ဆရာကြီးတစ်ဦးရဲ့ လေသံနဲ့ ပြောရရင်
သူတို့အတွေး သူတို့ အမြင်များသာ ဖြစ်ပါသည်ပေါ့။ ကျွန်တော်က ကြားက တင်ဆက်သူ
(Medium) သက်သက်သာ ဖြစ်ပါတယ် ခင်ဗျား။
လွန်ခဲ့တဲ့ ၂ဝ၁၂၊ ဇန်နဝါရီ ၁ ရက်နေ့က ဟောဒီဘလော့ဂ်ပေါ်မှာ ၂ဝ၁၁ လည်ပြန်၊ ၂ဝ၁၂ ဟောကိန်း ဆိုတဲ့ စာတစ်ပုဒ် ရေးသားခဲ့ဖူးပါတယ်။ နှစ်တစ်နှစ်ရဲ့ အစဦးဆုံး နေ့မှာ ဒီနှစ် ဘာဖြစ်မလဲ ဆိုတာကို ဟောကိန်း ထုတ်ထားတဲ့ စာစု ဖြစ်ပါတယ်။ အဲဒီဟောကိန်း ဘယ်လောက် မှန်ခဲ့လဲ ဆိုတာ ရခိုင်ပြည်နယ်က ပဋိပက္ခ၊ ကချင်ပြည်နယ်က စစ်ပွဲနဲ့ လက်ပံတောင်းတောင် မီးလောင်ဗုံးတွေ အကြောင်း ပြန်တွေး မြင်ယောင် ကြည့်ရင် သက်သေ ထူပါလိမ့်မယ်။
"၂၀၁၂
ထဲမှာ…ထကြွမှု ပုန်ကန်မှု တော်လှန်မှု သူပုန်ထမှုတွေ များများစားစား
ဖြစ်ပေါ်လာမယ်။ ပေါက်ကွဲမှုတွေ လက်နက်စွဲကိုင်မှုတွေ သွေးထွက် သံယိုအမှုတွေ
ဖြစ်ကို ဖြစ်မယ်။ (ရာဟုသဘောထိုထကြွမှုများကို ပြည်သူတွေက လုပ်ဆောင် လိမ့်မည်
ကောဇာစနေ မြင်နေတာဖြစ်သောကြောင့် အောက်ခြေလူတန်းစားတွေ ရာဇ၀တ်သားတွေ
ကြမ်းတမ်းသော စိတ်နေစိတ်ထားရှိသူတွေ အများဆုံးပါလိမ့်မယ်) အုပ်ချုပ်သူ
လူတန်းစား တွေကိုပါ အကြီးအကျယ် ထိခိုက်မယ် တားလို့ မရ ပြင်လို့ မရနိုင်ပါ
ကြမ်းကြုတ်စွာ ဖြေရှင်းမှုတွေပါ ပါလာမယ်။"
ဆိုတဲ့ ဟောကိန်းကို ဆရာကြီး မဟုတ်တဲ့ ဆရာလေးတစ်ပါးက ဟောဆိုခဲ့ပါတယ်။ နာမည်ရင်းက အောင်ပိုင် ဖြစ်ပြီး ကလောင်အမည်က ဆရာယာပိုလို ပါ။ ကျွန်တော်နဲ့ လူချင်း မရင်းနှီးမသိ ကျွမ်းပေမယ့် အဲဒီလို ကြောက်ခန်းလိလိ ဟောကိန်းထုတ်ပြခဲ့တဲ့ သူ့ပညာ ကိုတော့ လေးစားမိပါတယ်။
ဆရာအောင်ပိုင်လို
အနိဌဟောကိန်းတွေ မထုတ်ခဲ့ပေမယ့် သူ့နည်းသူ့ဟန်နဲ့ မှန်အောင်
ဟောပြောသွားသူ တစ်ဦးလည်း ရှိပါတယ်။ ဒါကတော့ မြန်မာ့ရိုးရာမဟာဘုတ်ဆိုဒ်က
ဆရာစိုးမိုးထွန်း (ခ) ဆရာ ဝေသာလီ မောင်ဖုန်း ဖြစ်ပါတယ်။
ဆရာဝေသာလီမောင်ဖုန်းရဲ့ အယူအဆတွေကရော မြန်မာ့နိုင်ငံရေးမြင်ကွင်းကို
ဘယ်လောက်ထိ ပုံဖော် မှန်ကန်ခဲ့ပါသလဲ။
သမ္မတနဲ့ ပတ်သက်လို့ အပြည့်အစုံ ပြန်ဖတ်လိုသူများအတွက် ဟောဒီကို သွားဖတ် ကြည့်ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဟောဒီမှာ ပြန်လှန်ဖတ်ရှုပါ။ ဟောဒီမှာတော့ အနှစ်ချုပ် ပြန်ဖတ်ကြည့်ပါ။
"နိုင်ငံခေါင်းဆောင်
တစ်ဦးဖြစ်တဲ့ ဦးသိန်းစိန် အဖို့ လာမယ့် ၁၃၇၄ ခုနှစ် အတွင်းမှာ
…စူပါ့စူပါ စွမ်းဆောင်ရည်တွေကြောင့် ထင်ရှားမှု ပိုမိုလာနိုင်ခြင်း နဲ့
အားပြိုင်ရမှုတွေလည်း ပိုမိုများပြား လာနိုင်။ လက်ရှိ အကြံပေး
ပုဂ္ဂိုလ်များထဲက အချို့ကို ဆုံးရှုံး စွန့်လွှတ်ရတတ်ခြင်းနဲ့ ..
ယင်းတို့အစား အခြားအကြံပေးပုဂ္ဂိုလ်တို့ကို အစားထိုး ရခြင်းကံ……..
ကြုံလာနိုင်။ ဒါ့အပြင် … နိုင်ငံတော် ၀န်ကြီးအချို့၊ လွှတ်တော်အမတ်အချို့
…. အစားထိုး ပြောင်းလဲရမှု ဖြစ်စဉ်များ ယခုမြန်မာခုနှစ် ၁၃၇၄ခုနှစ်အတွင်း
များပြားလာနိုင်။ ဒွိဟ ဖြစ်စရာ ၊ ရွေးရခက်စရာ ၊ ဗျာများစရာ အခြေအနေတွေကို
ဖြစ်ပေါ်လာစေ။ ပြတ်ပြတ် သားသား ဖြစ်နိုင်ဖို့ ခက်ခဲရတတ်ပြီး ၊
ပေါ်ပေါက်လာသမျှ အခြေအနေတွေကလည်း …. ကြားနေဗျာများ ရမယ့် အနေအထားမျိုး တွေ
ဖြစ်နေရတတ်။"
အဲဒီ
ဟောကိန်းတွေ ဟုတ်၊ မဟုတ်ကတော့ မြန်မာ့နိုင်ငံရေးကို မျက်ခြေမပြတ်
အကဲခတ်နေ သူတွေ နိုင်ငံရေး စိတ်ဝင်စားသူတွေ . အမတ်လောင်း လုပ်မယ့်
ပုဂ္ဂိုလ်တွေ သိကြမှာပါ။
ကဲ...
၂ဝ၁၂ ကတော့ ကမ္ဘာမှာ မာယာဟောကိန်း၊ မြန်မာမှာ ဒဏ်ရာဒဏ်ချက် အပြောင်းအလဲ
ပေါင်းစုံနဲ့ ဖြတ်သန်းပြီးပြီ။ လာမယ့် ၂ဝ၁၃ မှာရော ဘာတွေ ဖြစ်လို့ ဘာတွေ
ပျက်ကြဦးမလဲ။ ပညာရှင်တွေရဲ့ ဟောကိန်း တွေကို စုစည်းပေးလိုက်ပါတယ်။
ဖတ်ရှုဝေဖန်နိုင်ပါပြီ။ ဆရာကြီးတစ်ဦးရဲ့ လေသံနဲ့ ပြောရရင် သူတို့အတွေး
သူတို့ အမြင်များသာ ဖြစ်ပါသည်ပေါ့။ ကျွန်တော်က ကြားက တင်ဆက်သူ (Medium)
သက်သက်သာ ဖြစ်ပါတယ် ခင်ဗျား။
ဦးဇေယျာကို (မြန်မာနိုင်ငံနက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင်အရာရှိချုပ်)
"၂ဝ၁၃
ခုနှစ် မေလမှ ၂ဝ၁၄ ခုနှစ် မေလအတွင်း လွတ်လပ်ရေး ယူခဲ့တဲ့ ဇာတာခွင်ထဲ
ရောက်ရှိနေတဲ့ အတွက် အုပ်ချုပ်သူတွေအနေနဲ့ ဆုံးဖြတ်ချက်၊ ယူဆချက်တွေ
မှားယွင်းတာတွေ အများကြီး ဖြစ်လာနိုင်တယ်။ အများပြည်သူလူထုကလည်း
စည်းကမ်းဥပဒေဘောင်ထဲက မဟုတ်ဘဲနဲ့ စိတ်လိုက်မာန်ပါ ဆောင်ရွက်လုပ်ကိုင်တဲ့
အခြေအနေတွေကြောင့် မြန်မာနိုင်ငံအတွက် သတိပြုရမယ့် အချိန်ကာလတွေ ဖြစ်တယ်။"
Yangon
Times ဂျာနယ်နဲ့ True News ဂျာနယ်တွေမှာ ဖော်ပြခဲ့တဲ့ ဦးဇေယျာကိုရဲ့
ဟောကိန်းကို ပြန်ပေါင်းကြည့်ရင် ဒီဇင်ဘာ ၁၂ ရက်နေ့က ဂြိုဟ်ပူး
ဖြစ်စဉ်ကြောင့် တိုင်းပြည်ထဲမှာ စိတ်မချမ်းမြေ့စရာတွေ ဖြစ်မယ်။ ၂ဝ၁၃ ဇွန်ကနေ ၂ဝ၁၄ ဇွန်ကြားမှာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို ဖြတ်သန်းရမယ်။ တကယ်လို့
၂ဝ၁၃ နောက်ပိုင်းမှာ ဖြစ်မယ့် ဂြိုဟ်တွေအရ အိမ်နီးချင်းထိုင်းနိုင်ငံလို
တစ်ခုခု အရေးပေါ် ဖြစ်လာခဲ့ရင် တပ်မတော်ရဲ့ တာဝန်ယူမှု အပိုင်းဟာ ကာလရှည်
မဟုတ်ဘဲ ကာလတို ခေတ္တထိန်းသိမ်းတဲ့ အခြေအနေမျိုးတွေ ကြုံလာရနိုင်တယ်လို့
ဆိုပါတယ်။ ၂ဝ၁၄ ဇွန်လနောက်ပိုင်း ဆိုရင်တော့ မြန်မာနိုင်ငံဟာ
အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက် နိုင်မယ် လို့လည်း ဟောကိန်းထုတ်ထားပါတယ်။
စံဇာဏီဘို
ဆရာစံဇာဏီဘိုရဲ့
ဟောကိန်းတွေကို True News ဂျာနယ်မှာ အနည်းအကျဉ်း တွေ့ရပြီး မကြာသေးခင်က
ဧရာဝတီ အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုဒ်က အင်တာဗျူးမှာ အတော်လေး ပြည့်ပြည့်စုံစုံ
ဖော်ပြ ထားတာ တွေ့ရပါတယ်။ ကြည့်ပါဦး True News ဂျာနယ် မှာ ဖော်ပြ ထားတဲ့
ဆရာစံဇာဏီဘိုရဲ့ ဟောကိန်းကို။
"အဂ္ဂသာရဏီဗေဒင်ကျမ်း
စာမျက်နှာ ၆၂ နဲ့ ၈၅ အရ ၂ဝ၁၂ ၊ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ တူရာသီထဲကို
ရာဟုဂြိုဟ် ရောက်တယ်။ ရာဟုဂြိုဟ် တူရာသီထဲ ရောက်တဲ့အချိန်မှာ နေကြတ်တာ
ဒါမှမဟုတ် လကြတ်တာ တစ်ခုခု ဖြစ်ရင် ဒုဗ္ဘိက္ခန္တရကပ် အပါအဝင် ကပ် ၃ ပါး
ဆိုက်မယ်။ ၂ဝ၁၄ ဇူလိုင် ၁ ရက်နေ့ နောက်ပိုင်းက စပြီး မြန်မာနိုင်ငံဟာ ကောင်းမွန် ပြည့်စုံတဲ့ နိုင်ငံတော်ကြီးအဖြစ် ရောက်ရှိမယ်။"
၂ဝ၁၃ ကို ဘယ်လို မြင်လဲလို့ ဧရာဝတီဆိုဒ် အင်တာဗျူးက မေးမြန်းရာမှာ
"There
will not be fast changes like 2012. In 2012 all sorts of things
happened. But in 2013 all the reactions will slow down. All things can
happen expectedly, but not unexpectedly like in 2012.
Between
Jan. 4 and Feb. 19, from April 26 to May 2, and between July 24 and
Aug. 26, these days will be able to bring some [political] changes. But
nobody can make amendments to our Constitution. There will be some
rules and acts that are a little bit positive, but only in these three
periods. [Aung San Suu Kyi and ethnic rebel groups are seeking broad
changes to the controversial 2008 Constitution.]
There
will be no changes to the head of the country, but … in January and
March there will be some changes in the head of the ministries. Aung
San Suui Kyi can get more power, not only as an MP, but she can reach
higher in the year 2013, like the vice-presidential level or minister
post, but not yet the president.
Finance
and business next year will not be very nice. April, May, these
moments are not good for the traders and business persons. The weather
has to be taken care of in May and August and November. … Earthquakes
and floods—the earth and water—can then give minor trouble."
ဟောကိန်းအပြည့်အစုံကို ဟောဒီလင့်ခ်ကနေ သွားရောက် ဖတ်ရှုနိုင်ပါတယ်။
ဆရာနှစ်ပါးရဲ့
ဟောကိန်းတွေကို သုံးသပ်ရာမှာ ၂ဝ၁၃ ဟာ မြန်မာနိုင်ငံအဖို့ အကောင်းထက်
အဆိုးဘက် အလေးသာနေတယ် ဆိုတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သူတို့လို မဟောနိုင်
မပြောနိုင်ပေမယ့် ကျွန်တော့် စိတ်ထဲ ထင့်နေတာ တစ်ခု ရှိပါတယ်။
ဒါကတော့ ၂ဝ၁၃ ၊ နိုဝင်ဘာ-ဒီဇင်ဘာလတွေမှာ အများမြင်ကွင်းထဲ ပေါ်ထွက်လာမယ့် (ISON) ကြယ်တံခွန်ကြီး တစ်စင်းအကြောင်းပါပဲ။ အဲဒီကြယ်တံခွန် ကိစ္စကို နောက်ပိုင်းမှာ ဆက်လက် ရေးသား ပါဦးမယ်။
လောလောဆယ်
ဒီနေ့ည ၁၂ နာရီ ကျော်တာနဲ့ ဖြတ်သန်းရတော့မယ့် ၂ဝ၁၃ မှာ ခင်ဗျားတို့
ကျွန်တ်ာတို့ မြန်မာနိုင်ငံသားအပေါင်း စိတ္တသုခ၊ ကာယသုခတွေ ပြည့်ဝပြီး
လိုရာပန်းတိုင်တွေ အရောက်လှမ်းနိုင်ကြပါစေလို့ မဝံ့မရဲ
ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျား။
0 comments:
Post a Comment