Home » » ခေတ်ပြောင်းစနစ်ပြောင်းမှာ ကချင်ပြည်ကြီး တိုးတက်စေချင်တယ်ဟု ကချင်ဝန်ကြီးချုပ်ပြောကြား

ခေတ်ပြောင်းစနစ်ပြောင်းမှာ ကချင်ပြည်ကြီး တိုးတက်စေချင်တယ်ဟု ကချင်ဝန်ကြီးချုပ်ပြောကြား


Thursday, January 10, 2013

ကချင်ပြည်နယ်တွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများနှင့် ပက်သက်ပြီး ယခုကဲ့သို့ ပြုပြင်ပြောင်းလဲလာသော မြန်မာ့ပြည်တွင် ကချင်ပြည်နယ်...
သည်လည်း အလားတူ တိုင်းနှင့် ပြည်နယ်များကဲ့သို့ ဖွံဖြိုးတိုးတက်စေ လိုကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကမြန်မာ့ခေတ်သို့ ပြောကြားသည်။

ယနေ့ ကြရောက်သော ၆၅ နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် မြန်မာ့ခေတ်သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဖွံဖြိုးတိုးတက်မှု၏ အဓိက အချက်မှာ ငြိမ်းချမ်းရေးပင် ဖြစ်ကြောင်း ထပ်မံပြောကြားသည်။

“အားလုံးက ပြည်ထောင်စု တိုင်းရင်းသားတွေပဲ။ ခေတ်ပြောင်း စနစ်ပြောင်းတဲ့ အချိန်မှာ ဖွံဖြိုးတိုးတက်ဖို့ လိုတယ်။ ဖွံဖြိုးတိုးတက်ဖို့ အတွက် တည်ငြိမ်အေးချမ်းဖို့ လိုတယ်။ ခေတ်ပြောင်းစနစ်ပြောင်းမှာ ကချင်ပြည်နယ်ကြီးလည်း ဖွံဖြိုးတိုးတက်စေချင်တယ်။ အဲဒီမှာ အဓိက ကျတာ ငြိမ်းချမ်းရေးပါပဲ” ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန် ငန်ဆိုင်းက ပြောကြားသည်။

မြန်မာပြည်တွင်း ပြောင်းလဲလာသော်လည်း ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းရေး မရနိုင်သေးသည့် အခြေအနေများနှင့် ဆက်လျဉ်းပြီး “ငြိမ်းချမ်းဖို့ကို လိုချင်တယ်။ စစ်ပွဲကာလမှာ ဒီမှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံး ဒုက္ခရောက်ကြတယ်။ ကချင်ပြည်နယ်မှာ ကချင်က ၅ သိန်း ရှိတယ်။ ဗမာက ၄ သိန်းရှိတယ်။ ရှမ်းလူမျိုးက ၃ သိန်းရှိတယ်။ ဒီလို လူမျိုး ၃ မျိုးရှိတဲ့ ပြည်နယ်မှာ ကိုယ်ကပဲ အုပ်ချုပ်ရမယ်ဆိုရင် မဖြစ်
သေးဘူး။ ရွေးကောက်ပွဲစနစ်အရပဲ လုပ်စေချင်တယ်။ အားလုံးကိုလည်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တယ်” ဟု ဖားကန့်ဒေသခံ ဒေါက်တာ သိန်းဇော်က ပြောကြားသည်။

အဆိုပါ တိုက်ပွဲများဖြစ်နေရခြင်းနှင့် ပတ်သက်၍ “တိုင်းရင်းသား ပြည်သူတွေ အားလုံးဟာ ဒီနယ်မြေနေတယ်။ ဒီမြေမှာ အားလုံးကို ငြိမ်းချမ်း စေချင်တယ်။ အေးတူပူမျှပေါ့ဗျာ။ ဒီမှာ စစ်ပွဲတွေဖြစ်နေတဲ့ အတွက် ဒီနယ်မြေမှာရှိတဲ့ တိုင်းရင်းသား အားလုံး ဒုက္ခရောက်ကုန် တယ်”ဟုလည်း ဖားကန့်ဒေသခံ ဦးမင်းအောင်က ပြောကြားသည်။

ယမန်နှစ်များအတွင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်း စစ်ကြောင့် ဒုက္ခသည်ဦးရေ တစ်သိန်းကျော်ရှိကာ ယနေ့အချိန်ထိ နိုင်ငံ တကာ၏ အကူအညီများ မရရှိသောနယ်မြေများတွင် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအခြေအနေများ အပြင် ကလေးငယ်များ၏ ပညာရေး အခြေအနေများပါ ဆုံးရှုံးလျက်ရှိနေကြောင်း ဒေါက်တာ တူးဂျာက ပြောကြားသည်။

“ဒီမှာ တိုက်ပွဲတွေ ဖြစ်နေတော့ ဘယ်သူမှ စီးပွားရေး မလုပ်နိုင်ကြဘူး။ စီးပွားရေး တကယ်လို့ ပြန်လုပ်ခွင့်ရပြီး ကိုယ့်ဒေသကို ပြန်နိုင်ပြီဆိုရင် တောင် စီးပွားရေးကို ဘယ်လိုလုပ်ရမှန်းသိတော့မှာ မဟုတ်ဘူး” ဟု ယနေ့ထက်ထိ ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေသော စစ်ဘေးရှောင် ဒုက္ခသည်တစ်ဦးက ပြောကြားသည်။

စူးရှ
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG