
ဆောင်းပါးရှင် - ဝေဟင်ရဲ့ ဟိုတစ်စ ဒီတစ်စ တပ်တွင်းပေါက်ကွဲသံများ - အပိုင်း (၂)ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်ဖတ်ရှုနိုင်ပါသည်။
တပ်မတော်ထဲက အဆင်မပြေမှုများစွာကို ဒီနေရာကနေ ပြည်သူတွေဆီ ဆက်လက်ပြောပြချင်ပါတယ်။ ဒါမှလည်း “မြွေတိုင်း အဆိပ်မရှိဘူး” လို့ လက်ခံပေးကြမှာပါလို့ အစချီပြီး ကျွန်တော့်ဝန်းကျင်က အပိုင်းအစများစွာကို စုစည်းနိုင်သမျှ ဖော်ပြပေးနေခဲ့တာပါ။ ကိုယ့်ပေါင်ကို လှန်ထောင်းတယ်ပဲဆိုဆို ဒီလိုအဖြစ်မျိုးတွေကို သိသင့်သူတွေဟာ ပြည်သူတွေသာ ဖြစ်ပါတယ်။
ဒါမှအနာဂါတ်နိုင်ငံတော်မှာ တပ်မတော်ရဲ့ Image ကို ပြင်ဆင်နိုင်မှာပါ။ သမ္မတဦးသိန်းစိန် Image တွေ ကောင်းပေမဲ့ တပ်မတော်ကို ပစ်ထားဖို့ မသင့်ပါဘူး။ စစ်တပ်ထဲက ဆရာမွေး၊ တပည့်မွေး တော်လေးတော်ရှိတယ်လို့ ကြားရပါတယ်။ လေတပ်လို “ဆရာ” လို့ တရားဝင်ခေါ်နေတဲ့ အဖွဲ့အစည်းအတွက်ကတော့ မထူးဆန်းပါဘူး။ ကာကွယ်ရေးဦးစီးချုပ်(လေ) အဆက်ဆက်ဟာ Fighter Pilot တွေဖြစ်ပြီး Role ခွဲရာမှာလည်း Fighter Pilot ဟာ ထိပ်ကပဲ ဖြစ်ပါတယ်။ လေတပ်မှာ အရာရှိချင်းတူရင် လေသူရဲက ဦးစားပေးဖြစ်ပြီး စက်လက်အရာရှိ (EO) က နောက်ကပါ။ စက်လက်အရာရှိမှာလည်း B.E ဘွဲ့ရ စက်/လက်အရာရှိပြီးမှ လျှပ်စစ်/ ချိန်ခွက်အရာရှိ၊ ရေဒီယို/ ရေဒါ အရာရှိ၊ လက်နက်အရာရှိတွေက နောက်မှာပါ။ ဒီအစဉ်အလာဟာ ဦးကျိုးနေပြီဖြစ်ပြီး ယခု DSTA ဆင်း B.E ဘွဲ့ရချင်းမှာတောင် Propulsion & Flight Vehicle ရလာတဲ့ Aeronautical Engineer များက ဦးစားပေးဖြစ်ပြီး Mechanical, EP, EC များက နောက်မှာပါ။ ပြင်ပနဲ့ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
ဆက်ပြောရရင် လေသူရဲမှာလည်း ထိပ်ဆုံးမှာရှိတာချင်းအတူတူ Fighter ပြီးမှ သယ်သူပို့ဆောင်ရေးလေယာဉ်မောင်းသူနဲ့ ရဟတ်ယာဉ်မောင်းသူများလို့ အဆင့်ခွဲထားတာပါ။ ရာထူးနေရာပေးရင်လည်း ဒီ Role အတိုင်းပဲ စဉ်းစားပါတယ်။ ထူးထူးဆန်းဆန်း ဒုဗိုလ်ချုပ်ကြီးကျော်သန်းနဲ့ ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေတို့ဟာ Transport Pilot ကနေ ဦးစီးချုပ်တက်ဖြစ်ခဲ့ကြပြီး အဲဒီကာလတွေမှာ သာတူညီမျှ ဆက်ဆံခံခဲ့ရပေမယ့် အေးနေ၀င်းတို့ကိစ္စနဲ့ ဆရာမြင့်ဆွေပြုတ်ကာ လက်ရှိဦးစီးချုပ် F-7 လေသူရဲ ဗိုလ်ချုပ်မြတ်ဟိန်း တက်လာချိန်မှာတော့ Fighter မှ Fighter ပြန်ဖြစ်လာပါတော့တယ်။

“ဘယ်သူ့ အိတ်ထဲကမှ နှိုက်ယူတာ မဟုတ်ဘူး” လို့ ဖြစ်ပါတယ်။ ဒီလိုမှ မရပ်တည်ရင် လေတပ်ထဲက စစ်ဗိုလ်ရော၊ စစ်သည်ရော မိသားစုဝင်တွေပါ ငတ်သေဖို့ပဲ ရှိပါတော့တယ်။ ဆီရောင်းငွေမှ ပေးသင့်တာပေးပြီး ကျန်သည်ကို အုပ်မှူးနှင့် အုပ် E.O ဝေစု ခွဲရပါတယ်။ အုပ်မှူးယူတဲ့ ၆၀% ဟာ လေသူရဲများအတွက် ဖြစ်ပါတယ်။ ယခင် လေသူရဲနည်းပါးစဉ်ကတော့ အုပ်မှူး၊ ဒုအုပ်မှူး၊ ၀ါရင့်လေသူရဲ၊ လေသူရဲအငယ်များအစဉ်လိုက် ဝေပုံကျရကြပါသေးတယ်။
အခုတော့ ဆီဈေးကျနေသလို “၆၃” လေယာဉ်မောင်း သင်တန်း (DSA 41 ဆင်းများ) စသော လေသူရဲအင်အားကလည်း များလာ၊ အုပ်မှူးများကလည်း မရေရာသော သူတို့အနာဂတ်အတွက် အသားကုန်စုဆောင်းနေကြရာ ဗိုလ်မှူးအဆင့်များတောင် ပုံမှန် အာရကေ (အကြံအဖန်) မရကြတော့ပါ။ ကျန် ၄၀% ကို ရရှိတဲ့ အုပ် E.O ကတော့ စက်မှုလက်မှုအရာရှိနဲ့ စစ်သည်များအတွက် ထပ်မံ ခွဲဝေပေးရပါတယ်။ နိုင်ငံတော်က ထုတ်မပေးနိုင်တဲ့ ကွန်ပျူတာ၊ မိတ္တူစက်စတဲ့ ရုံးသုံးပစ္စည်းတွေ၊ အပန်းဖြေဖို့ တီဗွီ၊ စလောင်း စတာတွေကို ဆီထုတ်နိုင်စွမ်းရှိသလောက် ၀ယ်ယူနိုင်ပေရာ ဆီစားများသော လေယာဉ်အုပ်ဟာ ပိုချမ်းသာတယ်လို့ လေတပ်မှာ ဆိုစမှတ်ပြုကြရပါတယ်။
ယခင်က ကိုမြတ်ဟိန်းအုပ်မှူးလုပ်ခဲ့တဲ့ ရှမ်းတဲမှ အမှတ်(၅)အုပ်ဟာ တချိန်ကအချမ်းသာဆုံးဖြစ်ခဲ့ပြီး ယခုဆိုရင်တော့ အထူးလေယာဉ်အုပ်လို့ ခေါ်ဆိုသော အမှတ်(၁၈) အုပ် (MiG-29) အုပ်က အချမ်းသာဆုံး ဖြစ်လာပြီး လေသူရဲတိုင်းအတွက် Laptop တစ်လုံးစီထုတ်ပေးထားကာ လေတပ်မှာ တစ်ခုတည်းသော Internet ကို ၀ယ်ယူတပ်ဆင်အသုံးပြုနိုင်တဲ့အုပ်လည်း ဖြစ်ပါတယ်။ လေတပ်ထဲမှာရှိတဲ့ Hour ကုန်လုလုလေယာဉ်များရဲ့  ရှေ့ရေးကိုပြောပြပါအုံးမယ်။ A-5 များဟာ တရုတ်တပ်မတော် PLA-Air Force တွင် မသုံးတော့ပဲ Nan Chang မြို့ရှိ စက်ရုံရှေ့ လေယာဉ်ကွင်းတလျှောက်မှာ ဒီအတိုင်းပစ်ထားတဲ့ Write Out လေယာဉ်တွေကို မြန်မာလေသူရဲများက သတ္တိပြောင်မြောက်စွာ မောင်းနေကြခြင်း ဖြစ်ပါတယ်။

သို့သော်လည်း F-7 Over Haul Plant အခြေတည်ရာ လေယာဉ် တွန်းထုတ်ရန်သာတတ်နိုင်တဲ့ မင်္ဂလာဒုံရှိ (ယခင်) ပြုပြင်ထိန်းသိမ်းရေးလေတပ် (ယခု) လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်ကို ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးရဲ့  လေယာဉ်စက်ရုံးဘေးနေရာဖြစ်သော ရှမ်းတဲလေယာဉ်ကွင်းဘေးသို့ရွှေ့ဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိန့်ပေးခဲ့ပါသေးတယ်။ DI က လေယာဉ်ထုတ်မယ်ဆိုရင် လေတပ်က ဘာဆက်လုပ်မှာလဲ၊ ဒီလေယာဉ်ကိုရော ဘယ်သူက စမ်းမောင်းမှာလဲ၊ ယခင်ရှိပြီးသား F-7 , MiG-29 လေယာဉ်တွေက ၂၀၀၉ အကုန်မှာ သက်တမ်းကုန်နေပြီဖြစ်ရာ ဘာဆက်လုပ်မှာလဲ၊ ရဟတ်ယာဉ်တွေကလည်း ပျံနိုင်တာက Mi-17 ပဲရှိပြီး သူ့ကိုလည်း နာဂစ်မှာ တအားသုံးခဲ့လို့ လည်ပင်းအစ်ပြီး ဆန့်ငင်ငင်ဖြစ်နေပါပြီ။ ဒီလိုလေယာဉ်သက်တမ်းတွေ ကုန်နေသလို လေယာဉ်ခဲယမ်းတွေထဲက မသုံးရက်လို့ အလှကြည့်ထားတဲ့ Missile တွေ၊ ဒုံးကျည်တွေကရော လုံခြုံမှုရှိရဲ့လား၊ ဒီလက်နက်တွေကို သေသေချာချာ သိသူတွေရော လေတပ်ထဲမှာ ရှိပါသေးရဲ့လား၊ ဒါတွေက မေးသင့်တဲ့ မေးခွန်းများစွာထဲက တချို့လောက်ဘဲ ရှိပါသေးတယ်။
ဆောင်းပါးရှင် - ဝေဟင် ရဲ့ ဟိုတစ်စ ဒီတစ်စ တပ်တွင်းပေါက်ကွဲသံများ -
0 comments:
Post a Comment