Home » » နိုင်ငံခြား သတင်းထောက်များအတွက် ကာလရှည်ဗီဇာများ ထုတ်ပေးတော့မည်၊ သတင်းထောက်များ အနေဖြင့် ခရီးသွားဗီဇာ သို့မဟုတ် အမည်ဝှက်ဖြင့် ဝင်ရောက်လာရန် မလိုတော့

နိုင်ငံခြား သတင်းထောက်များအတွက် ကာလရှည်ဗီဇာများ ထုတ်ပေးတော့မည်၊ သတင်းထောက်များ အနေဖြင့် ခရီးသွားဗီဇာ သို့မဟုတ် အမည်ဝှက်ဖြင့် ဝင်ရောက်လာရန် မလိုတော့



သတင်းစာ လွတ်လပ်ခွင့်ကို ကျယ်ကျယ်ပြန့်ပြန့်ပေးရန် ရည်ရွယ် ၍ စည်းမျဉ်းဥပဒေသစ်များ ပြဋ္ဌာန်းပြီးနောက် တွင် နိုင်ငံခြား သတင်းထောက်များကို ကာလတို၊ ကာလရှည် ဂျာနယ်လစ်ဗီဇာများဖြင့် တစ်နှစ်ကြာ အတိုင်း အတာ အထိ မြန်မာနိုင်ငံတွင် နေထိုင်အလုပ် လုပ်နိုင်ရန် ခွင့်ပြုတော့မည် ဖြစ်ကြောင်း သိရှိရသည်။
စည်းမျဉ်း ဥပဒေသစ်များမှာ ပြည်တွင်း၊ ပြည်ပသတင်းထောက် များကို အစိုးရအရာရှိများနှင့် ထိ တွေ့ခွင့် ပိုမို ရရှိရန် ရည်ရွယ်ခြင်း ဖြစ်ပြီး လာမည့် ဧပြီလ လယ်လောက် တွင် စတင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီး နှင့် သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ဂါးဒီးယန်း သတင်းစာသို့ ပြောကြား ခဲ့သည်။

“အတိတ်ကာလ တုန်းကတော့ အစိုးရက ဂျာနယ်လစ်တွေရဲ့ လှုပ် ရှားမှုတွေကို ထိန်းချုပ်ဖို့ကြိုးစားတဲ့ အနေနဲ့ ဂျာနယ်လစ် ဗီဇာတွေ ထုတ်ပေးခဲ့တာ။ အခုတော့ ဝန်ကြီးဌာနတွေဆီ ဂျာနယ်လစ်တွေ ရောက်နိုင်ဖို့ ကျွန်တော်တို့က ဗီဇာထုတ်ပေးမှာ။ တကယ်လို့ သူက အစိုးရ အရာရှိတစ်ဦးနဲ့ အင်တာဗျူး လုပ်ချင်တယ်။ ဒါပေမယ့် သူ့မှာ ဂျာနယ်လစ် ဗီဇာမရှိရင် သူတွေ့ခွင့် ရနိုင်မှာ မဟုတ်ဘူး” ဟု သူက ဆိုပါသည်။

ဤလုပ်ဆောင်ချက်က သတင်းထောက်များ အနေဖြင့် ခရီးသွားဗီဇာ သို့မဟုတ် အမည်ဝှက်ဖြင့် ဝင်ရောက် လာရန် မလိုတော့ဟု အဓိပ္ပာယ်ရပြီး မြန်မာနိုင်ငံ၏ စာပေဆင်ဆာ ဥပဒေများ အားလုံး မဟုတ်သည့်တိုင် အချို့ကို ဖျက်သိမ်း ကာ နိုင်ငံခြား သတင်းသမား အများစုကို အမည်မည်း စာရင်းမှ ဖယ်ရှားပေးခဲ့ရာမှ ဆက် လက်ပေါ်ပေါက် လာခြင်း ဖြစ်သည်။

ထို့ပြင် အစိုးရအရာရှိများကို သတင်းစာနှင့် ဆက်ဆံတတ်အောင် ရည်ရွယ်၍ ယူနက်စကိုနှင့်ဒေသခံ မီဒီယာများ ကြီးကြပ်သည့် သင်တန်းများလည်း ပို့ချခဲ့ကြောင်း ဦးရဲထွဋ် က ပြောသည်။ “ဟိုတုန်းကတော့ ဂျာနယ်လစ် တော်တော် များများဟာ တိုးရစ်ဗီဇာနဲ့ မြန်မာနိုင်ငံကို ဝင်လာကြတယ်။ အစိုးရ အရာရှိတွေက သူတို့နဲ့ ပြောတဲ့ ဆိုတဲ့ နေရာမှာ အမှားပါသွားရင် သူတို့ အလုပ်ပြုတ်မှာ။ ဒီတော့ သူတို့က အထူးသတိ ထားရတယ်။  တစ်ခါတလေ ဆို နိုင်ငံခြား ဂျာနယ်လစ်တွေနဲ့ စကားပြောရမှာ ဝန်လေးကြတယ်” ဟု သူ က ရှင်းလင်း ပြောပြ သည်။

ယခုအခါ သမ္မတ ဦးသိန်းစိန် ၏ ညွှန်ကြားချက်ဖြင့် ဝန်ကြီးဌာနတိုင်းတွင် မီဒီယာမေးမြန်းမှုများကို ဖြေကြားရန် ကိုယ်ပိုင် ပြောရေးဆိုခွင့် ရှိသူများ ထားရှိသည်ဟု သိရသည်။ မီဒီယာစည်းမျဉ်း ဥပဒေသစ်များအရ ဂျာနယ်လစ် များသည် တရားဝင် အသိအမှတ်ပြုမှု ရရှိရန် CV ဖောင် နှင့် မိမိတို့ သတင်းဌာနမှ ထောက်ခံစာ လိုအပ်မည် ဖြစ်သည်။ ခွင့်ပြုချက် ရရှိပါက ထိုသတင်းထောက်များကို Free Press Card နှင့် မြန်မာနိုင်ငံတွင် လုပ်ငန်း လုပ်ဆောင်မည့် အချိန် ကာလအတွက် ဗီဇာများထုတ်ပေးမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင်း ဝင်ထွက် သွားလာမည့် သတင်းသမား များကို ၃ လမှ ၆ လကြား ကြူအင-နညအမပ ဗီဇာများခွင့်ပြုမည် ဖြစ်ပြီး နိုင်ငံခြား သတင်းဌာန ဖွင့်လှစ်ရန် ရည်ရွယ်သူများကို ၁ နှစ်အထိ ဗီဇာ များ ထုတ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးက  ပြောကြားသည်။ စည်းမျဉ်း ဥပဒေသစ်များ ပြီးစီးလျှင် တိုး ရစ်ဗီဇာဖြင့် မြန်မာနိုင်ငံသို့ ဝင်လာပြီး သတင်း ရေးသား ပေးပို့သူ သတင်း သမားများကို တရားမဝင် သတ်မှတ်မည် ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုပါသည်။ ပြည်တွင်း သတင်းသမား များကိုလည်း ဧပြီလပတ်ဝန်းကျင် တွင် လွတ်လပ်သော စာနယ်ဇင်းကောင်စီမှ စာနယ်ဇင်းကတ်များ ထုတ်ပေးသွားမည်ဟု သူက ဖြည့်စွက် ပြောကြားခဲ့သည်။ အခွင့်အရေး လှုပ်ရှားသူ အဖွဲ့များကမူ ဤသတင်းကို သတိဖြင့် ကြိုဆိုလိုက်ပြီး ဗီဇာကို မည်သည့် အချက်များပေါ်တွင် မူတည် အကဲဖြတ်မည်၊ အစိုးရအပေါ် ဝေဖန် ခွင့်ပြုမည်၊ လွတ်လပ်စွာ သတင်း ရေးသားခွင့် ပြုမည်၊ မပြုမည်ကို မသိ ရသေးကြောင်း သတိပေး ပြောဆိုကြသည်။


Ref: kate Hodal;guardian.co.uk
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG