Home » » တောင်တန်းသား သပိတ်ကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပိတ်ထားရ

တောင်တန်းသား သပိတ်ကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပိတ်ထားရ

။ အိန္ဒိယ နယ်စပ်ရှိ တောင်တန်းသားများ ကောင်စီ (HTC)၏ သပိတ်မှောက် ပိတ်ပင်လိုက်
ခြင်းကြောင့် မြန်မာနိုင်ငံနှင့် နယ်စပ် ကူးလူးဆက်သွယ်ရေးနှင့် ကုန်သွယ်ရေးများ တနင်္လာနေ့ ညနေမှ စတင်ကာ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားလိုက်ရသည်။

မိုးရေးမြို့ရှိ HTC ဥက္ကဋ္ဌ Jangmang Haokip ၏ နေအိမ်တွင် ဇန်နဝါရီက ၁၄ ရက်နေ့က ပြင်းထန်သော ဗုံးပေါက်ကွဲ
မှုဖြစ်ပြီးနောက် ညနေ ၇ နာရီမှ စတင်ကာ HTC က သပိတ်မှောက်သည့်အနေဖြင့် တမူး-မိုးရေး နယ်စပ်ကို ပိတ်ပင်
လိုက်ခြင်း ဖြစ်ကြောင်း နယ်စပ်မှလာသော သတင်းများက ဆိုသည်။

စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့်ဟု ရဲနှင့် အာသံရိုင်ဖယ်က ယူဆနေသော်လည်း ထိုဒေသတွင် ဖြစ်နေကျ ဆပ်ကြေးတောင်းမှုနှင့် ဆက်စပ်မှုရှိမရှိ စုံစမ်းနေဆဲဟု သိရသည်။

နယ်စပ်ကုန်သွယ်ရေး ပိတ်လိုက်၍ စီးပွားရေးသမား အမျိုးမျိုးအတွက် ထိခိုက်သကဲ့သို့ အစိုးရများအတွက်လည်း အကောက်ခွန်များ ဆုံးရှုံးရသည်ဟု သုံးသပ်ပြောဆိုကြသည်။

၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်အတွင်း ထိုနယ်စပ်ဂိတ်မှ ဒေါ်လာ ၇.၁၇၀ သန်းဖိုး ကုန်သွယ်နိုင်ခဲ့သည်။ ယခုအခါ ပဲ
အမျိုးမျိုး၊ သစ်၊ သံနှင့်သံထည်၊ အသေးစား စက်ပစ္စည်း ကိရိယာနှင့် ဆေးဝါး စသည့် ပစ္စည်း ၆၂ မျိုး ကုန်သွယ်ခွင့်
ပြုထားခြင်း ဖြစ်သည်။ 


မဇ္ဈိမသတင်းဌာန
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG