Home » » ကေအိုင်အေနယ်မြေသို့ သွာရောက်ခဲ့စဉ် ဗိုလ်ချုပ် ဂွမ်မော်၊ ဦးလနန်တို့နှင့် ၂ နာရီကျော်ကြာ နှစ်ကြိမ်တိုင် ဆွေးနွေးဖြစ်ခဲ့ကြောင်း ကိုမြအေး ပြောကြား

ကေအိုင်အေနယ်မြေသို့ သွာရောက်ခဲ့စဉ် ဗိုလ်ချုပ် ဂွမ်မော်၊ ဦးလနန်တို့နှင့် ၂ နာရီကျော်ကြာ နှစ်ကြိမ်တိုင် ဆွေးနွေးဖြစ်ခဲ့ကြောင်း ကိုမြအေး ပြောကြား



Thursday, January 10, 2013

ကေအိုင်အေနယ်မြေသို့ သွားရောက်ဖြစ်ခဲ့သည့် ရက်များ၌ ဗိုလ်ချုပ် ဂွမ်မော...
်၊ ဦးလနန်တို့နှင့် ၂ နာရီကျော်ကြာ နှစ်ကြိမ်တိုင် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးဖြစ်ခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးက ယနေ့ပြောကြားလိုက်သည်။

ကေအိုင်အေနယ်မြေသို့သွားရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်ပြီး ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၄င်းက ယခုလိုပြောကြား ခဲ့ခြင်းဖြစ်သည်။

ကေအိုင်အေနယ်မြေသို့ရောက်ရှိခဲ့သည့် ဇန်န၀ါရီလ ၃ ရက်တွင် တစ်ကြိမ် ၂ နာရီကျော်ကြာဆွေးနွေးဖြစ်ခဲ့ပြီး၎ ရက်တွင် ဒုက္ခသည် စခန်းများသို့ သွားရောက်လေ့လာဖြစ်ခဲ့ကာ၅ ရက်တွင် တစ်ကြိမ်  ၂ နာရီကျော်ကြာထပ်မံဆွေးနွေးဖြစ်ခဲ့ကြောင်း ၄င်းကပြောသည်။

““ ကေအိုင်ကေအနေနဲ့ကတော့ ဆွေးနွေးဖြေရှင်းမှ ရမယ်ဆိုတဲ့ မူဝါဒကို ဆက်လက်ဆုပ်ကိုင်ထားတယ်ဆိုတဲ့အကြောင်းကို တိတိကျကျပြော လိုက်ပါတယ်။ ဆွေးနွေးမှုတွေဖြစ်ပေါ်လာဖို့ဆိုရင် အခုဖြစ်ပေါ်နေတဲ့ စစ်ပွဲအရှိန်ကိုချပေးဖို့၊နံပါတ်နှစ်အချက်ကတော့နိုင်ငံရေးပဋိပက္ခတွေကိုဖြေရှင်းမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ပါမယ်ဆိုတဲ့ အာမခံချက် ကတိက၀တ် တစ်စုံတစ်ရာကိုပေးနိုင်မယ်ဆိုရင် ဆွေးနွေးပွဲတွေပြန်စပြီး
ငြိမ်းချမ်းရေးကိုရှေးရှုတဲ့ဖြစ်စဉ်တွေ ပေါ်ပေါက်လာမယ့်ဆိုတဲ့အကြောင်း အတိအလင်းပြောလိုက်တယ်ဆိုတဲ့အကြောင်းကေအိုင်ကေပြောကြားချက် အတိုင်းပဲ ကျွန်တော်ပြန်ပြောပါရစေ”” ဟု ဗိုလ်ချုပ်ဂွမ်မော်၊ ဦးလနန်တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် ကိုမြအေးက ပြောကြားသည်။

သို့ရာတွင် တိုက်ပွဲပြင်းထန်မှုကြောင့်အစိုးရနှင့်ကေအိုင်ကေတွေ့ဆုံဆွေးနွေးမှု မဖြစ်နိုင်သေးသော်လည်းညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ် ကောင်စီ( UNFC) နှင့်အစိုးရတွေ့ဆုံဆွေးနွေးမှုတွင် ကေအိုင်အေအနေဖြင့် (UNFC) တွင်ပါဝင်ခြင်းကြောင့် တက်ရောက်သွားမည်ဖြစ်သည်ဟုဆိုကြောင်း ကိုမြအေးက ဆိုသည်။

ကေအိုင်အေနယ်မြေအတွင်း ကေအိုင်အေတပ်မတော်မှ ထိန်းသိမ်းထားသော မြန်မာ့တပ်မတော်သား ၂၇ ဦး ပြန်လည် လွှဲပြောင်းပေးရေး ကိစ္စရပ်နှင့် ပတ်သက်၍““ ဟိုဖက်( ကေအိုင်အေ) က လွှဲပြောင်းပေးဖို့ စိတ်ဆန္ဒရှိတယ်။ ဒီဖက် (မြန်မာအစိုးရ)ကလက်ခံဖို့ အသင့်ရှိတယ်။ ဒါကိုလုပ်ထုံးလုပ်နည်း
အတိုင်း ဆက်လက်လုပ်ဆောင်သွားဖို့ရှိတာပါ။ လွှဲပြောင်းမှုအပိုင်းက ကျွန်တော်တို့နဲ့မဆိုင်ပါဘူး။ ကျွန်တော်တို့ရဲ့စွမ်းဆောင်ချက်ကြောင့် မဟုတ်ပါဘူး။”” ဟုကိုမြအေး ကထပ်လောင်းပြောကြားသည်။

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဝင်အချို့သည်ကေအိုင်အေနယ်မြေ အတွင်း သွားရောက်ခြင်းမပြုမီ သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ဝင် ဦးအောင်မင်းနှင့်လည်းတွေ့ဆုံ
ဆွေးနွေးမှုများရှိခဲ့ကြောင်းသိရသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG