Home » » ငြိမ်းချမ်းရေး စေ့စပ်ဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းရေးအဆို အမျိုးသားလွှတ်တော် အတည်ပြု

ငြိမ်းချမ်းရေး စေ့စပ်ဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းရေးအဆို အမျိုးသားလွှတ်တော် အတည်ပြု


ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းရင်းသားရေးရာ ကော်မတီအတွင်းရေးမှူး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန် တင်သွင်းတဲ့ ကချင်ပြည်နယ် အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ရရှိနိုင်ဖို့ နှစ်ဖက်စလုံးရဲ့ယုံကြည်အားကိုး ထိုက်သူတွေပါဝင်တဲ့ ငြိမ်းချမ်းရေး စေ့စပ်ဆောင်ရွက်ရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးဖို့အဆိုကို လက်ခံဆွေးနွေးပေးဖို့ လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။

လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်ရဲ့ အဆိုကို အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က အတည်ပြုခဲ့ပါတယ်။

အခုလို လက်နက်ကိုင်နှစ်ဖွဲ့အကြား ယုံကြည်အားကိုးထိုက်သူတွေ ပါဝင်တဲ့ ငြိမ်းချမ်းရေး စေ့စပ်ဆောင်ရွက်ပေးတဲ့အဖွဲ့ ဖွဲ့စည်းလိုက်ရင် ငြိမ်းချမ်းရေးအတွက် ထိထိရောက်ရောက် အကျိုးရှိနိုင်တယ်လို့  အဲဒီအဆိုကို တင်သွင်းခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က ပြောပါတယ်။

အဲဒီ့အဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံပြီး အမျိုးသားလွှတ်တော်မှာ လက်ခံဆွေးနွေးသင့်ကြောင်း လွှတ်တော်မှာ အတည်ပြုဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG