Home » » မြန်မာလက်နက်ကြီး တရုတ်ဘက်ကျခဲ့ကြောင်း တရုတ်အစိုးရပြော

မြန်မာလက်နက်ကြီး တရုတ်ဘက်ကျခဲ့ကြောင်း တရုတ်အစိုးရပြော


အခု သီတင်းပတ်အတွင်း တရုတ်နိုင်ငံ နယ်နိမိတ်အတွင်း မြန်မာဘက်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ တရုတ်အစိုးရက မနေ့က ပြောပါတယ်။

တောနယ်ဒေသတခုတွင် တိုက်ကင်းလှည့်နေသော စစ်အစိုးရတပ်ဖွဲ့တစ်ဖွဲ့ကို တွေ့ရစဉ်
ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ KIA တပ်တွေကြား တိုက်ပွဲတွေ အရှိန်မြင့်လာနေချိန်အတွင်း ပြီးခဲ့တဲ့ အင်္ဂါနေ့က တရုတ်ပြည်ပိုင်နက်အတွင်း နယ်စပ်ကနေ ကိုက်ငါးရာကျော်အထိ  လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လူအသေအပျောက်တော့မရှိကြောင်း  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟုန်လီ က နေ့စဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်ပြည်အနေနဲ့ အလွန်တရာမကျေမနပ်ဖြစ်ရကြောင်း မြန်မာအစိုးရကို အသိပေးပြောဆိုခဲ့ပြီး၊ နောက်နောင် ဒီလိုကိစ္စမျိုး ထပ်ပြီးမဖြစ်ပွားရအောင်ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့တယ်လို့ ဟုန်လီ က ပြောပါတယ်။

ဒါ့ပြင် တရုတ်ပြည်အနေနဲ့ မြန်မာပြည်မြောက်ပိုင်းက အခြေအနေတွေနဲ့ နယ်စပ်ဒေသအပေါ် သက်ရောက်မှုတွေကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ မြန်မာပြည်ဘက်က စစ်ရေးပဋိပက္ခတွေ ယူနန်ပြည်နယ်အတွင်း ရိုက်ခတ်မှုမရှိအောင်လည်း ဖိဖိစီးစီးဆောင်ရွက်နေကြောင်း၊ မြန်မာအစိုးရနဲ့ KIO တို့ကိုလည်း ပြဿနာတွေကို တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းကြဖို့ တိုက်တွန်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟုန်လီ က ပြောကြားခဲ့ပါတယ်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG