Home » » ဒီဇင်ဘာ (၃၀) လဂျားယန်တိုက်ပွဲ အပြင်းထန်ဆုံးဖြစ်ပွားခဲ့

ဒီဇင်ဘာ (၃၀) လဂျားယန်တိုက်ပွဲ အပြင်းထန်ဆုံးဖြစ်ပွားခဲ့

January 1,2013 post by Myitkyina blog news

ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် လဂျားယန်ဒေသတ၀ိုက်တွင် ဖြစ်ပွားသော တိုက်ပွဲသည် ဒီဇင်ဘာလအတွင်း အပြင်းထန်ဆုံးတိုက်ပွဲဟု သတ်မှတ်နိုင်ကြောင်းသိရှိရသည်။

မနက်(၅)နာရီမှ စတင်ကာ ဒေါ့ဖုန်းယန်၊ မန်တဲ၊ ဘွမ်ဆောမ်ရှိ မြန်မာအစိုးရ တပ်ဖွဲ့ကာ လက်နက်ကြီးဖြင့် အကြိမ် (၁၀၀)ကျော်ခန့် တနေကုန် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

လေကြောင်းမှ တိုက်ခိုက်ခြင်းကို မနက် (၈)နာရီ၊ (၉)နာရီ၊ (၁၁)နာရီ၊ (၁၁း၄၅)နာရီ၊ (၁၃း၁၅)နာရီ၊ (၁၅)နာရီ အချိန်များတွင် Jet Fighter (၂)စီးစီဖြင့် လာရောက်လှည့်ပတ်၍ ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ (၁၂)နာရီအချိန်တွင် ဗုံးကျဲလေယဉ် တစ်စီးရောက်လာကာ ဗုံးများကို ကျဲချခဲ့သည်။ ဗုံးကျရောက်ပေါက်ကွဲ ရာတွင် အနက်(၈)ပေရှိ ကျင်းများကျန်ရစ်ခဲ့သည်။

အနီးကပ် မြေပြင်တိုက်ပွဲတွင်လည်း မြန်မာအစိုးရတပ်ဖွဲ့ ခမရ (၃၁၇) (၄၁၅) (၄၁၆)(၃၂၀)၊ ခလရ (၂၃၇)တို့ အတင်းဝင်ရောက် တိုက်ခိုက်ခဲ့သည်။ မြေပြင်တပ်ဖွဲ့ဝင်များသည် ၈၁ မမ စိန်ပြောင်း၊ ဆွီဒင်နိုင်ငံထုတ် ၈၄မမ၊ RPG တို့ကို အဓိကအသုံးပြုခဲ့ကြောင်းသိရှိရသည်။ ဒီဇင်ဘာလ (၃၀)ရက်နေ့ လဂျားယန်တိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင် (၅)ဦး ကျဆုံးကာ ထိခိုက်ဒါဏ်ရာရသူ (၃၀)ခန့်ရှိခဲ့သည်။ မြန်မာအစိုးရတပ်ဖွဲ့ဝင်များ၏ သေဆုံး၊ ကျဆုံး၊ ထိခိုက်ဒါဏ်ရာရသူ ပြုန်းတီးအင်အားသည် (၂၀၀)ကျော်ရှိကြောင်း သိရှိရသည်။ (မြန်မာ့အစိုးရတပ်ဖွဲ့တွင် ပါဝင်သော ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့မှ သိရှိရ)

ကြည်းတပ်၊ လေတပ်၊ (ရေတပ်သာကျန်) တို့မှ အပြင်းအထန်ထိုးစစ် ပစ်ခတ်မှုကြောင့် KIA ၏ ရှေ့တန်းစခန်း တစ်ခုကို လက်လွှတ်ထားခဲ့ရကြောင်း သိရှိရသည်။

ကြည်းတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် စစ်ဦးစီး ဗိုလ်မှူးချုပ် ၊ ဗိုလ်မှူးချုပ်လူအေးတို့က မြစ်ကြီးနား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် အထိုင်ပြုလုပ်ကာ စစ်ဆင်ရေးကို အနီးကပ် ကွပ်ကဲမှုများ ပြုလုပ်ခဲ့သည်။ ယခု ပြုလုပ်သော စစ်ဆင်ရေးကို “မိုးကြိုး” စစ်ဆင်ရေး (Carpet Bombing Operation) ဟု အမည်ပေးထားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် လဂျားယန်ဒေသတ၀ိုက်တွင် ဖြစ်ပွားသော တိ...
ုက်ပွဲသည် ဒီဇင်ဘာလအတွင်း အပြင်းထန်ဆုံးတိုက်ပွဲဟု သတ်မှတ်နိုင်ကြောင်းသိရှိရသည်။

MKN news 
 
Share this article :

0 comments:

Post a Comment

Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG