
တရုတ်သံအမတ်ကြီး လီကျွင်းဟွာသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဆောင်သော လက်ပန်းတောင်းစုံစမ်းရေး ကော်မရှင်၏ ဆုံးဖြတ်ချက်ကို ၄င်းတို့နိုင်ငံအနေဖြင့် စောင့်မျှော်နေကြောင်း၊ မှန်ကန်သည့် မျှတသည့်အတိုင်း အဖြေ ထွက်လာလျှင် လက်မခံနိုင်စရာအကြောင်းမရှိဟု ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုပါသည်။
ကြေးနီစီမံကိန်းနှင့် ပက်သက်သော အကျိုးအမြတ်ခွဲဝေမှုတွင် ထုတ်လုပ်သည့် ပစ္စည်းအပေါ်၌ ခွဲဝေခြင်းဖြစ်ပြီး မြန်မာ ပြည်ဘက်မှ အကျိုးအမြတ် ပိုမိုရရှိကြောင်း မြန်မာနိုင်ငံအစိုးရဘက်က ၁၆.၈ ရာခိုင်နှုန်း ဦးပိုင် ကုမ္မဏီက ၁၃.၈ ရာခိုင်နှုန်း ၀မ်ပေါင် ကုမ္မဏီက ၁၃.၃ ရာခိုင်နှုန်း ခွဲဝေရရှိမှာ ဖြစ်ကြောင်း ရင်းနှီးမြုပ်နှံမှုကိုတော့ ၀မ်ပေါင် ကုမ္မဏီ တစ်ဖက်ထဲကပဲ ရင်းနှီးမြုပ်နှံတာဖြစ်ကြောင်း သံအမတ်ကြီး လီကျွန်ဟက ပြောကြားခဲ့ပါသည်။
“ တရုတ်နိုင်ငံသားများ မြန်မာပြည်ထဲကထွက်ဆိုတဲ့ စကားတွေ ကြားနေရလို့ သူ့အနေနဲ့ စိတ်မကောင်း ဖြစ်မိပါကြောင်း တရုတ်နိုင်ငံသား တွေကို မြန်မာနိုင်ငံမှာ မနေစေချင်ဘူးဆိုရင် သံအမတ်ကြီး ဖြစ်တဲ့ ကျွန်တော်လည်း အလုပ်လက်မဲ့ ဖြစ်သွားတော့မှာပါ။”ဟု ပြောကြားခဲ့ပါသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ မြန်မာနိုင်ငံဘက်က ကျင့်သုံးနေတဲ့ ဥပဒေများနဲ့ ကိုက်ညီမှုရှိကြောင်း မြန်မာနိုင်ငံရဲ့ မြေယာဥပဒေအရ လယ်ယာမြေ တစ်ဧကအတွက် လျော်ကြေးငွေပေါင်း မြန်မာကျပ်ငွေ ငါးထောင် ကျပ်ဖြစ်ကြောင်း ၀မ်ပေါင်ကုမ္မဏီက ညှိနှိုင်းပြီး ဒေသခံများရဲ့ တောင်းဆိုချက် ပေါ်မူတည်ပြီး တစ်ဧကကို မြန်မာ ကျပ်ငွေ ငါးသိန်းငါးသောင်း ပေးခဲ့ကြောင်း စီမံကိန်းကြောင့် သိန်းတဲ့မြေဧက ခြောက်ထောင်ကျော်ရှိကြောင်း စုစုပေါင်း လျော်ကြေးငွေ အမေရိကန်ဒေါ်လာငါးသန်းကျော် ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ် သံအမတ်ကြီး လီကျွန်ဟွာ က ဆိုပါသည် ။
မြန်မာနိုင်ငံမှာပြုလုပ်တဲ့ လက်ပံတောင်းတောင် ပြည်သူလူထု ဒေသခံတွေ သိရှိမှု နည်းခဲ့တာကြောင့် စီမံကိန်းကို အထင်လွဲနေတာ ဖြစ်နိုင်ကြောင်း တရုတ် အစိုးရအနေနဲ့ ယုံကြည်မှု အားကောင်းတဲ့ သစ္စာရှိတဲ့ ကုမ္မဏီတွေကိုပဲ မြန်မာပြည်တွင်းမှာ လုပ်ခွင့်ပေးကြောင်း ပြည်သူတွေ အနေနဲ့ မှန်ကန်တဲ့ တောင်းဆိုချက်တွေရှိရင် မှန်ကန်တဲ့ လမ်းကြောင်းက တစ်ဆင့် တင်ပြလို့ရကြောင်း သတင်းနဲ့ပက်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ဒေသ ခံပြည်သူတွေ မသိရှိတာကြောင့် အထင်လွဲနေကြောင်း စီမံကိန်းကို ရပ်ဆိုင်းလိုက်မယ်ဆိုရင် နောင်မှာလာပြီး ရင်းနှီးမြုပ်နှံမယ့် ကုမ္မဏီတွေ အတွက် ကောင်းကျိုးမရှိနိုင်ကြောင်း။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီနဲ့လည်း အပြည့်အ၀ ပူးပေါင်းဆောင်ရွက် သွား မှာဖြစ်ကြောင်း မပြောချင်တဲ့ လျို့ဝှက်ချက်ဆိုတာလည်း မရှိပါကြောင်း လက်ပံတောင်းတောင် အကြမ်း ဖက် ဖြိုခွင်း တဲ့နေရာမှာ သုံးခဲ့ တဲ့ဗုံးဟာ ၀မ်ပေါင်ကုမ္မဏီက ပေးတယ်လို့ သူ့အနေနဲ့မယူဆကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး လီကျွန်ဟွာက ဆိုပါသည်။
ထို့အပြင် တရုတ်မြန်မာဆက်ဆံရေး အပေါ်၌လည်း မြန်မာပြည်သူအချို့၏ လက်ရှိသဘောထားအပေါ် စိတ်မကောင်း ဖြစ်မိပါကြောင်း ထည့်သွင်းပြောဆိုခဲ့ပါသည်။ အဘယ့်ကြောင့် ထိုကဲ့သို့ ဖြစ်ရခြင်းအပေါ် နှစ်နှစ်ကျော်ကြာသည်အထိ စဉ်းစား၍ မရပါကြောင်း ဆိုပါသည်။ ထို့နောက် မြန်မာမီဒီယာများအပါအ၀င် ပြည်ပမီဒီယာများ၏ မေးမြန်းချက်များကို သံအမတ်ကြီးက ပွင့်လင်းစွာဖြေကြားပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။Written by ရွှေဟင်္သာသတင်းဌာန