်ငံ ရွှေလီမြို့ ဆွေးနွေးပွဲတွင် အတူတကွ တွေ့ရစဉ်။ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ဦးဆွမ်လွတ်ဂမ်နဲ့ ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ KIO၊ KIA အဖွဲ့ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့၌ ယနေ့ဖေဖေါ်ဝါရီလ ၄ ရက်နေ့ မှာပင် ဆွေးနွေးကြကြောင်း သတင်း ၀င်လာပါတယ်။ စစ်ဖက်နီးစပ်သူများက သုံးသပ် ကြရာမှာ တရုတ်နိုင်ငံ အနေနဲ့ နိုင်ငံရေးအရ အမြတ်ထုတ်လိုလို့ ဖိအားပေး လာတာဖြစ် ပြီး ဆွေးနွေးပွဲ ကျင်းပဖြစ်တာကို လူတိုင်းက အံ့သြနေကြကြောင်း၊ အရင်ဆွေးနွေးပွဲများ နဲ့မတူဘဲ ထူးခြားချက်တွေကတော့ တရုတ်နိုင်ငံမှ သံအမတ်ကြီးအဆင့် ပါဝင်လာသလို KNU ဥက္ကဌနဲ့အဖွဲ့၊ RCSS/ SSA အဖွဲ့တို့အပြင် ဦးဟန်ညောင်ဝေတို့ ပါလာကြောင်း၊ အကြိုဆွေးနွေးပွဲနဲ့ အလွတ်သဘော ဆွေးနွေးပွဲလို့ ဆိုနိုင်ကြောင်း၊ KIA မှ ဗိုလ်ချုပ် ဂွမ် မော် ပါလာသော်လည်း တပ်မတော်မှ ကစထမှူး ဒုဗိုလ်ချုပ်ကြီးမြင့်စိုး တက်ရောက် လာခြင်း မရှိသည်မှာ ထူးခြားကြောင်း သုံးသပ်ကြပါတယ်။
·         ယခုတလော မြန်မာ့နိုင်ငံရေးနဲ့ စစ်ရေး အခင်းအကျင်းမှာ အချိန်နာရီနှင့်အမျှ ဒီရေ အလား ပြောင်းလဲမှု မြန်ဆန်နေကြောင်း၊ စစ်ဖက်နီးစပ်သူများ ခန့်မှန်းသည်မှာ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနေချိန်မှာ တပ်မတော်က ရှေ့တန်း စစ်ကြောင်းနဲ့ စခန်းများထံ ရိက္ခာနဲ့ လက်နက်ခဲယမ်းများ ပို့ဆောင် ဖြည့်တင်းခြင်း၊တောင်းကုန်း စခန်းများအား ခံစစ်စခန်းအဖြစ် အခိုင်အမာ တည်ဆောက်ခြင်း၊ အနားပေးလိုသည့် တပ်မများ လဲလှယ်ခြင်း၊ ပဋိပက္ခ ဖြစ်ပွါးသော နေရာများကို လေ့လာစောင့်ကြည့် စီစစ်ရေးစနစ်အတွက် ကြိုတင်ပြင်ဆင်ခြင်း စတာ တွေကို ပြုလုပ်မည်ဖြစ်ကြောင်း သတင်းပေးပို့သွားပါတယ်။
တိုင်းမှူး/ တပ်မမှူး လေးလပတ် အစည်းအဝေး ပြုလုပ်ခဲ့တုန်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စင်္ကာပူနှင့် မလေးရှား နိုင်ငံခြား ခရီးစဉ် ရှိ၍ လွှတ်တော်မှ တိုက်ပွဲ အခြေအနေအား တောင်းဆိုလာမည့် အသံနှင့် ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး တပ်အသစ် ထပ်ထည့်ခြင်း၊ တပ်လဲလှယ်ခြင်း ဆက်လက် ပြုလုပ်သွားရန် မှတ်ချက်ပေးခဲ့ကြောင်း စစ်ရုံးနဲ့ နီးစပ်သူများက သတင်းပေးပို့လာပါသည်။ KIA နှင့် တပ်မတော် ရင်ဆိုင် တိုက်ပွဲများတွင် စစ်မျက်နှာ အခင်းအကျဉ်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(၁) ကချင်ပြည်နယ် အိမ်ရှင်တပ်မများဖြစ်သော မိုးကောင်းအခြေစိုက် အမှတ် (၃) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ဗန်းမော်အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းလက်အောက်ရှိ တပ်ရင်း ၄၆ ရင်းအပြင် စစ်ကိုင်း -ရွာထောင် အခြေစိုက် အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ်၊ မကွေးတိုင်းဒေသကြီး မကွေး အခြေစိုက် အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ်၊ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာအခြေစိုက် အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်၊ မကွေးတိုင်းဒေသကြီး ပခုက္ကူအခြေစိုက် အမှတ် (၁ဝ၁) ခြေမြန်တပ်မ ဌာနချုပ်များနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းလက်အောက်ခံ တပ်ရင်း ၁ဝ ရင်း (ဖားကန့်ဒေသ စိုးမိုး လှုပ်ရှားနေသည်။) အပါအဝင် ခြေလျင်ခြေမြန်တပ်ရင်း စုစုပေါင်း ၉၆ ရင်းဖြင့် ကေအိုင်အေအား ထိုးစစ်ဆင်တိုက်ခိုက်နေလျက်သည်။ မြစ်ကြီးနား လေတပ်စခန်း ဌာနချုပ်မှ တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ကုန်းကြောင်း၊ လေကြောင်းမှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည့် အပြင် အမြောက်တပ်မ ဌာနချုပ်များမှလည်း ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်ကြီးများနှင့် ၁၂၀ မမ စိန်ပြောင်းကြီးများ တို့ဖြင့် ပိုက်စပ်တိုက် ပစ်ခတ်လျက် ရှိပါသည်။

(၂) မြန်မာနိုင်ငံ အခြား စစ်မျက်နှာများရှိ တပ်ဖြန့်ထားသော အခင်းအကျဉ်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
  • (က) အိန္ဒိယနယ်စပ်တလျှောက် ပြည်ပရန်ကာကွယ်ရန် အရန်တပ်မအင်အား မထားဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖြတ်တောက် ပိတ်ဆို့စစ်ဆင်ရန် စကခ (၁ဝ) ကို ကိုးကန့် - လောက်ကိုင်ဒေသသို့ စေလွှတ် ပို့ဆောင်ထားသည်။ မြန်မာပြည် အလယ်ပိုင်း ဧရာဝတီနှင့် ချင်းတွင်း တကြောအထိ အရန်တပ်မ မရှိ ဖြစ်နေသည်။
  • (ခ) ရန်ကုန်တိုင်းဒေသကြီးအတွင်း အရန်တပ်မ အဖြစ်ထားလေ့ရှိသော တမခ (၁၁) အား အရန်တပ်မ အဖြစ်မထားနိုင်တော့ဘဲ ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေး တာဝန် ထမ်းဆောင်နေသည့် တမခ (၆၆) ဖြင့် လဲလှယ်ရန် စီစဉ်နေသည်။
  • (ဂ) ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးဝင်နေသည့် တမခ (၇၇) နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်ဒေသအတွင်း စစ်ဆင်ရေး ဝင်နေသည့် စကခ (၁ဝ) အား အနားပေး လဲလှယ်အစားထိုးရန် အရန် တပ်မ မရှိ ဖြစ်နေသည်။
(၃) ကချင်ပြည်နယ် စစ်ဆင်ရေးသို့ အစားထိုး လဲလှယ်နိုင်သော တပ်မများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
  • (က) ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီအရေးအခင်း တည်ငြိမ်မှုမရှိသေးသော်လည်း အရန် တပ်မမရှိ၍ ကျောက်တော် အခြေစိုက် စကခ (၉) အား ကချင်ပြည်နယ် စစ်ဆင်ရေးသို့ စေလွှတ်ရန် ပြင်ဆင်နေသည်။
  • (ခ) ကယားပြည်နယ်တွင် ရှိနေတဲ့ တပ်မ (၅၅) နှင့် စကခ (၇) တပ်မ (၂) ခု ရှိရာ မူလက တပ်မ (၅၅) ကို ကချင်ပြည်နယ် ထွက်ဖို့ လျာထားရာမှ စကခ (၇) ပြောင်းလဲပြီး ကချင် - ဖားကန့် ဒေသသို့ စေလွှတ်လိုက်ပြီး ဖြစ်သည်။
  • (ဂ) ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော တမခ (၈၈) သည် တနှစ်ကျော်နေပြီး တမခ (၉၉) သည် နှစ်နှစ်ရှိနေသော်လည်း အနားပေး အစားထိုး လဲလှယ်ရန် အရန်တပ်မ မရှိဖြစ်နေသည်။
ကချင် ပြည်
(၄) မပခ တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်မှ တပ်မ (၈၈) အား KIA စခန်းကုန်းများ သတ်မှတ်ပြီး ၄င်းစခန်းများ ရမှ တပ်မ (၁၀၁) နှင့် လဲလှယ်ပေးပြီး နောက်တန်း မကွေးကို ပြန်ခိုင်းမည်ဟု ပြောသောကြောင့် တပ်မ (၈၈) မှာ ထိခိုက်ဒဏ်ရာ အကျအဆုံး များစွာဖြင့် စစ်တိုက် နေရကြောင်း သိရှိရပါသည်။
(၅) တပ်မ (၉၉) သည်လည်း စစ်ဆင်ရေး ထွက်နေသည်မှာ (၂) နှစ်နီးပါး ရှိသော်လည်း တခြား တပ်မများနှင့် မတူဘဲ (၂) ဗျူဟာ စစ်ဆင်ရေး ၀င်ပြီး (၁) ဗျူဟာ နားသည့် စနစ် ကျင့်သုံးနေပါသည်။ တပ်မ (၉၉) သည် မူလကတည်းက အကြံအဖန် ဂွင်ကောင်းသည့် ပုံသေ စစ်ဆင်ရေး နေရာကို ရထားသည့် အားလျော်စွာ အခြား တပ်မများက အသေအကြေ တိုက်နေသော်လည်း တန်းတူ အခွင့်အရေး မရသည့်အပေါ် ကျေနပ်မှု မရှိကြကြောင်း သိရှိရပါသည်။
(၆) စစ်ဆင်ရေး (၁) နှစ်ပြည့် ပြီးသော တပ်မများ အောက်ပါအတိုင်း ဖြစ်ပါသည် -
  • (က) တမခ (၄၄)/ (၆၆)/ (၇၇) - ကရင်ပြည်နယ် (ခ) တမခ (၈၈)/ (၉၉) - ကချင်ပြည်နယ် (ဂ) စကခ (၁၀) - ရှမ်းမြောက် ကိုးကန့်ဒေသ
(၇) အရံ ရှိနေသော တပ်မများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
  • (က) စကခ (၆) (နေပြည်တော် အရံ မသုံးပါ)
  • (ခ) တမခ (၁၁) (ရန်ကုန်တိုင်း အရံ - ဖြစ်သော်လည်း စစ်ဆင်ရေး သွားရန် အသင့် အနေအထားဖြင့် အမိန့်စောင့်နေရပါသည်။ ရခိုင်ပြည်နယ်သို့ စေလွှတ်ထားသော တပ်မ ဆေးအဖွဲ့ များကိုလည်း ပြန်လည် ခေါ်ယူထားပြီး တပ်အားလုံးအသင့် ပြုလုပ်ရန် ညွှန်ကြားထားပါ သည်။)
  • (ဂ) ရခိုင်ပြည်တွင် မြို့တွင်း လုံခြုံရေး - စကခ (၅)၊ ဖြစ်ပြီး စကခ (၉) / (၁၅) တို့သည် နယ်စပ် ဘင်္ဂလားဒေ့ရှ် လုံခြုံရေး ယူထားသော်လည်း ၄င်းတို့အထဲမှ စကခ (၁) ခုအား ဆွဲထုတ်ကာ စစ်ဆင်ရေး သွားခိုင်းမည်ဟု သိရပါသည်။
  • (ဃ) တမခ (၂၂) ဘားအံတွင် အသင့်ရှိ။
(၈) တပ်မ (၆၆) နှင့် (၇၇) တို့ လစာပေးအဖွဲ့ ရှေ့တန်းသို့ တက်သွားကြောင်း ထပ်မံ သိရသဖြင့် ၂၀၁၃ ဇန်န၀ါရီလ အတွင်း နောက်တန်းသို့ ပြန်လည် အနားယူရန် မဖြစ်နိုင်တော့ကြောင်း စစ်ရေး လေ့လာသူများက သုံးသပ် ပါသည်။
(၉) ပုံမှန် အနေအထားအရ ဆိုလျှင် တမခ (၁၁) (၂၂) နှင့် စကခ (၉) တို့သည် ကရင်ပြည်နယ်ထဲရှိ တမခ (၄၄) (၆၆) (၇၇) တို့အား လဲလှယ်ရမည် ဖြစ်သော်လည်း ယခုအထိ စစ်ဆင်ရေး အမိန့်မလာဘဲ Stand By သာ ထားသောကြောင့် လိုအပ်လျှင် ကရင်ပြည်နယ်သို့ မသွားနိုင်ဘဲ ကချင်ပြည်နယ် KIA စစ်မျက်နှာသို့ စေလွှတ်ရန် ရည်ရွယ်သည်ဟု ယူဆရပါသည်။
(၁၀) သို့သော်လည်း ကရင်ပြည်နယ်ရှိ တပ်မ (၃) ခုမှာလည်း (၁) နှစ် ပြည့်၍ လဲလှယ်ရမည် ဖြစ်ရာ ကချင်သို့ ကြားဖြတ်ခိုင်းရန် တပ်ချုပ်အနေဖြင့် အခက်အခဲ ဖြစ်နိုင်သည်ဟု ယူဆပါသည်။
(၁၁) ထွက်ပေါက်တခု ရှိနိုင်သည်မှာ ရှမ်းမြောက်မှ စကခ (၁၆) မှ တပ်များမှ ထုတ်နှုတ်ပြီး ကချင်သို့လည်း စေလွှတ်ရနိုင် သည်ဟု ယူဆပါသည်။ ထို့အပြင် တချို့ ဒကစများမှာ တပ်မအသွင် စစ်ဆင်ရေး လှုပ်ရှားခဲ့ဖူးသဖြင့် နယ်မြေ အေးချမ်းတည်ငြိမ်ပါက နီးစပ်ရာ တပ်မ ဌာနချုပ်များနှင့် ဧရိယာ ပြောင်းလဲခြင်းသော်လည်းကောင်း၊ တိုက်ရိုက် ကချင်ပြည်နယ်သို့ လည်းကောင်း စေလွှတ်နိုင်သည်ဟု ယူဆပါသည်။
(၁၂) စကခ (၁၀) အား လဲရန် တပ်မအား စီစစ် ဖေါ်ထုတ်ဆဲ ဖြစ်ပါသည်။
(၁၃) ကရင်ပြည်နယ် ဖာပွန် စစ်ဆင်ရေးမှ ကျွံဝင်လာသော တမခ (၄၄) ၏ ရိက္ခာများအား KNU မှ ဖျက်ဆီးထားနိုင်သဖြင့် ၄င်းတို့သည် ကရင်ပြည်နယ်ရှိ တပ်မများကို ထုတ်နှုတ်ပြီး ကချင်သို့ စေခိုင်းရန် မဖြစ်နိုင်တော့ကြောင်း သုံးသပ်ပါသည်။
http://www.photayokeking.org/images/photo3/dsc_0473.jpgတရုတ် ပြည်သူ့ သမ္မတ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး Madam Fu Ying ဦးဆောင်သော အထူး ကိုယ်စားလှယ်အဖွဲ့အား သမ္မတ ဦးသိန်းစိန်မှ လက်ခံ တွေ့ဆုံ (ဓာတ်ပုံ - သမ္မတရုံး ၀က်ဘ်ဆိုဒ်)
(၁၄) တပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီ မင်းအောင်လှိုင် အနေဖြင့် တပ်မတော်၏ မူဝါဒ သဖွယ် ဖြစ်သော တပ်မများကို (၁) နှစ်ကျော်သည်အထိ တာဝန်ပေး ခိုင်းစေခြင်း မပြုရ ဟူသော ညွှန်ကြားချက်ကို သွေဖီပြီး မျက်စိမှိတ် ခိုင်းနေသည့် သဘော ဖြစ်နေပါသည်။ ကချင် ပြည်နယ် တွင် KIA နှင့် ဖြစ်ပွားနေသည့် စစ်ဆင်ရေး ကနဦးပိုင်းမှာ တပ်မတော်မှ ဦးကျိုးနေသဖြင့် ဂုဏ်သိက္ခာကျဆင်းလျက် ရှိရာ ယခုအခါ လေတပ် အမြောက်တပ် အင်အားများကိုပါ သုံးစွဲပြီး ကျားနာခဲလျက် ရှိပါသည်။ သို့ရာတွင် လွှတ်တော်မှ ပြင်းထန်သည့် တောင်းဆိုချက်/ လေသံများ ပေါ်ထွက်လာသကဲ့သို့ တရုတ်နိုင်ငံမှလည်း သံတမန် အသုံးအနှုန်း မောက်မာသည့် စကားလုံးများ မကြုံစဖူး ထွက်ပေါ်လာပါသည်။ အထူးသဖြင့် တရုတ် နယ်စပ်ထဲသို့ အမြောက်ကျည်များ ကျရောက်နေခြင်းနှင့် KIA နှင့် အမျိုးအနွယ် နီးစပ်သည့် ယူနန်ပြည်နယ်မှ တရုတ်လူမျိုးများ၏ အကျိုးစီးပွား ထိခိုက်နေခြင်းအပေါ် တရုတ်အစိုးရက ဒေါသတကြီး ဖြစ်နေပုံ ရပါသည်။ မကြာသေးခင်က အထူးသံတမန် တရုတ် ဒုနိုင်ငံခြားရေး ၀န်ကြီး သမ္မတ ဦးသိန်းစိန် သို့ လာရောက် တွေ့ဆုံခဲ့သည့်အပေါ် သမ္မတနှင့် တပ်ချုပ် မျက်နှာပျက်ရမည့် အနေအထားမျိုး ကြုံတွေ့နိုင်ပါသည်။ ပိုပြီး ဆိုးဝါးသည်မှာ လိုင်ဇာမြို့ထဲသို့ အမြောက်ကျည်ကျ၍ အရပ်သားများ သေဆုံးခြင်းအပေါ် နိုင်ငံတကာမှ ကန့်ကွက်သည့် လေသံများ ထွက်ပေါ်လာပါသည်။ အစိုးရမှ တရားဝင် အပစ်ရပ်ခိုင်းသည့်အပေါ် တပ်မတော်မှ ဆက်လက် တိုက်ခိုက်နေခြင်းသည်လည်း သမ္မတ အမိန့်အပေါ် တပ်ချုပ်က အပြည့်အ၀ လေးစား လိုက်နာခြင်း မရှိသည့် အသွင်သဏ္ဍာန် မျိုး ပေါ်ထွက်နေပါသည်။ ထို့ကြောင့် တပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် လွှတ်တော်နှင့် သမ္မတတို့၏ ငြိုငြင်ခြင်းကို ခံရဖွယ် ရှိပြီး ထွက်ပေါက်အနေဖြင့် KIA ကသာ ဇန်န၀ါရီလတွင် ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာမှသာ ရှိနိုင်ကြောင်း၊ KIO သည် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တစ်ဖွဲ့ တည်းမဆွေးနွေးဘဲ UNFC ဆုံးဖြတ်ချက် အတိုင်း UNFC တွင်သာ ဆွေးနွေးလိုကြောင်း ပြန်ကြားချက်သည် ကာချုပ် မင်းအောင်လှိုင်အတွက် အခက် တွေ့စေကြောင်း စစ်ဘက်နီးစပ်သူများက လေ့လာ သုံးသပ် တင်ပြ သွားပါသည်။

Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG