Home » » မဏိပူရ သူပုန်အဖွဲ့မှ ၄၅ ဦးပါ အုပ်စုတစု ပြည်တော်ပြန်

မဏိပူရ သူပုန်အဖွဲ့မှ ၄၅ ဦးပါ အုပ်စုတစု ပြည်တော်ပြန်


တမူးမြို့ နယ်အတွင်း လက်နက်ကိုင် အခြေချ နေထိုင်နေသည့် မဏိပူ သူပုန် အဖွဲ့များထဲမှ The United People's Party of Kangleipak (UPPK) အဖွဲ့သည် အိန္ဒိယ အစိုးရ နှင့် ဆက်သွယ်မှုရယူပြီး မြန်မာ- မဏိပူ နယ်စပ်
ဖြတ်ကျော်ကာ  မိုးရေးမြို့သို့ ပြန်လည် ၀င်ရောက်လာကြောင်း ပြည်နယ်ထုတ် သတင်းစာများမှ သိရသည်။

ထိုအဖွဲ့အား မိုးရေးမြို့သို့ ပြန်လည်ဝင်ရောက်လာနိုင်ရေး မဏိပူပြည်နယ် ခရိုင်ရဲကွန်မန်ဒိုအဖွဲ့က မိုးရေးမြို့မှ
စောင့်ဆိုင်းကူညီ ပေးခဲ့ကြောင်း ပြည်နယ်ထုတ်
သတင်းစာများက ဖော်ပြသည်။

‘အိန္ဒိယ အစိုးရမှ မတရားအသင်း ကြေညာထားသည့် The United People's Party of Kangleipak (UPPK) အဖွဲ့မှ ထိပ်တန်းခေါင်းဆောင် အချို့ အပါအ၀င် အဖွဲ့ဝင် ၄၅ ဦးပါအဖွဲ့သည် မြန်မာ- မဏိပူ နယ်စပ်ကို၏
ကျော်ဖြတ်ရန် ကြိုးစားနေစဉ် နယ်စပ်ဖြတ်ကျော်နိုင်ရေး အတွက် မဏိပူရ ပြည်နယ် ထောက်ဘား (Thoubal) ခရိုင် ရဲကွန်မန်ဒို အဖွဲ့က မိုးရေးမြို့မှ ကူညီ ကယ်ဆယ်ခဲ့သည်’ ဟု ရေးသားထားသည်။

ထိုသူများ၏ ထွက်ဆိုချက်များအရ မဏိပူရ ပြည်နယ် နာဂ တော်လှန်ရေးတပ်ဦး နှင့် အာသံ Katampur လွတ်မြောက်ရေး အဖွဲ့ တို့ နှင့်အတူ တမူးမြို့နယ်ခွဲ လိုင်ဘုတ်(Leipok) အရပ်တွင် စခန်းချနေထိုင်ခဲ့ကြောင်း
ပြည်နယ်ထုတ် သတင်းစာများက ရေးသားသည်။

ထိုအဖွဲ့၏ အမျိုးသမီး ကေဒါ ၄ ဦးနှင့် အတူ ဗိုလ်မှူး ၄ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး တို့ ပါဝင်ပြီး မြန်မာ
ပြည်ဘက်မှ အိန္ဒိယ ဘက်အခြမ်း မိုးရေးမြို့ သို့ တနင်္ဂနေနေ့ မနက် အစောပိုင်းက အိန္ဒိယ ရဲကွန်မန် ဒို အဖွဲ့နှင့် ဆက်သွယ်ကာ တိတ်တဆိတ် ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှင့်အတူ တိုယိုတာ ကားတစီး၊ ကမ်ဘို(Kenbo) မော်တော်ဆိုင်ကယ်တစီး၊ LMG စက်သေနတ် ၁ လက်၊ Heckler Kolhn (HK) ရိုင်ဖယ် ၂ လက်၊ ၉ မမ ပစ္စတို ၁ လက်၊ ဗုံးပစ်လောင်ချာ ၁ လက်၊ လက်ပစ်ဗုံးများ၊ လက်နက်ခဲယမ်းများပါရှိကြောင်း ရေးသားထားသည်။

အိန္ဒိယ အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့ အဆိုအရ “ ယူပီပီကေနှင့် ၂၀၁၂ နိုဝင်ဘာမှစပီးဆွေးနွေးခဲ့မှုများ သည် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကေဒါ ၄၅ ဦး လက်နက်အမျိုးမျိုးနှင့်အတူ ငြိမ်းချမ်းရေးဖြစ်စဉ် အစီအစဉ် အတွင်းပြန်လည်ဝင်ရောက်လာခြင်းဖြင့် အဆုံးသတ်ကန့်လန့်ကာချလိုက်ပြီဖြစ်သည်” ဟု ရေးသားထား သည်။

မဏိပူပြည်နယ်အတွင်း သတင်းစာများသည် သူပုန် ကိစ္စရပ်များနှင့် ပါတ်သက်ပြီး အကြောင်းအမျိုးမျိုးကြောင့်
ကွေ့ဝိုက်ရေးသား ဖော်ပြကြရသည်ဟု ထင်မြင်ကြောင်း ကူကီးအမျိုးသား တပ်မတော် (KNA) က မေဂျာ ပေါလ် က မဇ္စျိမ ကို ထင်မြင်ချက် ပေးသည်။

၎င်းက “ အလင်းဝင်ချင်ရင် လိုင်းအရင်ယူရတယ်။ မတော်တဆ နားလည်မှု လွှဲပြီး အချင်းချင်း ပစ်ကြခတ်ကြမှာ
စိုးလို့လေနော်။ အိန္ဒိယက ကျနော်တို့ မြန်မာနိုင်ငံလို ကြိုဆိုရေးစခန်း တွေ ဘာတွေ မရှိဘူး။ သူတို့ သတင်းအရင်ပို့
မယ်။ သူတို့ ကြားခံလူ တယောက်ယောက်ကနေ လမ်းညွှန် မယ်။ အမှန်ကတော့ လက်နက်ချတာပါပဲ။ လူတွေ လက်နက်နဲ့ ဓါတ်ပုံရိုက်ပြီဆိုရင်တော့ အလင်းဝင်တဲ့ သဘောပါပဲ” ဟု သုံးသပ် ပြောဆိုသည်။

၎င်းတို့အား အိန္ဒိယ အစိုးရ ထိမ်းသိမ်းစောင့်ရှောက်မှုအောက်တွင် ထားရှိပြီး အိန္ဒိယအစိုးရနှင့် စေ့စပ် ဆွေးနွေးရေး စကားဝိုင်းအတွက် ပြင်ဆင်နေပြီး နောက်ဆက်တွဲ သတင်းကို မသိရှိရသေးကြောင်း မဏိပူရ ပြည်နယ်မှ ရှေ့နေ
တဦးမှ မဇ္စျိမကို ပြောသည်။

၎င်းက “ ဒီကိစ္စနဲ့ ပါတ်သက်ပြီး သတင်းစာတွေက အသေး စိတ်ရေးသားတာ မရှိဘူး။ သတင်းဓါတ်ပုံတွေမှာတော့ UPPK အဖွဲ့ဝင်တွေဟာ လက်နက်ကိုယ်စီ ကိုင်ဆောင်ထားတာ တွေ့ရတယ်” ဟု ပြောသည်။

အိန္ဒိယ အစိုးရ အနေဖြင့် ထိုကဲ့သို့ ပြည်တော်ပြန်ဝင်လာသူများကို စားဝတ်နေရေး အဆင်ပြေစေရန် လစာထောက်
ပံ့ကြေး တစုံတရာ ပေးလေ့ရှိကြောင်း မဏိပူရတွင် နေထိုင်သူ အမျိုးသမီး တဦးကလည်း ပြောသည်။

အဆိုပါ အမျိုးသမီးက “တလ မှာ ၃၅၀၀ ရူးပီး ထောက်ပံ့တယ်။ ၂ နှစ်လား၊ သုံးနှစ်လားမသိဘူး။ စားဝတ်နေရေး အဆင်ပြေ အောင် သူတို့ကို တယောက်ကို ၂ သိန်းခွဲ ပေးမယ်” ဟု ပြောဆိုသွားသည်။

PLA, ULFA, UPLF, PREPAK, KCP, KYKL, RPF, UNLF, Manipur Naga Revolutionary Front (MNRF), The Katampur Liberation Organisation, KLO of Assam တို့အပါအဝင် မြန်မာပိုင်နက်ထဲ တွင် အိန္ဒိယလက်နက်
ကိုင်သူပုန် ဆယ်ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်ကြကြောင်း သတင်းစာများ တွင် ရေးသားကြသည်။

တနင်္ဂနွေနေ့က တမူးမြို့တွင် လက်နက်ငယ်မျိုးစုံ ၉၆ လက်၊ ဗုံးသီးမျိုးစုံ ၆၀ လုံး၊ နင်းမိုင်း ၂၃၊ ကျည်မျိုးစုံ ၇၉၀၇
တောင့်၊ ကျည်အိမ်မျိုးစုံ ၁၉၅ ခု၊ ယမ်းတောင့် ၂၅၁၊ ယမ်းကြိုးခွေ ၄ ခွေ သိမ်းဆည်းရမိကြောင်း ရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာ က ရေးသားထား သည်။

ပြည်ထောင်စု အမျိုးသား လွတ်မြောက်ရေးအဖွဲ့ United National Liberation Front (UNLF)မှ ဗိုလ်မှူးကြီး အဆင့်ရှိသူ ဦးတွန်ဘ နှင့် ဗိုလ်အဆင့်ရှိသူ ကိုမြင့်အောင် တို့မှ အဆိုပါ လက်နက်သေတ္တာ ၁၀လုံးကိုလာရောက် အပ်နှံထားခြင်းဖြစ်သည် ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စာမျက်နှာတွင်ဖော်ပြခဲ့သည်။
Share this article :

1 comments:

Anonymous said...

Videoslots.io, YouTube, Reviews, Ratings & Videoslots.io - Cvt
Videoslots.io is one of the biggest, fastest growing providers of unique content, providing a gaming experience that is truly immersive. download youtube to mp3

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG