အဓိကပြဿနာမှာ ယင်းတို့တတ်မြောက်ထားသော ပညာဖြင့် ပြည်တွင်းမှ လုပ်ကိုင်သော အလုပ်မှ ရရှိသော ဝန်ထမ်း လစာသည် ပြည်ပမှပေးသောလစာထက် အဆမတန် နည်းနေခြင်းဖြစ်သည်။ ထို့ကြောင့် ပညာရှင်များမှာ နိုင်ငံတော်နှင့် နောင်လာနောက်သားတို့ရဲ့အနာဂတ်ကို မငဲ့နိုင်တော့ပဲ ကိုယ့်အတွက်ကိုယ်ပဲကြည့်ကာ ကိုယ်လွတ်ရုန်းကြတော့သည်။ ဤသို့ဖြင့် စီမံကိန်းမှာ မှန်းချက်နှင့် နှမ်းထွက်မကိုက်ပဲ များစွာနှောင့်နှေးခဲ့ရသည်။ သို့သော် အချိန်အနည်းငယ်အတွင်းမှာပင် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးကြရင်း ထိုပြဿနာကိုဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကို ရှာဖွေနိုင်ခဲ့ကြသည်။ ဖြေရှင်းမှုမှ ရလဒ် အဖြေမှာ ထုံးစံအတိုင်း နိုင်ငံအတွက် အမှန်တကယ်အရေးပေါ် လိုအပ်ချိန်တိုင်းမှာ နိုင်ငံတော်တာဝန်ကို တိတိကျကျ သစ္စာရှိရှိ ဖြင့် ကျေပွန်စွာထမ်းဆောင်တတ်သည့် တပ်မတော်ကိုသာ အားကိုးရန်ဖြစ်သည်။
တပ်မတော်မရှိသော နိုင်ငံသည် ခြံစည်းရိုးမရှိသော အိမ်နှင့်တူသည်။ "တပ်မတော်၏ တာဝန်သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်လျှောက်ရန်ဖြစ်သည်” ဟု ဆိုသော်လည်း ဤအနေအထားတွင် မြန်မာ့တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် နိုင်ငံတော် အေးချမ်းသာယာရေးသာမက နိုင်ငံတော် ခေတ်မှီတိုးတက်ရေးကိုပါ ပါဝင်ဆောင်ရွက်ရမည့်အချိန်သို့ ကြုံကြိုက်လာခဲ့သည်။ သို့ဖြစ်၍ ကာယ အားသာမက ဥာဏ အားကောင်းသည့် ထူးချွန်ထက်မြက်သော တပ်မတော်သားအချို့ကို နိုင်ငံခြားတိုင်းပြည်များသို့စေလွှတ်ကာ ခေတ်မှီသော အဆင့်မြင့်နည်းပညာများကို လေ့လာဆည်းပူးစေပြီး တတ်ကျွမ်းလာသမျှ ပညာရပ်များဖြင့် နိုင်ငံတွင်းမှာပင် နိုင်ငံတော်နှင့် နိုင်ငံသားတို့ အတွက် အပြည့်အဝ အသုံးပြုနိုင်ရန် စီမံအကောင်အထည် ဖော်ခဲ့သည်။ ထိုစီမံချက်ကို အကောင်ထည်ဖော်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုခန့် ရှိပြီဖြစ်ပြီး အလေအလွင့်မှာလည်း ၀.၀၂% ထိ ကျဆင်းသွားတော့သည်။
ဆယ်စုနှစ်အတွင်းမှာပင် မြန်မာနိုင်ငံ၏ အခြေအနေမှာလဲ မနှစ်ကနှင့် ဒီနှစ် မတူအောင် သိသိသာသာ တိုးတတ်ပြောင်း လဲလာခဲ့သည်။ ဖုန်းကိုင်ဆောင်သည့် လူဦးရေ အရေအတွက်၊ အင်တာနက်အသုံးပြုသူ လူဦးရေ အရေအတွက်မှာ အဆပေါင်းများစွာ မြင့်တက်လာပြီး ယခုဆိုလျှင် ပြည်တွင်းမှာပင် မိုဘိုင်း နှင့် အခြား အီလက်ထရောနစ်ပစ္စည်းပေါင်းများစွာ သာမက မော်တော်ယာဉ်များပါ ထုတ်လုပ်နိုင် မည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
နိုင်ငံအသီးသီးသို့စေလွှတ်ပညာသင်ကြားစေသည့် ပညာတော်သင်များထဲတွင် ရုရှားနိုင်ငံမှ မြန်မာကျောင်းသား ပညာတော်သင်များမှာ သတင်းကောင်းဖြင့်ကြော်ကြားသူများဖြစ်သည်။ အခြားနိုင်ငံသားများသာမက ရုရှားကျောင်းသားများထက်ပင် ပိုမိုထက်မြက်သူများ၊ ကြိုးစားအားထုတ်မှု အလွန်ကောင်းသူများ၊ ယဉ်ကျေးလိမ္မာကြသူများ၊ စည်းကမ်းလိုက်နာကြသူများ၊ နေထိုင်စားသောက်မှု အဆင့်တန်းရှိသူများ အဖြစ် မှတ်ချက်ပေးခြင်းများကို အမြဲလိုလိုခံကြရသည်။ ရုရှားဆရာ၊ ဆရာမများ နှင့် ကျောင်းသူကျောင်းသားများသာမက ရုရှား ပညာရေးဝန်ကြီးဌာနကပင် အသိအမှတ်ပြုခြင်း ခံကြရသည်။ http://russia.edu.ru/news/3536/ သည် ရုရှားပညာရေးနှင့် သိပ္ပံ ဆိုင်ရာဝန်ကြီးဌာနဖြစ်ပြီး ယင်းစာမျက်နှာတွင် မြန်မာကျောင်းသားတို့၏ ဘွဲ့ယူ မှတ်တမ်းများကို တွေ့နိုင်သည်။
ထို့အပြင် ပညာတော်သင် မြန်မာကျောင်းသားများသည် နှစ်နိုင်ငံ ပိုမို ချစ်ကြည်ရင်းနီးရေးအတွက်လည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် ဓလေ့စရိုက်များကို ဖော်ပြရန်အတွက်လည်းကောင်း ရှေးရှုကာ သင်္ကြန်ပွဲများ၊ ပြည်ထောင်စုနေ့ပွဲများကို အခါအားလျော်စွာကျင်းပခဲ့ကြသည်။ ထိုအကြောင်းများကိုလည်း http://www.demowaiyan.co.cc/2011/04/blog-post_621.html တွင် အကျယ်တဝင့်ဖော်ပြထားသည်ကိုတွေ့နိုင်သည်။
နိုင်ငံခြားသို့ ပညာတော်သင် စေလွှတ်သည့် ပညာတော်သင်များကို မိမိတို့၏ သက်ဆိုင်ရာ ပညာရပ်တစ်ခုတည်းကိုသာ သေချာအာရုံစိုက်၍ သင်ကြားရန် တာဝန်ပေး စေလွှတ်လိုက်သော်လည်း ကျောင်းသားအများစုမှာ ပေးအပ်သည့်တာဝန်ထက် ကျော်လွန်၍ နိုင်ငံတော်မှ မိမိအတွက် ကုန်ကျသည့်ကုန်ကျစရိတ်နှင့် ထိုက်တန်အောင် အားလပ်ချိန်များတွင် အချိန်မဖြုန်းကြပဲ အချိန်ကို အကျိုးရှိစွာ အသုံးချရင်း နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် အကျိုးပြုလုပ်ငန်းများကို သီးခြား လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။ ထိုလုပ်ဆောင်မှုများကလည်း လွန်စွာမှ ထိရောက်လှပေသည်။
မိမိတို့သည် တစ်ဦးချင်းစီ လုပ်ဆောင်နေသည့် Project များအပြင် ကွန်ပျူတာ နည်းပညာ စိတ်ဝင်စွားသူများနှင့် ကျွမ်းကျင်သူများက ကွန်ပျူတာဆိုင်ရာ နည်းပညာအကြောင်းများနှင့် ပြဿနာ ဖြေရှင်းနည်းများကို ကိုယ်ပိုင် အင်တာနက်စာမျက်နှာများ ပြုလုပ်ပြီး ရေးသားကြသည်။ နိုင်ငံရေးသမားဖြစ်စေ၊ ဒုက္ခသည်ခိုလုံသူဖြစ်စေ မည်သူမည်ဝါ မခွဲခြားပဲ အခက်အခဲရှိ၍ မေးမြန်းသူ မြန်မာအားလုံးကို အချိန်ပေးပြီး ဖြေကြားခြင်းများ ကူညီခြင်းများ ပြုလုပ်နေကြသည်ကို တွင်တွင်ကျယ်ကျယ် တွေ့ရသည်။ အချို့ကလည်း မိမိလုပ်ဆောင်နေသည့် သုတေနနှင့် ပတ်သက်သည်များကို မိမိပြန်ရောက်မှာ ပြန်လည်သင်ကြားရမည့်အချိန်ထိ စောင့်မနေတော့ပဲ အားလုံးလေ့လာနိုင်ရန် ကိုယ်ပိုင်စာမျက်နှာပြုလုပ်ပြီး မြန်မာနိုင်ငံသားအားလုံး ဖတ်ရှုနိုင်ရန် မြန်မာစာဖြင့်ရေးသားဖော်ပြကာ မျှဝေထားကြသည်။
သိပ္ပံနှင့် နည်းပညာဆိုင်ရာ စာမျက်နှာများ
| အမည် | လိပ်စာ |
|---|---|
| မီးပြတိုက် | http://www.mee-pya-tite.com/ |
| ဓာတုရပ်ဝန်း | http://chemistryfield.blogspot.com/ |
| ဖီးကျူ | http://www.phy-q.co.cc/ |
| Nu4Power | http://nu4power.blogspot.com/ |
| Radar Technology for Myanmar | http://mmradar.blogspot.com/ |
| Myanmar Digital Satellite Navigation Gathering | http://mdsng.blogspot.com/ |
| Myanmar Astronomy | http://myanmarastronomy.blogspot.com/ |
| New Generation of Metropolitan | http://www.mymetroworld.org/ |
| Open Engineering for Myanmar | http://www.engineer4myanmar.com/ |
| Myanmar Engineer | http://www.myanmarengineer.org/ |
ကျွန်ပျူတာ နည်းပညာဆိုင်ရာ စာမျက်နှာများ
| အမည် | လိပ်စာ |
|---|---|
| ရုရှား - မြန်မာ အဘိဓါန် | http://blog.ru-mm.org/ |
| နည်းပညာမှတ်စုများ | http://www.technohalo.com/ |
| မိုးထက်မြင့် | http://www.knowledgewar07.com/ |
| အရာတော်မြေ | http://www.ayadaw.net/ |
| လုလင်တစ်ဦး၏အတွေးဆုံမှတ် | http://mglhulin.blogspot.com/ |
| ဧရာညီနော် | http://ayarnyinaung.blogspot.com/ |
| မုန်တိုင်း | http://www.mone-tine.com/ |
| ကောင်လေးငယ် | http://kaunglaynge.net/ |
| လမ်းပြကြယ် | http://www.foryouknowledge.co.cc/ |
| ဂျီးတော် | http://www.itloading.com/ |
| နေမင်းမောင် | http://nayminmaungmaung.sbsangpi.com/ |
| မောင်ပညာ | http://knowledge-myozawlin.blogspot.com/ |
| ချစ်သောကမ္ဘာမြေ | http://www.chitthawkabarmyae.com/ |
| သံလုံငယ် | http://pyaephyonaing.wordpress.com/ |
| Computer Technical Notes & Sharing Softwares | http://mee-pya-tite.blogspot.com/ |
| Who Am I? | http://www.whoami7.co.cc/ |
| Kalawthar | http://technology85.blogspot.com/ |
| Htun May | http://htunmay1500.wordpress.com/ |
| Open Eyes | http://openeyes.orgfree.com/ |
| MIPT-MYANMAR ™ | http://mipt-mm.blogspot.com/ |
| Twilight | http://www.withoutlovesitmin.co.cc/ |
| Myanmar Crossfire | http://www.cfmyanmar.blogspot.com/ |
စာပေနှင့် အသိ/အတတ် ပညာရှာဖွေမှုဆိုင်ရာ
| အမည် | လိပ်စာ |
|---|---|
| စကားဝါမြေ အွန်လိုင်း စာကြည့်တိုက် | http://www.sagarwarmyae.net/ |
| အလင်းရောင် ဖိုရမ် | http://www.alinyaung.org/ |
| မြန်မာမိသားစု | http://www.myanmarfamily.org/ |
| Myanmar Technicians | http://www.myanmar-technicians.org/ |
| Golden Myanmar | http://www.goldenmyanmar.org/ |
| Republic of the Union of Myanmar | http://republicoftheunionofmyanmar.blogspot.com/ |
| Russian Federation | http://russianfederation2009.blogspot.com/ |
| All Myanmar Blogs | http://allmyanmarblogs.blogspot.com/ |
| Myanmar Daily Info & General Knowledge | http://groups.google.com/group/myanmar-daily-info-n-general-knowledge |
ဘာသာရေးဆိုသည်မှာ မြန်မာနိုင်ငံသားတို့အတွက် အလွန်အက္ခရာအကျဆုံး အခန်းကဏမှ ပါဝင်သည်။ အထူးသဖြင့် ရန်သူနှင့် သေစေနိုင်သော လက်နက်များကို ကိုင်ဆောင်နေရသည့် တပ်မတော်သားများအတွက် ပိုပြီးအရေးပါလှပေသည်။ အရေးကြုံလာပါက ဘုရားမှ တပါးကိုးကွယ်စရာမရှိပေ။ ပညာတော်သင်ကျောင်းသားများသည် အသက် ၂၀ ကျော် လူငယ် ယောက်ျားလေးများသာ ဖြစ်သော်လည်း ဘာသာရေးနှင့် လူမှုရေးလုပ်ငန်းများ၊ မြန်မာပြည်သူများအတွက် ကူညီရေးလုပ်ငန်းများကို မည်သူမည်ဝါမှ တာဝန်ပေးခြင်းမရှိပဲ လုပ်ဆောင်နေကြသည်ကိုလည်း တွေ့နိုင်သည်။
ဘာသာရေးနှင့်လူမှုရေးဆိုင်ရာ
ရသပေါင်းစုံ
ပညာတော်သင်များ ပြုလုပ်ထားသည့် စာမျက်နှာများကို ကြည့်ခြင်းအားဖြင့် ယင်းတို့၏ အတွင်းစိတ်ကို ထင်ထင်ရှားရှား မြင်တွေ့နိုင်ပေသည်။ မနာလိုဝန်တိုသူများ ပြောသကဲ့သို ဝါဒမှိုင်းမိနေသူများ၊ ဦးနောက်စေးခံထားရသူများ၊ ကိုယ်ပိုင်စဉ်းစားဥာဏ်မရှိပဲ ခိုင်းတာလုပ်တတ်သူများ၊ သက်ရန် ဖြတ်ရန်သာ သိသူများ ဆိုလျှင် ဤသို့သော စာမျက်နှာများကို ရေးနိုင်မည်မဟုတ်ပါ။ အထူးသဖြင့် ရသ ပေါင်းစုံရေးသားထားသည့် စာမျက်နှာများကို ကြည့်၍ ပညာတော်သင်များ၏ နူးညံ့သောနှလုံးသား ကို အထင်အရှားတွေ့နိုင်သည်။ ပညာရပ်နှင့် နည်းပညာဆိုင်ရာစာမျက်နှာများကိုကြည့်ခြင်းအားဖြင့်လည်း ထူးချွန်ထက်မြက်မှုကို တွေ့နိုင်ပြီး ဘာသာရေးကိုင်းရှိုင်းမှုနှင့် ငှဲညှာသနားကာ ကူညီချင်စိတ်ရှိမှုတို့ကိုလည်း လူမှုရေး စာမျက်နှာများကိုကြည့်ရုံဖြင့် မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပေသည်။
ယခုလက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမှာ တပ်မတော်နှင့် ယူနီဖောင်းဝတ် စစ်သည်များက နိုင်ငံရေးအတွင် ပါဝင်ပတ်သက်ခြင်းမရှိတော့ပဲ ကာကွယ်ရေးနှင့် နယ်စပ်ဒေသရေးကို အထူးအလေးပေးဆောင်ရွက်နေသော်လည်း ရုရှားရောက် ပညာတော်သင်များမှာ နိုင်ငံရေးတွင် ယနေ့အချိန်ထိ အလွန်အရေးပါလှပေသည်။ အထက်တွင်ဖော်ပြခဲ့သည့် နည်းပညာပိုင်းနှင့် ဘာသာရေးဆိုင်ရာပိုင်းများတွင် ပညာတော်သင်များက သူတို့ဘာသူတို့ နေရာယူခဲ့ကြသော်လည်း နိုင်ငံရေးပိုင်းတွင်မူ ကိုယ့်ဘာကို နေရာယူစရာမလိုပဲ ပြည်ပမှ အတိုက်အခံများမှ နိုင်ငံတော်အကြီးအကဲ များ၏ ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ တပ်မတော်တစ်ရပ်လုံး၏ ကိုယ်စားလှယ်အဖြစ်လည်းကောင်း နေရာပေးခြင်းကို အလိုလိုခံခဲ့ရသည်။ ဖြစ်သမျှ နိုင်ငံရေးပြဿနာများ အားလုံးက ပညာတော်သင်ကျောင်းသားများခေါင်းပေါ်သို့ ရောက်ရှိလာပြီး အစိုးရဆန့်ကျင်သူများက ဖြေရှင်းချက်တောင်းကြသည်။
ပညာတော်သင်များသည် အသက် ၂၀ ကျော်လူငယ်များဖြစ်ပြီး ကျောင်းဆင်းပြီး မကြာခင်ရောက်ရှိလာသူများဖြစ်ကာ မည်သူတစ်ဦးတစ်ယောက်ကိုမှ သက်ခဲ့ဖူးခြင်းမရှိ၊ မည်သူ့ဆူပူမှုကိုမှ ပါဝင်ဖြေရှင်းခြင်း မရှိခဲ့ဖူးသူများဖြစ်သည့်အပြင် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ရချိန်တွင်လည်း ပြည်တွင်း (သို့) ပြည်ပ ရှိကျောင်းတွင်း၌သာ နေခဲ့ရသူများဖြစ်သည်။ သို့သော် မိမိကိုယ်တိုင် လုံးဝ ပါဝင်ပတ်သက်ခြင်းမရှိသော်ငြားလည်း နိုင်ငံတော်၏ ကိစ္စအဝဝကို နိုင်ငံတော်အကြီးအကဲ တာဝန်ရှိသူများ၏ ကိုယ်စားလှယ်များကဲ့သို့ တာဝန်ယူဖြေရှင်းရသည်မှာ ရုရှားရောက် ပညာတော်သင်များပင်ဖြစ်သည်။
