မျက်မမြင်များအတွက်ဖုန်းတီထွင်သူအိန္ဒိယနိုင်ငံသားဆုငွေများရရှိ
- Details
- Category: မောက္ခနိုင်ငံတကာသတင်း
- Published on Sunday, 02 December 2012 08:24
- Written by နွေဦး

အသက်၂၉နှစ်အရွယ်ရှိ အိန္ဒိယသား တီထွင်သူတစ်ဦးသည်တန်ဖိုးနည်းမျက်မမြင်များသုံးဖုန်းကိုBraille display ဖြင့် တီထွင်ပေးနိုင်ခဲ့သောကြောင့်ဆုငွေ ဒေါ်လာ၅၀၀၀၀ရရှိခဲ့ကြောင်းသတင်းရရှိသည်။
စူမစ်ဒါဂါအမည်ရှိနယူးဒေလီမှစက်မှုဒီဇိုင်းတီထွင်သူလူငယ်ပညာရှင်သည်Rolexနာရီကုမ္ပဏီမှပေးအပ်သည့်ထိုဆုငွေကိုလက်ခံရရှိသွားခြင်းဖြစ်သည် ဒါဂါသည်ဖုန်းပေါ်တွင် မျက်မမြင်များအသုံးပြုနိုင်ရန်အတွက်အဖုကလေးများကို တီထွင်ထည့်သွင်းပေးနိုင်ခဲ့ပြီး၊Brailleဟုခေါ်သည့်မျက်မမြင်များအသုံးပြုသောစာစနစ်အတိုင်းအသုံးပြုနိုင်မည်ဖြစ်သည်။Brailleစနစ်ကို၁၈၂၄ခုနှစ်ကတည်းက ပြင်သစ်နိုင်ငံသားတစ်ယောက်ကတီထွင်ထားခဲ့ခြင်းဖြစ်သည်။
ဒါဂါက “ဒီဇိုင်းဆိုတာအသုံးပြုသူနဲ့နည်းပညာအကြားမှာ ပေါင်းကူးတံတားပါ”ဟုပြောကြားသွားသည်။သူသည်ရှေ့ပြေးစမ်းသပ်စနစ်ကိုစာပို့စနစ်ဖြင့်တီထွင်ခဲ့ပြီး နောက်၆လအကြာတွင် ယခုမျက်နှာပြင်စမ်းသပ်ပြီးဖတ်နိုင်သည့်စနစ်ကိုတီထွင်ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဖုန်းများတွင်စာသားကိုလိုက်ဖတ်ပေးသည့်စနစ်အားကမ္ဘာအနှံ့မျက်မမြင်ပေါင်း၂၈၅သန်းခန့်အသုံးပြုနေကြပြီး၊ယခုအခါဒါဂါ၏စနစ်သစ်ကြောင့်အသံအစား လက်ဖြင့်ကိုယ်တိုင်စမ်းသပ်ပြီးဖတ်နိုင်ကြတော့မည်ဖြစ်သည်။



0 comments:
Post a Comment