တပ်မတော်ရဲ့ ရှေးရိုးအစဉ်အလာနဲ့ အစွဲအလန်း ကြီးမားမှု ဖြစ်စဉ်များ -
ဆောင်းပါးရှင် - ဗိုလ်ထက်မင်း
ကိုယ့်အချင်းချင်းမှားပြီး ပစ်ခတ်တယ်ဆိုရင်တောင် ရန်သူနဲ့တိုက်ပွဲဖြစ်တာထက် ပိုပြီးထိရောက်ပြီး ဒဲ့မှန်သွားတတ်ပါတယ်။ ရှေ့တန်းချီတက်နေစဉ် စစ်ကြောင်းနဲ့ ဂျီ၊ ဆတ်တို့က ရင်ဆိုင်တွေ့ပါက အဲဒီစစ်ကြောင်း တိုက်ပွဲဖြစ်ပြီး အကျအဆုံးများဖို့သာရှိကြောင်း ကြုံတွေ့သိရှိပါတယ်။ စစ်ကြောင်းအိပ်နေစဉ် ဂျီလာဟောက်ပါက အဲဒီစစ်ကြောင်း ရန်သူရဲ့ ချောင်းမြောင်းပစ်ခတ်ခြင်းကို ခံရပါတယ်။ မြွေတွေ့ရင်တော့ အဲဒီစစ်ကြောင်းခရီးရှည်ဖို့ သာရှိကြောင်း လက်တွေ့ဖြစ်စဉ်များအရ သိရှိခဲ့ရပါတယ်။
ဗိုလ်လောင်း သင်တန်းဆင်းပွဲဖြစ်ဖြစ်၊ ရှေ့တန်းထွက်ခါနီး စစ်ထွက်မိန့်ခွန်းပြောရင်ဖြ စ်ဖြစ်၊ Convoy ယာဉ်တန်းအလံထူရင်ပဲဖြစ်ဖြစ်
အလံတိုင်ဟာ လေတိုက်လို့ အလံပြုတ်ကျရင် နိမိတ်ဆိုးဖြစ်ပြီး
အကျအဆုံးများတတ်ပါတယ်။ ခမရ (၁၀၆) ဟာ ရန်သူ့သတ်ကွင်းထဲ ၀င်သွားလို့
တပ်ရင်းတစ်လုံး ဖွဲ့စည်းပုံပျက်ပြီး နောက်တန်းမှာ အသုဘပွဲကြီးစည်နေတာ
စံချိန်ချိုးသွားလို့ နေ့မြင်ညပျောက် ၁၀၆ ဆိုတဲ့ စကားလုံးတောင်
တွင်ခဲ့ပါတယ်။ နောက်တန်းမှာကျန်ခဲ့တဲ့ မိန်းမဖောက်ပြန်ရင်
ရှေ့တန်းရောက်နေတဲ့ ယောက်ျားနဖူးမှန်တတ်ပါတယ်။ တပ်ရင်းမှူး ကတော်တစ်ယောက်
CQ နဲ့ ဖောက်ပြန်လို့ တပ်ရင်းမှူးရှေ့တန်းမှာ မသေရုံတမယ်
ကျည်ဆံထိခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ
အပူ (၁၁) မီးငြိမ်းစေဖို့ (၁၁) ရက် (၁၁) လ (၂၀၀၅) ကို ထွက်ပြီလို့
ဝန်းကြီးတွေအား အော်ခိုင်းပြီး ရန်ကုန်ကရုံးတွေ နေပြည်တော်ကို
အတင်းရွှေ့ခိုင်း၊ နေပြည်တော်ကို ရှေးခေတ်နန်းတော်အဆောက်အဦးေ တွလို ဆောက်ခိုင်းကာ သူကိုယ်တိုင် သာလွန်မင်းတရားကြီးဝင်စားလို့ဆိုပြီး
ဘုရင်ရူးရူးနေတာတွေရယ်၊ ရွှေတိဂုံဘုရားက ဘုရားဌာပနာတွေ ကို
ရွှေ့ဖို့လုပ်ခိုင်း တာတွေရယ်၊ ရွှေတိဂုံဘုရားက ကျောက်စိမ်းဘုရားကို
နိုင်ငံတကာအကြီးအကဲတွေ လာရောက်တိုင်း ဦးခိုက်ခိုင်းတာတွေ၊
ဘုရားရင်ပြင်တော်မှာ လုံခြုံရေး အတွက် ဆိုပြီး သေနတ်တကား ကား နဲ့ဦးသန်းရွှေ
အနားမှာ တွေ့မြင်ရတာတွေ ဒေါ်အောင်ဆန်းစုကြည် ကို နာမ်နှိမ်ဖို့
ကတ်ကင်းဖြစ်တဲ့ ကြက်ဆူပင်စိုက်ခိုင်းတာတွေ၊
အိမ်တော်ကိုလာတဲ့ ဧည့်သည်တွေကို ဖျာခင်းပြီးအောက်မှာ ထိုင်ခိုင်းပြီး
ဆိုဖာပေါ်ရှိသူ့ကို ဖူးတွေ့ခိုင်းတာတွေဟာ အစွဲအလန်းကြီးမားမှုနဲ့
မလုပ်သင့်မလုပ်ထိုက်တဲ့ အောက်လမ်းနည်းတွေပဲ ဖြစ်ပါတယ်။
ဆက်သွယ်ရေးစက်တပ်ဆင်ထားတဲ့ လုံခြုံရေးယာဉ်များပေါ်မှာ တာဝန်ရှိသူများမှအပ မတက်ရဆိုတဲ့ ညွှန်ကြားချက်ကို ဖီဆန်ပြီး အရာရှိကတော်များဟာ ကားကြုံလိုက်ပြီးဈေးဝယ်တာမျိုးရှိကာ
အဲဒီကားကို စစ်သည်တွေက အလေးပြုလိုက်တိုင်း မိန်းမတွေကို
အလေးပြုလိုက်ရတာမို့ ဘ၀င်မကျစရာဖြစ်စဉ်တွေ အများကြီးရှိခဲ့ပါတယ်။ ရန်သူမှ
တပ်သတင်းများကို အလွယ်တကူ ကြားဖြတ်ဖမ်းယူစရာမလိုပဲ ဈေးဝယ်ထွက်လာတဲ့
မိန်းမများထံမှ ရယူသွားတဲ့ဖြစ်စဉ်များ ရှိပါတယ်။
ဦးသန်းရွှေရဲ့တပည့် အပေါင်းအပါတစ်ချို့လည်း လိုက်ဖက်တဲ့ဇာတ်လမ်းတွေရှိပါတယ်။
အရာရှိကြီးဗိုလ်ချုပ် ကတော်အတော်များများက ပန်းသီးကို လက်အောက်ခံတပ်တွေက
ဧည့်ခံကျွေးမွေးရင် ပင်ပန်းမှာစိုးလို့ မစားချင်တာတွေ၊ စပျစ်သီးကျွေးရင်
စာပစ်ခံရမှာစိုးလို့ မကျွေးခိုင်းတာတွေ၊ ဩဇာရှိအောင်
ဩဇာသီးဘုရားကပ်ခိုင်းတာတွေ၊ ဖယိုဖရဲဖြစ်မှာစိုးလို့ ဖရဲသီးကို မစားခိုင်းတာတွေ၊ ကံကောင်းစေဖို့ ကံကော်ရန် ကျွဲကောသီးဘုရားကပ်ခိုင်းတာ တွေ၊ ပိုက်ဆံတွေထောအောင် ထောပတ်သီးဘုရားကပ်ခိုင်းတာေ တွ၊ ကုန်သည်တွေ စီးပွားရေးသမားတွေ လာဖက်အောင် လက်ဖက်ကိုလက်ဆောင်ထဲမှာဖြစ် ဖြစ်၊
သူတို့ကို ဧည့်ခံလို့ ကျွေးရင်ပဲဖြစ်ဖြစ် လက်ဖက်ကို ထည့်ခိုင်းတာတွေ၊
မင်းစိုးရာဇာတွေ မိမိအပေါ် အမြင်ကြည်လင်အောင် good အောင် မင်းဂွတ်သီးဘုရား
ကပ်ခိုင်းတာတွေ၊ ဦးသန်းရွှေ အမြင်ကြည်အောင် ရွှေကြည်ဆနွင်းမကင်း
ဘုရားကပ်ခိုင်းတာတွေ စသဖြင့် အင်မတန်မှ အစွဲအလန်းကြီး ဇီဇာကြောင်ပါတယ်။
ဗိုလ်ချုပ်ကြည်အောင်ဆိုရင် တပ်မ (၈၈) တပ်မမှူးဘ၀တုန်းက စစ်သည်တွေ ရှေ့တန်းထွက်ရင် ရှေးခေတ်ဘုရင်တွေ စစ်ချီစစ်တက်သလို ဓားကိုင်ရမယ်ဆိုလို့ စစ်သည်တိုင်း ဓားတွေဆောင်ခဲ့ရပါတယ်။ သူက တပ်တွေကို ၀င်စစ်ရင် ကြမ်းတမ်းတာမို့ တပ်တစ်တပ်ရဲ့ တပ်ရေးဗိုလ်ကြီးက သူ့ရဲ့အကြိုက် မျှစ်တာလပေါဟင်းချက်ကျွေးလိုက်တာနဲ့ တပ်တောင် မစစ်တော့ပဲ စက်တော်ခေါ်အိပ်ပျော်တဲ့ဖြစ် စဉ် ကြားဖူးပါတယ်။
တိုင်းစစ်ဌာနချုပ်က စစ်ဦးစီးမှူး (ပထမတန်း) တစ်ဦးဆိုရင် သမ္မတရုပ်ရှင်ရုံအနီး ဗုံးပေါက်ကွဲတဲ့ ဖြစ်စဉ်မှာ လက်သည်တရားခံဖော်ဖို့ အကြားအမြင် ထိရောက်စွာဟောတတ်တဲ့ ဆွံ့အနေတဲ့ အီးတီအား အရာရှိတစ်ဦးကို ဖိအားပေးစေလွှတ်ခဲ့ပါတယ်။ အဲဒီ အီးတီက နိုင်ငံရေးကိစ္စမဟောဘူးဆိုလို့ အဲဒီ့အရာရှိစိတ်ညစ်ခဲ့ရကြော င်း သိရှိခဲ့ရပါတယ်။ ဗိုလ်ချုပ်တစ်ဦးဆိုရင် တပ်ရင်း အ၀င်ဂိတ်မှာ ၀င်ဝင်ခြင်း တပ်ရင်းမှူးက ဗဟိုကင်းစစ်ရေးပြ၀င်စစ်ခိုင်းလို့
ဒေါသူပုန်ထဖူးပါတယ်။ ဧည့်ရိပ်သာက ကြိုဆိုရင် လန်းဆန်းတာဝါကို Ready Made
ဖောက်တာပဲ ကြိုက်ပြီး လျှော်ဖွတ်ပြီးမှပဲ သုတ်ရတဲ့ပုဝါကို မကြိုက်ဖူးလို့
ဆိုပါတယ်။ လူကြီးတိုင်း စစ်တပ်မှာ ရောဂါအသည်းဆုံးဖြစ်တဲ့ Golf ကိစ္စမှာလည်း
တပ်တွေခေါင်းခဲရပြီး အဲဒီ Golf ပွဲမှာ အရှုံးနဲ့ ကြုံတွေ့ရရင် အဲဒီတပ်က
ကောင်းကောင်းခံရတဲ့ ဖြစ်စဉ်တွေရှိပါတယ်။ အဲဒီအစဉ်အလာဆိုးတွေ
အစွဲအလမ်းကြီးမားမှု၊ ပုဂ္ဂိုလ်ရေးဆန်မှု၊ အတ္တလောဘကြီးမားမှုတွေဟာ တပ်မတော်ကို
ဂုဏ်သိက္ခာကို မှေးမှိန်စေပါတယ်။ တပ်မတော်ရဲ့ဂုဏ်သိက္ခာပြန်လည်တိုးတက်လာစေဖို့ တပ်မတော်သားတိုင်းမှာ တာဝန်ကိုယ်စီရှိကြသလို ယနေ့ ဒီမိုကရေစီအသွင်ကူးပြောင်းကာလတွင် လက်ရှိအစိုးရအား တတ်အားသရွေ့ ကူညီပံ့ပိုးပြီး Professional Army ဖြစ်ရေး ရည်မှန်းချက်ထား အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ စည်းလုံးခြင်းရဲ့ အင်အား www.photayokeking.org မှတဆင့် တိုက်တွန်းလိုက်ရပါတယ်။
ဆောင်းပါးရှင် - ဗိုလ်ထက်မင်း
ကိုယ့်အချင်းချင်းမှားပြီး ပစ်ခတ်တယ်ဆိုရင်တောင် ရန်သူနဲ့တိုက်ပွဲဖြစ်တာထက် ပိုပြီးထိရောက်ပြီး ဒဲ့မှန်သွားတတ်ပါတယ်။ ရှေ့တန်းချီတက်နေစဉ် စစ်ကြောင်းနဲ့ ဂျီ၊ ဆတ်တို့က ရင်ဆိုင်တွေ့ပါက အဲဒီစစ်ကြောင်း တိုက်ပွဲဖြစ်ပြီး အကျအဆုံးများဖို့သာရှိကြောင
ဗိုလ်လောင်း သင်တန်းဆင်းပွဲဖြစ်ဖြစ်၊ ရှေ့တန်းထွက်ခါနီး စစ်ထွက်မိန့်ခွန်းပြောရင်ဖြ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟ
ဆက်သွယ်ရေးစက်တပ်ဆင်ထားတဲ့ လုံခြုံရေးယာဉ်များပေါ်မှာ တာဝန်ရှိသူများမှအပ မတက်ရဆိုတဲ့ ညွှန်ကြားချက်ကို ဖီဆန်ပြီး အရာရှိကတော်များဟာ ကားကြုံလိုက်ပြီးဈေးဝယ်တာမ
ဦးသန်းရွှေရဲ့တပည့် အပေါင်းအပါတစ်ချို့လည်း လိုက်ဖက်တဲ့ဇာတ်လမ်းတွေရှိပ
ဗိုလ်ချုပ်ကြည်အောင်ဆိုရင် တပ်မ (၈၈) တပ်မမှူးဘ၀တုန်းက စစ်သည်တွေ ရှေ့တန်းထွက်ရင် ရှေးခေတ်ဘုရင်တွေ စစ်ချီစစ်တက်သလို ဓားကိုင်ရမယ်ဆိုလို့ စစ်သည်တိုင်း ဓားတွေဆောင်ခဲ့ရပါတယ်။ သူက တပ်တွေကို ၀င်စစ်ရင် ကြမ်းတမ်းတာမို့ တပ်တစ်တပ်ရဲ့ တပ်ရေးဗိုလ်ကြီးက သူ့ရဲ့အကြိုက် မျှစ်တာလပေါဟင်းချက်ကျွေးလိ
တိုင်းစစ်ဌာနချုပ်က စစ်ဦးစီးမှူး (ပထမတန်း) တစ်ဦးဆိုရင် သမ္မတရုပ်ရှင်ရုံအနီး ဗုံးပေါက်ကွဲတဲ့ ဖြစ်စဉ်မှာ လက်သည်တရားခံဖော်ဖို့ အကြားအမြင် ထိရောက်စွာဟောတတ်တဲ့ ဆွံ့အနေတဲ့ အီးတီအား အရာရှိတစ်ဦးကို ဖိအားပေးစေလွှတ်ခဲ့ပါတယ်။ အဲဒီ အီးတီက နိုင်ငံရေးကိစ္စမဟောဘူးဆိုလိ
0 comments:
Post a Comment