နယူးဒေလီမြို့သို့ ရောက်ရှိနေသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် အိန္ဒိယ
နိုင်ငံတော် ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း၏ နေအိမ်သို့ နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲက စတင်၍ သွားရောက်တွေ့ဆုံနေပြီ ဖြစ်သည်။
ယခု တွေ့ဆုံခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး မေလ ၂၉ ရက်နေ့က ရန်ကုန်မြို့သို့ မန်မိုဟန်ဆင်း လာရောက်စဉ် ကလည်း ဒေါ်အောင်ဆန်းစုကြည်က သွားရောက် တွေ့ဆုံခဲ့ဖူးသည်။
ခရီးစဉ်အတွင်း မျှော်လင့်ချက်များနှင့် ပတ်သက်၍ “ကျမအနေနဲ့ သီးသီးခြားခြား မျှော်လင့်ထားချက်ရယ်လို့ မရှိပါဘူး။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် နည်းလမ်းတွေ ရှာဖွေဖို့ ရောက်လာတာ ဖြစ်ပါတယ်။ ချစ်ကြည်ရင်းနှီးမှုအတွက်ပါ” ဟု နံနက်ပိုင်းက သတင်းထောက်များအား ပြောကြားထားသည်။
ထိုသို့ မတွေ့ဆုံမီ နံနက် ၁၀ နာရီခွဲခန့်ကလည်း အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Ranjan Mathai က
ဒေါ်အောင်ဆန်းစုကြည် တည်းခိုရာ Leela Palace ဟိုတယ်သို့ လာရောက်တွေ့ဆုံ ဆွေးနွေးသွားခဲ့သေးသည်။

0 comments:
Post a Comment