၁၈၈၅ ခုနှစ်တွင် Archibald Colquhoun သည် “ကမ္ဘာပေါ်တွင် တံခါးမဖွင့်ရသေးသော အကောင်းဆုံး ဈေးကွက်” စာအုပ် ကို ရေးသားခဲ့ပါ သည်။ မြန်မာနိုင်ငံသို့ အလည် ရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ထူပြော လှသော ကျွန်းသစ်တောကြီး များ၊ နုပျိုနေဆဲ ရေလုပ်ငန်းခွင်များ၊ မြေဆီမြေဩဇာ ကြွယ်ဝသော ကွင်း ပြင်များ၊ ရေနံ အရင်းအမြစ် ကြွယ်ဝမှုများ ၊ ကျောက်စိမ်း၊ ရွှေ၊ ကြေးနီ နှင့် ကျောက်မီးသွေး အစရှိသော တွင်းထွက် သယံဇာတ ကြွယ်ဝခြင်း များကို Archibald Colquhoun တစ်ယောက် တခမ်းတနား ရေးသားခဲ့ပါသည်။
Colquhoun ရေးသား ချက်မှန်ကန်ကြောင်းကို ၁၉၂ဝ ပြည့် လွန်နှစ်များတွင် ဒေသတွင်း စီးပွားရေး အချက်အချာ ကျသော နိုင်ငံအဖြစ်လည်းကောင်း၊ ကြွယ်ဝ ချမ်းသာသော နိုင်ငံ အဖြစ်လည်းကောင်း မြန်မာနိုင်ငံသည် ရောက်ရှိခဲ့ပြီး ထင်ရှားခဲ့ပါသည်။
ထိုကဲ့သို့ စစ်ကြိုခေတ်တွင် အထွတ်အထိပ် ရောက်ရှိခဲ့သော မြန်မာနိုင်ငံသည် ဖိနှိပ်ချုပ်ချယ်သော အစိုးရတို့၏ ပယော ဂကြောင့် အဘက်ဘက်မှ ကျဆင်းလာသော အထီးကျန်ဘဝသို့ ဆိုက်ရောက် ခဲ့ရပါသည်။ သို့သော် လည်း ယခုအခါ တွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပြုပြင်ပြောင်းလဲမှု များနှင့်အတူ ပြင်ပကမ္ဘာနှင့် ပြန်လည် ကူးလူး ဆက်ဆံလာချိန်တွင် အသစ်တစ်ဖန် မျှော်လင့်ချက်များ ပြည့်လာနေပါသည်။ လူဦးရေ သန်း ၆ဝ ရှိသည့် ဈေးကွက် ဖြစ်သော မြန်မာနိုင်ငံ သည် ပြင်သစ်နိုင်ငံ ထက် ပို၍ ဧရိယာ ကျယ်ဝန်းပေသည်။ ကမ္ဘာနှင့်ချီသော စီးပွားရေး ဖြစ်စဉ်တွင် ချိတ်ဆက်နေ ပြီ ဖြစ်ပေသည်။
သို့သော်လည်း Ian Gisbourne ၏ “ပြည်မြန်မာ အတွင်းဝယ်” ဟု ခေါင်းစဉ်တပ်ထားသော UBS သို့ တင်သွင်း သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံအား အိမ်နီးချင်းနိုင်ငံ ဖြစ်သော ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်၍ စဉ်းစားဆင်ခြင်ရန် သုံးသပ်ချက် များ ရေးသားခဲ့ပါသည်။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံသည် ယခုအခါ လူဦးရေ ကွာခြားမှု နည်းပါးပြီး လွန်ခဲ့သော အနှစ် ၈ဝ ခန့် ကမူ အင်အားတူ နိုင် ငံနှစ်ခု ဖြစ်ခဲ့ပါသည်။ သို့သော် လက်ရှိ အခြေအနေတွင် ထိုင်းနိုင်ငံသို့ တစ်ပတ် အတွင်း လာသော ကမ္ဘာလှည့် ခရီးသည် အရေအတွက်သည် မြန်မာနိုင်ငံသို့ တစ်နှစ်အတွင်း လာရောက်သော ခရီးသည် ဦးရေနှင့် ညီမျှနေပါသည်။ ဘန်ကောက် မြို့တွင် ရှိသော ဟိုတယ်ခန်း အရေအတွက်သည် မြန်မာနိုင်ငံ တစ်ခုလုံးတွင် ရှိနေသော ဟိုတယ် အခန်း အရေအတွက် နှင့် ညီနေပါသည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင် သုံးစွဲမှုမှာ ထိုင်းနိုင်ငံ သုံးစွဲမှုနှုန်း၏ ၅ ရာခိုင်နှုန်းမျှသာ ရှိနေပါသည်။ မြန် မာနိုင်ငံတွင် မော်တော် ယာဉ်အစီးရေ ၃ သိန်းမျှရှိပြီး ထိုင်း နိုင်ငံတွင် စီးရေ ၅.၄ သန်းမျှ ရှိနေပါသည်။ မြန်မာနိုင်ငံ၏ မြို့တော် ဟောင်း ရန်ကုန်တွင် လူနေအိမ်ခန်း ပေါင်း အဆောက်အအုံပေါင်း ၇၄ဝ မျှရှိချိန်တွင် ဘန်ကောက် တစ်မြို့တည်း တွင် လူနေအိမ်ခန်းအဆောက် အအုံပေါင်း ၁၅ဝဝဝ မျှရှိနေပါသည်။ မိုဘိုင်းဖုန်း သုံးစွဲသူ ဦးရေမှာ မြန်မာနိုင်ငံတွင် လူဦးရေ၏ ၁ ရာခိုင်နှုန်းသာ ရှိပြီး ထိုင်းနိုင်ငံတွင် လူဦးရေ ၏ ၁၁၅ ရာခိုင်နှုန်း ရှိနေပါသည်။ ပျမ်းမျှ လူ့သက်တမ်းမှာ မြန် မာနိုင်ငံသည် ထိုင်းနိုင်ငံထက် ၁ဝ နှစ် နည်းနေပါသည်။ ဓာတ်မြေဩဇာ သုံးစွဲမှု တွင်မူ မြန်မာနိုင်ငံက ထိုင်းနိုင်ငံ၏ ၄၃ ဆ ပိုမိုများပြားနေပါသည်။
အထက်ပါ နှိုင်းယှဉ်ချက်များမှာ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်ပါ သည်။ အကြွေးဝယ်ကတ် စနစ်ဖွံ့ဖြိုး မှုမှာ မြန်မာနိုင်ငံတွင် ကျယ်ပြန့်မှု မရှိသေးပေ။ ရန်ကုန်နှင့် မန္တလေး တို့တွင်ရှိသော ဟိုတယ်ကြီးအချို့၌ သာ သုံးစွဲနိုင်ပြီး ပြန်အမ်းငွေကို ငွေ သားဖြင့် ပြန်လည်ပေးရာတွင် ခရီးသွားများအတွက် ဆုံးရှုံးမှုများလည်း ရှိနေခဲ့ပါ သည်။ သို့နှင့်ပင် မြန်မာပြည်သွား ခရီးသွားများအဖို့ ငွေအပုံအပင် ယူဆောင်လာဖို့ လိုအပ်နေပါသည်။ မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာသာ လဲလှယ် သုံးစွဲရာတွင် လွယ်ကူပြီး နိုင်ငံအတွင်း ဆိုက်ရောက်လာစဉ် အနည်းဆုံး ဒေါ်လာ ၂ ထောင်ပြမှ ဝင်ရောက်ခွင့် ရမည်ဖြစ် ပါသည်။
မြန်မာအစိုးရသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို အသက် သွင်းခြင်းဖြင့် တံခါးဖွင့်လိုက်ပြီး စည်းမျဉ်း စည်းကမ်း အသစ်များဖြင့် ကစားကွက် ကို ပေးခဲ့ပြီဖြစ် ပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး ရရှိထားသည် မှာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ရေး ကဏ္ဍတွင်ဖြစ်ပါသည်။ သဘာဝ ဓာတ်ငွေ့ တင်ပို့မှုသည် မြန်မာပို့ကုန်တွင် အကြီးမားဆုံး ဖြစ်ပါသည်။ မြန်မာပို့ကုန်သည် အမေရိကန်ဒေါ်လာ ၉ ဘီလီယံမျှရှိပြီး ထိုင်းပို့ကုန်သည် ၂၂၅ ဘီလီယံ ဖြစ်ပါ သည်။ မြန်မာနိုင်ငံ သည် ၁၈၅၃ ခုနှစ်မှစ၍ ရေနံ ထုတ်လုပ်မှု စတင်ခဲ့သော နိုင်ငံ ဖြစ်သောကြောင့် ရေနံထုတ်ရာတွင် သမ္ဘာရင့်နိုင်ငံဖြစ်ပြီး ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက် များစွာ ရှိနေသေးသော နိုင်ငံဖြစ်ပါသည်။
စကော့လူမျိုး Sin James George Scott သည် ၁၈၈၂ ခုနှစ်က မြန်မာပြည် အကြောင်း ရေးသားရာတွင် မြန်မာ့လယ် ယာမြေသည် စိုက်ပျိုးရန် အထူး ကောင်းမွန်ပြီး သင့်တော်သော ရာသီဥတုရှိကြောင်း ရေးသားခဲ့ ပါသည်။ အထူးသဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသည် လယ်ယာစိုက်ပျိုးရေးအတွက် အထူး ကောင်းမွန် ပါသည်။ သို့နှင့်ပင် ကမ္ဘာပေါ်တွင် ဆန်တင်ပို့မှု အများဆုံး ထိပ်တန်းနိုင်ငံ စာရင်းတွင် မြန်မာ ပါဝင်ခဲ့ပါသည်။
မြန်မာနိုင်ငံသည် မိုင်ပေါင်း ၁၈ဝဝ မျှ ရှည်လျားသော ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသည့် အလျောက် လူများ ခြေမချ ရသေးသော လှပသော ကမ်းရိုးတန်းဒေသများစွာ ကျန်ရှိနေပါသည်။ အဆိုပါ ကမ်းရိုးတန်း ဒေသများ တွင် ဖွံ့ဖြိုးမှုမှာ နည်းပါး လွန်းပါသည်။ ဒေသတစ်ခုတွင် ထူးဆန်းသော စည်းကမ်းတစ်ခုမှာ အိမ်ဆောက်လျှင် အုန်းပင်ထက် ပိုမမြင့်ရဟု ဆိုထားသဖြင့် ကြားသိရသူတို့ ပြုံးမိကြပါသည်။ ကပ္ပလီပင်လယ် အတွင်းတွင် လူသူ မနေသော ကျွန်းပေါင်း ၈ဝဝ မျှ ရှိနေပါသည်။ မြန်မာနိုင်ငံ တွင် လတ်ဆတ်သော ငါးများနှင့် ပင်လယ်ခရုများမှာ ပေါ များလွန်းလှပါသည်။ ထို့ပြင် သစ် မာသစ်တောများမှာလည်း ကျယ် ပြောစွာပေါက်ရောက်လျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် အိမ်ခြံမြေ လုပ်ငန်းမှာ အခွင့်အလမ်းသာသော လုပ်ငန်းအဖြစ် တည်ရှိနေသော်လည်း ရန်ကုန်မြို့ တွင် မြင်သာသည့် အဆောက်အဦ တိုးတက်မှုမှာ နည်းလွန်းပါသည်။ ဤသည်ကို Gisbourne က ထိုင်းနိုင်ငံနှင့် နှိုင်း ယှဉ်ပြရာတွင် လူဦးရေ ၄ သန်းရှိသော ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာ စုစုပေါင်းမှာ ဘန်ကောက်မြို့ ရှိ ဈေးဝယ်စင်တာ တစ်ခုမျှသာ ရှိသည်ဟု ဖော်ပြထားပါသည်။ အလားတူစွာ ရန်ကုန်မြို့ရှိ ရုံးခန်း စုစုပေါင်း အကျယ်အဝန်း မှာ ဘန်ကောက်မြို့ Sathorn လမ်းမကြီးပေါ် ရှိ ရုံးခန်း စုစုပေါင်း အကျယ် အဝန်းနှင့် ညီမျှကြောင်း ရေးသားထားပါသည်။
သို့နှင့်ပင် မြန်မာနိုင်ငံ မှန်မှန် ဖွံ့ဖြိုးလာမည်ဆိုပါက ရုံးခန်းများ၊ ဟိုတယ်များ၊ ဈေးဝယ်စင်တာများ သည်လည်း တိုးပွား လာမည်ဖြစ်ပြီး ရထားလမ်းများ၊ အဝေးပြေးလမ်း များ၊ ပိုက်လိုင်းများ၊ ရေဆိုးသန့်စင်ရေး လုပ်ငန်းများ၊ အဆင့်မြင့် အထပ်မြင့် အဆောက်အအုံများနှင့် လျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်း တိုးချဲ့ရန်မှာ မရှိမဖြစ် လိုအပ် လာမည် ဖြစ်ပါသည်။ ၁၉၅ဝ ပြည့်လွန်နှစ်များက ထုတ်ဝေခဲ့သော Norman Lewis ၏ “ရွှေကမ္ဘာ ပြည်မြန်မာ” စာအုပ်တွင် စာရေးသူက မြန် မာနိုင်ငံသည် အသားအရောင် ခွဲခြားမှုမရှိသော နိုင်ငံအဖြစ် ရေးသားခဲ့ပါသည်။ သို့ သော် အဆိုပါ စာအုပ်ထုတ်ဝေပြီး ၁ဝ နှစ် အကြာမျှတွင် မြန်မာနိုင်ငံသည် စစ်ဘက် အာဏာသိမ်းခြင်းနှင့် အတူ အမှောင်တိုက်အတွင်း ကျရောက်ခဲ့ရပါသည်။
ထို့နောက်တွင်တော့ နှစ်ပေါင်း ၅ဝ မျှအကြာတွင် မြန်မာနိုင်ငံတစ်ဖန် နိုးထလာခဲ့ချေပြီ။ ယခုအခါမှာတော့ မြန်မာနိုင်ငံကို ၁၈၈၅ ခုနှစ်က Archilbald Colquhoun ရေးသားခဲ့သည့် ဆင်ခြင် သုံးသပ်မှုမျိုးဖြင့် ပြန်လည် သုံးသပ်ရပေတော့ မည်။ မြန်မာနိုင်ငံသည် မလွဲမသွေ “ကမ္ဘာ့ တံခါး မဖွင့်ရသေးသော အကောင်းဆုံး ဈေးကွက်” တည်ရှိနေ သည့် နိုင်ငံဟုပင် ဆိုရမည် ဖြစ်ပါသည်။
ဘိုဘိုဦး
0 comments:
Post a Comment