Home » » လီဒိုလမ်းမကြီး ပြန်လည်အသက်သွင်းရန် တရုတ်နှင့် အိန္ဒိယ မြန်မာကို တွန်းအားပေး

လီဒိုလမ်းမကြီး ပြန်လည်အသက်သွင်းရန် တရုတ်နှင့် အိန္ဒိယ မြန်မာကို တွန်းအားပေး



ဒုတိယ ကမ္ဘာစစ်အတွင်းက ဗြိတိန်တို့ အသုံးပြုခဲ့သော ကမ္ဘာ ကျော်လီဒိုလမ်းမ ကြီး(စတီးဝဲ)ကို အမြန်ဆုံး ပြန်လည် ဖွင့်လှစ်ပေးကြရန် အိန္ဒိယနိုင်ငံက တောင်းဆို လိုက်ပြီး တရုတ်နိုင်ငံ ကလည်း မြန်မာနိုင်ငံကို တွန်းအားပေးကြောင်း ၅-၁-၂၀၁၃ ရက်က သိရသည်။ အိန္ဒိယ-မြန်မာ-တရုတ်နိုင်ငံတို့ကို ဖြတ်ကာ ဆောက်လုပ်ထားသော အဆိုပါ လမ်း မကြီးကို ပြန်လည် ဖွင့်လှစ်စေလိုခြင်းမှာ အိန္ဒိယ၏ အရှေ့မူဝါဒနှင့် တရုတ်နိုင်ငံ၏ အနောက်အာရှ အိမ်မက်တို့ကို ပုံဖော်ပေးရန်ဖြစ်ကာ မြန်မာနိုင်ငံမှာ ကချင်ပြည် နယ်ကို ဖြတ်သန်းချင်း အတွက် မြန်မာက ရရှိမည့် အခွင့်အရေး အဖြစ် 


လမ်းပန်းဆက်သွယ် ရေး ကောင်းမွန်စေမှု တစ်ခုတည်းသာ ဖြစ်နေသေးကြောင်း သိရသည်။ "လီဒို လမ်းမ ကြီးကိစ္စများက ကချင်ပြည်နယ်ရဲ့ တည်ငြိမ်မှု့ အပေါ် မူတည်မယ်။ဒါပေမဲ့ လည်း တရုတ်က ကချင်ပြည်နယ်ထဲကို လမ်းတွေဖောက်ရင်းနဲ့ ဝင်လာပြီးတော့ ထိန်းချုံးဘက်ကို ဝင်လာနေပြီ။ လီဒို လမ်းမကြီးက မြန်မာနိုင်ငံထဲမှာ ပြန်လည်ပြင်ဆင်မှုတွေ လုပ်ရဦးမယ်"ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း) ဦးဟန်ဇော က ပြောကြားသည်။

အဆိုပါ လမ်းမကြီး ပြန်လည် အသက်ဝင်စေရေးအတွက် မြန်မာနိုင်ငံမှ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ နယ်စပ် လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး၊ စီးပွား/ကူးသန်းနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ အစရှိသော သက်ဆိုင်ရာဌာနများက အသေးစိတ် ညှိနှိုင်း ကြရဦးမည် ဖြစ်သည်ဟု သိရသည်။ "လမ်းမကြီး ပေါ်လာရင် ဘာတွေ ကောင်းသွားမလဲဆိုတော့ လမ်းပန်းဆက်သွယ်ရေး ကောင်းသွားမယ်။ ဒါကိုအမှီပြုပြီး ဒေသဖွံ့ ဖြိုးမယ်။ လောလောဆယ်တော့ ဒီလောက်ပဲ။ တရုတ်နဲ့ အိန္ဒိယက ပိုပြီ အခွင့်အလမ်းကောင်းသွားမှာပေါ့။ ဒီအပေါ်မှာ မြန်မာက အခွင့်အလမ်း ရယူတတ်ဖို့ ပဲလိုတာ။ နိုင်ငံဖြတ်ကျော်အတွက် ဘယ်လိုအခွန်နဲ့  အခွင့်အရေး ရယူမလဲဆိုတာ လူကြီးတွေ စဉ်းစားလိမ့်မယ်" ဟုတ် ဦးဟန်ဇော်ကေ ပြောကြားသည်။

အေဝိုင်အီး
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG