ပွင့်လင်းမြင်သာမှုရှိသော နိုင်ငံတော် အကြွေး၊ ပျောက်ဆုံးနေသော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရေပေါ်ဆီများတဲ့ အနာဂတ် တိုင်းပြည်
၀၂ နိုဝင်ဘာ ၂၀၁၂
ပွင့်လင်းမြင်သာမှုရှိသော နိုင်ငံတော် အကြွေးများ
မြန်မာပြည်တွင် နှစ်ပေါင်းများစွာ တောက်လောင်နေသော ရေရှည်ပြည်တွင်းစစ်သည်
တိုင်းပြည်ကို ဆင်းရဲတွင်းနက်ယုံမက အိမ်နီးချင်း အာဆီယံနိုင်ငံများနှင့်
နှိုင်းယှဉ်ပါက နိုင်ငံ၏စီးပွားရေး အပါအ၀င် အစစအရာရာ၌ အောက်ကျနောက်ကျ
ဖြစ်ခဲ့ရပေသည် ။
ပထမ ကမ္ဘာစစ် ၊ ဒုတိယ ကမ္ဘာစစ် အပါအ၀င် ဘာသာရေး ၊ လူမျိုးရေး ၊ စီးပွားရေး
နှင့် နယ်ချဲ့ လိုမှုများကြောင့် ဖြစ်ပွားရသည့် လူသားအားလုံးကို
အကျိုးမပြုသော စစ်ပွဲမှန်သမျှသည် နောက်ဆုံး၌ စားပွဲဝိုင်းတွင်
နိုင်ငံရေးနည်းဖြင့် ညှိနှိုင်း ဆွေးနွေး အဖြေရှာ ရစမြဲ ဖြစ်သည်ကို
သမိုင်းသင်ခန်းစာများအား ကြည့်ခြင်းဖြင့် ကောင်းစွာ သိမြင်နိုင်ပါသည် ။
ထို့ ကြောင့်တိုင်းပြည်၏ ဖွိ့ ဖြိုးတိုးတက်မှုများကို အဟန့် အတားဖြစ်စေသော
စစ်ပွဲများနေရာတွင် နိုင်ငံ၏အနာဂတ်အား လှပစွာ ပုံဖော်တည်ဆောက်နိုင်မည့်
ငြိမ်းချမ်းရေးဖြင့် အစားထိုးရမည်ကို မြန်မာပြည်၏ လက်ရှိအစိုးရအပါအ၀င်
အတိုက်အခံ နိုင်ငံရေး ၊ တော်လှန်ရေး အဖွဲ့ အစည်း အသီးသီးမှ ဓမ္မဓိဌာန်ကျကျ
ရှုမြင်သုံးသပ်ရမည့် အချိန်အခါလည်း ဖြစ်ပါသည် ။
တခြားတစ်ဖက်တွင်လည်း ပြည်သူများမှ ငြိမ်းချမ်းရေး လိုလားကြောင်း
ဆန္ဒပြပွဲများဖြင့် အကြိမ်ကြိမ်တောင်းဆိုလျက်
မီးမောင်းထိုးပြပြီးဖြစ်သော်လည်း မည်သို့ မျှမပြောင်းမလဲ ဆက်ဖြစ်နေ သည့်ကချင်ဒေသမှ စစ်ပွဲများ
၊ ရခိုင်ဒေသမှ မတည်ငြိမ်မှုများသည် မည်သည့်အကြောင်းပြချက်များကြောင့်
ဖြစ်ပွားစေကာမူ ငြိမ်းချမ်းရေးကို လိုလားသော လူထုဆန္ဒအား မလေးမစား
သွေဖီရာရောက်ပါသည် ။
တိုင်းပြည်၏ ပြည်သူ့ ဘဏ္ဍာငွေများသည် ဆင်းရဲမွဲတေနေသော တိုင်းပြည်၏ပြည်သူ
့ဘ၀တိုးတက်မြင့်မားရေးလုပ်ငန်းများဖြစ်သော ကျန်းမာရေး ၊ ပညာရေး ၊
အလုပ်အကိုင်ဖန်တီးရေး လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံ သုံးစွဲရမည့်အစား
တိုင်းရင်းသားလူမျိုးအချင်းချင်း သတ်ဖြတ်နေသော စစ်ပွဲများတွင်
သုံးစွဲလျက်ရှိသည်ကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့ နေရပေသည် ။
အောက်တိုသာလ ၊ ၂၀၁၂ မှာ ကျင်းပသော
ပြည့်သူ့လွှတ်တော် အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ပြည်တွင်း ပြည်ပ
သို့ ပေးဆပ်ရန် ရှိသော ကြွေးမြီနှင့် ပတ်သက်၍
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက
နိုင်ငံပေါင်းစုံ ပါဝင်သော ကမ္ဘာ့ခရီးသွားလုပ်ငန်အဖွဲ့ ၏ အစီရင် ခံစာအရ
$2.17 trillion)ြ$3.82 trillion )ဖြစ်ခြင်းကြောင့် တိုင်းပြည်သည် လိုငွေ $1.48 trillion ပြနေပေသည် ။
ထို့ ကြောင့်လည်း အကြွေးတင်နေသော အမေရိကန်နိုင်ငံ၏ သမ္မတ
ရွေးကောက်ပွဲများတွင် တိုင်းပြည်၏ သဏ္ဍာငွေအား မည်သို့ မည်ပုံ
ခွဲဝေသုံးစွဲမည်ကို သမ္မတလောင်းများမှ ပြည်သူအား မဲဆွယ်စည်းရုံးရပေသည် ။ သို
့ဖြစ်၍ ၂၀၀၈ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်း အိုဘားမားသည်
တိုင်းပြည်၏ စစ်အသုံးစားရိတ်ကို လျော့ချသည့် အနေဖြင့် အီရတ်မှ
အမေရိကန်စစ်သားများအား သူရွေးကောက်ပွဲတွင်အနိုင်ရပါကပြန်လည်ခေါ်ယူမည်ဟု
ဂတိပြုယုံမက တိုင်းပြည်၏စီးပွားရေး ဦးမော့လာအောင် လုပ်ဆောင်မည်ဟု
ပြောဆိုမှုကြောင့် ပြည်သူ့ နှလုံးသားကို ဆုပ်ကိုင်နိုင်ခဲ့ပေသည် ။
၂၀၁၂ ရွေးကောက်ပွဲသည် လာမည့် နိုဝင်ဘာလ ပထမပတ်တွင် ကျင်းပမည်ဖြစ်သော်လည်း
လက်ရှိဖြစ်ပွားနေသောအမေရိကန် ပြည်သူပြည်သား ( ၆၁ ) ယောက်သေဆုံးသော
Sandy မုန်တိုင်းကြောင့် အမေရိကန် ရွေးကောက်ပွဲဝင် မည့် လက်ရှိသမ္မတ
အိုဘားမားမှ ရွေးကောက်ပွဲ မဲဆွဲစည်းရုံးမှုများကို ရပ်တန့် ထားပေသည်
။ယင်းအဖြစ်အပျက်ကို နှိုင်းယှဉ်လျက်
၂၀၀၈ တွင် နာဂစ်မုန်တိုင်း ဒဏ်ကြောင့် မြန်မာပြည်သူပြည်သား တစ်သိန်းကျော်
သေဆုံးသည့်ကြား၌ပင် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လူထုဆန္ဒမပါပဲ
စစ်အစိုးရမှ အတင်းအကြပ် အတည်ပြုခဲ့မှုအပေါ် သတင်းမီဒီယာများ အပါအ၀င် ဖေ့ဘုတ်
လူမှုကွန်ယက်စာမျက်နှာများတွင် ပြောဆို သုံးသပ်မှုများ ကြားနေရပေသည် ။
ပျောက်ဆုံးနေသော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရေပေါ်ဆီများတဲ့အနာဂတ် တိုင်းပြည်
မြန်မာပြည်၏ အစိုးရနှင့် အတိုက်အခံကြား တွင် တစ်ဖက်နှင့်တစ်ဖက် အတိတ်မှ
အမှားများကို လက်ညှိုးထိုးစွပ်စွဲမှုအစား အနာဂတ် တိုင်းပြည်နှင့်လူမျိုး
အကျိုးစီးပွားအတွက် တူညီတာများကို ပူးပေါင်းလုပ်ဆောင်နေမှုများသည်
နိုင်ငံတကာကိုပင် အံ့အားသင့်စေခဲ့ပါသည် ။
ဆိုလိုသည်မှာ လူထုဆန္ဒကို လစ်လျူရှုကာ အကြမ်းဖက်မှုများဖြင့် ဖြိုခွဲ
နှိမ်နှင်း သတ်ဖြတ်နေသော ဆီးရီးယားနိုင်ငံ၏ အဖြစ်ဆိုးမျိုး မြန်မာပြည်တွင်
မဖြစ်ပေါ်ခဲ့ ခြင်းက လက်ရှိ အစိုးရ ၊ အတိုက်အခံနှင့်
တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ၏စစ်မှန်သော ပြည်တွင်း
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို လိုလားသော စိတ်ဓာတ်ကို
ပြသရာရောက်ပေသည် ။
တစ်ချိန်ထဲတွင်ပင် တိုင်းရင်းသားလူမျိုးစုများ တောင်းဆိုနေသော
ဖယ်ဒရယ်ပြည်ထောင်စုသည် ခွဲထွက်ရေးမဟုတ်ပဲ ဒီမိုကရေစီနှင့် လူ
့အခွင့်အရေးကို လေးစားလိုက်နာတာ တန်းတူရေး ၊
ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုသောအချက်များသည် ဗဟိုအစိုးရနှင့် ပြည်နယ်များကြား
အာဏာကို မည်သို့ မည်ပုံ ခွဲဝေမည့် ပေါင်းစည်းရေးဖြစ်ကြောင်းအား
စစ်တပ်အပါအ၀င် လက်ရှိ အစိုးရမှ သဘောပေါက်ကာ နိုင်ငံရေးနည်းကို
နိုင်ငံရေးနည်းဖြင့် အဖြေရှာကြမည်ဖြစ်ကြောင်း ကောင်းသတင်းများ ဟိုနားတစ်စ
ဒီနားတစ်စ ကြားနေရပေသည် ။ လက်ရှိအနေဖြင့် ကချင် ဒေသမှလွဲ၍ တတိုင်းပြည်လုံး
အပစ်အခတ် ရပ်စဲထားပြီး ဖြစ်သော်လည်း တိုင်း ရင်းသားဒေသရှိ
ပြည်သူပြည်သားအများစုမှာ ကျီးလန့် စာ စားနေရစဲဖြစ်ကြောင်း
သတင်းများလည်းဖြစ်ပေါ်လျက်ရှိပေသည် ။
ယခင် စစ်အစိုးရ အဆက်ဆက်မှ ရေပေါ်ဆီ စစ်ဗိုလ်ချုပ်ကြီးများအပါအ၀င်
အစိုးရအရာရှိကြီးများသည် စီးပွားရေးလုပ်ငန်းရှင်
ခရိုနီများနှင့်ပူးပေါင်းကာ လူတစ်စုကောင်းစားရေး တံခါးဖွင့် စီးပွားရေးအား
ကျင့်သုံးခဲ့ပေသည် ။ တိုင်းပြည်နှင့်လူထုအား အကျိုးပြုမှုများဖြစ်စေသည့်အပေါ်
လူထုမှသံသယဖြစ်စေ ယုံမက ပွင့်လင်းမြင်သာမှုမရှိသော စာရင်းအင်းများအရ
အကြီးအကျယ် လာပ်ပေးလာပ်ယူမှုများကို ဖြစ်ပေါ်စေခဲ့ပါသည် ။ ရေတို
အကျိုးစီးပွားကိုသာ အာရုံစိုက်ခဲ့သော အကျိုးဆက်အဖြစ် ရေရှည်၌
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးလျက် လူထုဘ၀မှာ လယ်ယာမဲ့ အိမ်ယာမဲ့
အခြေအနေမဲ့ဖြစ်ကာ လူမှု ဒုက္ခမျိုးစုံကို နေ့ စဉ်နှင့်အမျှ ကြုံတွေ
့နေမှုများက ခေတ်ဆိုး၏ ပုံရိပ်အဖြစ် ယခုအခါ သက်သေခံလျက်ရှိပေသည် ။
အမေရိကန် နိုင်ငံအပါအ၀င် နိုင်ငံတကာမှမြန်မာပြည်အပေါ် စီးပွားရေးဒဏ်ခတ်
ပိတ်ဆို့ အရေးယူမှုများကို အတန်အသင့် ဖြေလျော့ ပေးပြီးဖြစ်သော်လည်း
စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးပျောက်ဆုံးကာ စစ်ဖြစ်နေသော
တိုင်းပြည်တွင် စီးပွားရေး ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် နိုင်ငံတကာမှ
လက်တွန့် နေပေရာ မြန်မာပြည်၌ စစ်ပွဲများ အမြန်ဆုံး ရပ်ရန်လိုအပ်နေပါသည် ။
အထက်တွင် ဖော်ပြခဲ့သလို ဂရိနိုင်ငံ၏ စီးပွားပျက် ဂယက်သည် ဥရောပ
နိုင်ငံများအား ရိုက်ခတ်သည့် နည်းတူ မြန်မာ့အရေးသည်လည်း အာဆီယံအတွက်
ရင်လေးဖွယ်ရာဖြစ်နေပေသည် ။
သို့ ဖြစ်ပါ၍ ကမ္ဘာ့ရွာတွင် အတူတစ်ကွ ယှဉ်တွဲနေထိုင်နေသော မြန်မာနိုင်ငံသည်
၂၀၁၃ တွင်ပြုလုပ်မည့် ဆီးဂိမ်း အားကစားပွဲတော် ၊ ၂၀၁၄ တွင်ပြုလုပ်မည့်
အာဆီယံ ဥက္ကဌ ၊ အနာဂတ်တွင် အာဆီယံနိုင်ငံပေါင်းစုံ၌ ပါဝင်မည့် အဖွဲ့ ဝင်
နိုင်ငံတစ်နိုင်ငံ အနေဖြင့် ကောင်းမွန်သော နိုင်ငံရေး ၊ စီးပွားရေး
အခင်းအကျဉ်းများကို လွတ်လပ်မှု ၊ တရားမျှတမှု ၊ ငြိမ်းချမ်းရေးအား အခြေခံသည့်
ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ အားလုံးပူးပေါင်း ဖန်တီးယုံမှလွဲ၍
အခြားနည်းလမ်းများသည် လမ်းအိုလမ်းဟောင်းများသာဖြစ်ကြောင်း
တိုက်တွန်းရေးသားလိုက်ရပါသည် ။
အောင်ခိုင်မြင့်

0 comments:
Post a Comment