Home » » ၂၀၁၂ မြန်မာ့ ဘိန်း စိုက်ပျိုးမှု ၁၇ % တိုးလာ

၂၀၁၂ မြန်မာ့ ဘိန်း စိုက်ပျိုးမှု ၁၇ % တိုးလာ



heroninယခုနှစ် ၂၀၁၂ ခုနှစ် အတွင်း မြန်မာ နိုင်ငံရဲ့ ဘိန်းစိုက်ပျိုး မှုဟာ ၁၇ % တိုးလာတယ်လို့ UNODC  က အောက်တို ဘာလ (၃၁) ရက်နေ့ ရက်စွဲဖြင့် အစီရင်ခံစာ တစ်စောင် ထုတ်ပြန် ခဲ့ပါသည်။ မြန်မာ နိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် တွင် ဘိန်းစိုက်ခင်း ဟက်တာ ပေါင်း ၄၃၆၆၀ ရှိရာမှ ၂၀၁၂ ခုနှစ်တွင် ဟက်တာ ၅၁၀၀၀ အထိ တိုးပွား စိုက်ပျိုး လာခဲ့ကြောင်း အစီရင် ခံစာ၌ ဖော်ပြ ထားပါသည်။
ထုတ်လုပ်မှု ပမာဏ အားဖြင့် မြန်မာ နိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က ဘိန်းတန်ချိန် ၆၁၀ (ကန်ဒေါ်လာ ၂၇၅ သန်း) ထုတ်လုပ် ခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် ၆၉၀ တန် (ကန်ဒေါ်လာ ၃၅၉ သန်း) သို့ တိုးထုတ် ခဲ့သည်ဟု ဆိုပါသည်။ “ဘိန်းစိုက်ပျိုး မှုဟာ ဝင်ငွေရ သီးနှံ စိုက်ပျိုး ခြင်းမျိုး ဖြစ်တယ်၊ စစ်တမ်း ကောက်ချက် တွေအရ မြန်မာ နိုင်ငံမှာ ရှိတဲ့ ဘိန်းစိုက်တဲ့ လူတွေ ထက်ဝက် လောက် နီးပါးက အဲလို ထွက်ဆို ကြတယ်၊ နောက်တချက် အနေနဲ့ ဘိန်းတွေဟာ ဈေးကွက် ဝယ်လိုအားအရ ရောင်းရ လွယ်ပြီး ဝင်ငွေ အမြန် ဖြစ်ထွန်း စေတဲ့ အတွက် ဒီအချက် ကလည်း အခြား အရေးကြီးတဲ့ အချက်တစ်ချက် အဖြစ် တည်ရှိ နေပါတယ်၊ ဘိန်းရောင်းချလို့ ရတဲ့ ဝင်ငွေကနေ မိသားစု အတွက် လိုအပ်တဲ့ အစား အသောက်တွေ ဝယ်ခြမ်းပြီး မိသားစုကို ကျွှေးမွေး နေရ ပါတယ်” ဟု အစီရင် ခံစာက ဆိုပါသည်။
အစီရင်ခံစာပါ စစ်တမ်း များအရ မြန်မာ့ ဘိန်းစိုက် တောင်သူ များ၏ ၄၆ % မှာ မိသားစု အပိုဝင်ငွေ ရရှိရန် စိုက်ပျိုးခြင်း ဖြစ်သည်။ ၄၅ % မှာ အစားအစာ ဝယ်ယူရန် လိုအပ် ချက်ကြောင့် စိုက်ပျိုး ရသည်ဟု ဖော်ပြ ထားသည်။ အခြား ၃.၈ % မှာ ဘိန်းမှ အပ အခြား သီးနှံများ မစိုက်ပျိုး နိုင်ခြင်းကြောင့် ဖြစ်ပြီး ၂.၄ % ရာခိုင်နှုန်းမှာ အခြားသီးနှံများ စိုက်ပျိုးရန်မြေ မရှိ ခြင်းကြောင့် ဖြစ်ပြီး အခြား အကြောင်းအရာ များကြောင့် စိုက်ပျိုး ရခြင်း မှာလည်း ၂.၄% ရာခိုင်နှုန်း ရှိသည်။
အဆိုပါ အစီရင် ခံစာ ဖော်ပြချက် အရ မြန်မာ နိုင်ငံ၌ ရှိသည့် ရှမ်းပြည်နယ် တစ်ခုထဲ၌ပင် တစ်နိုင်ငံလုံး ဘိန်းစိုက်ပျိုးမှု၏ ၉၀ ရာခိုင် နှုန်းခန့် စိုက်ပျိုးလျက် ရှိနေပြီး ကချင် ပြည်နယ်၌ စိုက်ပျိုးမှုဟာ ၁၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု သိရှိရပါသည်။
မြန်မာ နိုင်ငံ၌ အဓိက ဘိန်းစိုက် ရာသီ များမှာ ခြောက်သွေ့ ရာသီ၌ ဖြစ်ပြီး စက်တင်ဘာလမှ မတ်လ အထိ စိုက်ပျိုး ကြသည်ဟု ဖော်ပြ ထားပါသည်။
Heroin_Culvitation_2012မြန်မာနိုင်ငံရှိ ဘိန်းစိုက်ပျိုး ဒေသများပြ မြေပုံ (ဓါတ်ပုံ - UNODC)
လက်ရှိ အနေဖြင့် မြန်မာနိုင်ငံ၌ ဘိန်းအများဆုံး စိုက်ပျိုးလျက် ရှိနေသည့် ရှမ်းပြည်နယ်၌ ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် SSPP, RCSS တို့မှာ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရရှိ ထားကြပြီ ဖြစ်ပြီး မူးယစ် ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်း များကို စတင် လုပ်ဆောင် နေပြီ ဖြစ်သည်။
RCSS ၏ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှား မှုကြောင့် ထိုင်းမူးရစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့မှ ပြီးခဲ့သည့် ဇွန်လ (၂၃) ရက်နေ့တွင် RCSS အား ရွှေလင်းယုန် (Gold Eagle Award) ဆု နှင့် ဂုဏ်ပြုလွှာကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နွန်ထဘူရီ ခရိုင်တွင် ကျင်းပသည့် ကမ္ဘာ့ မူးယစ် ဆေးဝါး တိုက်ဖျက် ရေးနေ့ အခမ်း အနားတွင် ချီးမြုင့် ပေးအပ် ခဲ့ပါသည်။
ထိုသို့ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဘိန်းစိုက်ပျိုးမှု ပမာဏ၊ ထုတ်လုပ်မှု ပမာဏ စသည့် အချက် အလက်၊ စစ်တမ်း များကိုလည်း UNODC မှ အရာရှိ ကြီးများနှင့် မြန်မာ အစိုးရ၊ မူးယစ်ဆေးဝါး ထိန်းချုပ် ကွပ်ကဲရေး ဗဟို အဖွဲ့တို့ ပူးပေါင်းပြီး ကောက်ယူ ခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါ အစီရင် ခံစာအား Southeast Asia Opium Survey 2012 Lao PDR, Myanmar ဟု အမည် ပေးထားပြီး လာအို ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့တွင် စစ်တမ်းများ ကောက်ယူ ခဲ့၍ ယခုကဲ့သို့ ထုတ်ပြန် ကြေငြာ ခဲ့ခြင်းလည်း ဖြစ်သည်။
အစီရင်ခံစာပါ အသေးစိတ် အချက်အလက် များနှင့် ပတ်သက်၍ မေးမြန်း နိုင်ရန် အတွက် UNODC မှ Country Director Mr. Jason Eligh အား ဆက်သွယ် ခဲ့သော်လည်း ၄င်းမှ တစ်စုံ တစ်ရာ တုံ့ပြန် ပြောဆိုခြင်း မရှိခဲ့ပေ။

 ရွှေဟင်္သာသတင်းဌာန 
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG