ဓါတ်ပုံ ၀န်ပေါင်
အိန္ဒိယဝန်ကြီးချုပ် နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးချုပ်
ဒေါက်တာမန်မိုဟန်ဆင်းတို့ နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲမှ စတင်၍ နာရီဝက်ကျော်ကြာ တွေ့ဆုံခဲ့ ကြသည်။
ထိုသို့ ဒေါ်အောင်ဆန်းစုကြည်အား လက်ခံတွေ့ဆုံရသည့်အပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်းနှင့် ဂျဝါဟာလာနေရူး ဟောပြောပို့ချပေးရန် ဖိတ်ကြားချက်အား လက်ခံသည့်အပေါ်လည်း ကျေးဇူးတင်ကြောင်း အိန္ဒိယဝန်ကြီးချုပ်က ပြောသည်။
“ကျနော်တို့ အနေနဲ့ သင့်တို့ရဲ့ ဒီမိုကရေစီအရေး ရုန်းကန်လှုပ်ရှားမှုတွေအတွက် လှိုက်လှိုက်လဲလဲ ဆုမွန်ကောင်း
တောင်းပါတယ်။ သင်တို့ရဲ့ မဆုတ်မနစ်တဲ့ ဇွဲလုံလနဲ့ သတ္တိတွေကို လေးစား ချီးကျူးပါတယ်” ဟု ဝန်ကြီးချုပ်က
ပြောသည်။
ဆွေးနွေးကြသည့် အကြောင်းအရာများထဲတွင် မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်နှင့် ဒီမိုကရေစီနိုင်ငံပြုရေး အကြောင်းအရာများလည်း ပါဝင်သည်။ အိန္ဒိယဝန်ကြီးချုပ်အနေနှင့် မြန်မာနိုင်ငံတွင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတတို့ ဆောင်ရွက်ခဲ့ကြသည့် တိုးတက်မှုများအပေါ်လည်း ကြိုဆိုလိုက်သည်။
နှစ်နိုင်ငံ ပြည်သူချင်းဆက်ဆံရေး၏ အရေးကြီးပုံကို နှစ်ဦးလုံး သဘောတူကြသည်။
ထို့ပြင် နှစ်နိုင်ငံ ပါလီမန်လွှတ်တော်များနှင့် တရားစီရင်ရေးဌာနများ ပိုမိုပူးပေါင်းဆောင်ရွက်မှုများ ရှိလာရန်လည်း
ဆွေးနွေးခဲ့ကြသည်။


0 comments:
Post a Comment