Home » » အမေဇုန်မှ Kindle တက်ဘလက်များကို ဂျပန်ဘာသာဖြင့်ထုတ်

အမေဇုန်မှ Kindle တက်ဘလက်များကို ဂျပန်ဘာသာဖြင့်ထုတ်



အွန်လိုင်း ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Amazon သည် ပြီးခဲ့သည် အောက်တိုဘာ ၂၆ ရက်နေ့က ဂျပန် ဘာသာဖြင့် Kindle တက်ဘလက်များကို လာမည့်လအတွင်း ထုတ်လုပ်ဖြန့်ချိတော့မည်ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။ ထိုအချိန်သည် Apple ကုမ္ပဏီကလည်း iPad Mini ကိုဖြန့်ချိမည့်အချိန်နှင့် ကိုက်ကာ စီစဉ်ထားခြင်းဖြစ်ပြီး လုံးရေ ၅ သောင်းခန့် ဂျပန်ဘာသာဖြင့် ထုတ်မည်ဟုဆိုသည်။


လာမည့်နိုဝင်ဘာ ၁၉ ရက်နေ့တွင် ဂျပန်ဘာသာဖြင့် တက်ဘလက်များကို စတင်ဖြန့်ချိမည်ဟုဆိုသည်။ ဝိုင်ဖိုင်ရသည့် တက်ဘလက်ကို ၁၀၇ ဒေါ်လာဖြင့်လည်း ကောင်း၊ 3G ရသည့် တက်ဘလက်ကို ၁၆၃ ဒေါ်လာခန့်ဖြင့် ဖြန့်ချိမည်ဟုဆိုသည်။

Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG