"ဒေါ်ခင်ကြည်သည် ဈေးသွားလျှင် မိမိတို့ အိမ်တွင် အစောင့်အဖြစ်နေသည့် ရဲဘော်များထဲမှ တစ်ယောက်မဟုတ် တစ်ယောက်ကို ခေါ်သွားတတ်၏။
ရဲဘော်လေးများမှာ ဗိုလ်ချုပ်ကတော်ဖြစ်သော ဒေါ်ခင်ကြည်ကို ခင်မင်လေးစားကြသည်။ ထို့ကြောင့် ဒေါ်ခင်ကြည် ဈေးသွားဖို့ခေါ်လျှင် ချက်ချင်းထလိုက်ကာ ဈေးမှအပြန်တွင်လည်း ဈေးခြင်းတောင်းအား ဂုဏ်ယူကျေနပ်စွာ သယ်ပေးသည်။
တစ်နေ့ ဒေါ်ခင်ကြည် ဈေးမှအပြန်တွင် အပြင်ထွက်မည့်ဆဲဆဲ ပြင်ဆင် ထားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် မျက်နှာချင်းဆိုင် တွေ့သည်။
ဗိုလ်ချုပ်အောင်ဆန်းက ဒေါ်ခင်ကြည့်နောက် မှ ဈေးခြင်းတောင်း ဆွဲပြီး လိုက်လာသော ရဲဘော်လေးကိုမြင်သည်နှင့် စိတ်ဆိုးမာန်ဆိုး ဖြစ်သွား၏။
" ဒါ ဘာလုပ်တာလဲ၊ ဒီရဲဘော်က တိုင်းပြည်က လစာပေးခန့် ထားတဲ့ ရဲဘော်၊ ငါတို့ အိမ်က အစေခံမဟုတ်ဘူး၊ နောက် အခုလိုမခိုင်းပါနဲ့ " လို့ ဒေါ်ခင်ကြည်အား ဆူပါတော့သည်။
(အောင်ဆန်း၏ မဟေသီ စာအုပ် စာမျက်နှာ ၁၈၈) (From- May Nge)

0 comments:
Post a Comment