အတိုက်အခံများဖက်မှ အင်တာနက်ပေါ်တွင် ဖြစ်သမျှ ပြဿနာများနှင့် အခြားမေးခွန်းများကို ဒေါ်အောင်ဆန်းစုကြည်မှ ဖြေကြားခြင်းများ၊ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သော်လည်း အစိုးရဖက်တွင်မှု မည်သူမျှ တာဝန်ခံဖြေကြားစရာမလိုပဲ နိုင်ငံရေးစိတ်ဝင်စားသူ ပညာတော်သင်များ၏ တုန့်ပြန်ချက်များဖြင့်ပင် အတိုက်အခံတို့ကို ပြန်လည်ဆွေးနွေး ပညာပေးနိုင်ခဲ့သည်။ ထိုသို့ဆွေးနွေးပညာပေးခြင်းများကို အတိုက်အခံတို့ မည်မျှ ကြောက်ရွံ့ပြီး မည်မျှထိရောက်သည်ကို သိလိုလျှင် အောက်ပါ ပုံတို့ကို ကြည့်ပါက ပိုသိသာသည်။


နိုင်ငံတော်အကြီးအကဲများ၏ facebook အတုများ click , click


ပညာတော်သင်များ၏ facebook အတုများ click , click
အတိုက်အခံတို့၏ ခေါင်းဆောင်ဆိုသူ လွတ်မြောက်ခါနီးအချိန်က facebook သုံးမည် ဟု ပါးစပ်မှ မတော်တဆ လွှတ်ကနဲထွက်သွားချိန်မှစ၍ မြန်မာအတိုက်အခံတို့ facebook များကို အလုအရပ် အသုံးပြုခဲ့ကြပြီး social network ကို အကောင်အထည်ဖော်ရန် ကြွေးကြော်ခဲ့ကြသည်။ သို့သော် socail network ဆိုတာ ဘာမှန်းမသိခဲ့ယုံသာမက facebook သုံးရမည် ဆိုတာကိုသာ သိကြပြီး အဆင့်တန်းရှိရှိ မသုံးကြပဲ နိုင်ငံတော်အကြီးအကဲများ၏ နာမည်နှင့် facebook အကောင့်များပြုလုပ်ခြင်းအဆင့်သာ ရှိခဲ့သည်။ ထိုမျှနှင့် မကသေးပဲ ရုရှားရောက်ပညာတော်သင်များ၏ facebook အကောင့်များကိုပါ အတုလုပ်ခဲ့ကြပြန်သည်။ ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် ရုရှားရောက်ပညာတော်သင်များက နိုင်ငံရေးလောကတွင် မည်မျှ အရေးပါသည်ကို မြင်နိုင်သည်။ လက်တလောအားဖြင့် ပညာတော်သင်များသည် လက်နက်ကိုင်ဆောင်နေခြင်းမရှိ၊ အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်းမရှိပဲ သက်ဆိုင်ရာဘာသာရပ်များကိုသာ လေ့လာ စည်းပူးနေကြသော်လည်း အတိုက်အခံများအတွက်တော့ နိုင်ငံတော်အကြီးအကဲများ၏ ကိုယ်စားလှယ်များ၊ အရာရာကို ကျွမ်းကျင်စွာ သိရှိသူများ၊ ယနေ့ဖြစ်သမျှကိစ္စအဝဝနှင့် သက်ဆိုင်သူများ အဖြစ် ရပ်တည်လျှက် ရှိသည်။
အင်တာနက်ပေါ်တွင် အသိပညာ၊ အတတ်ပညာနှင့် အခြားနည်းပညာများ အားနည်းသည့် အတိုက်အခံများအတွက် ရုရှားရောက် ပညာတော်သင်များက မဟာတံတိုင်းကြီး တစ်ခုအဖြစ် တည်ရှိနေသည်။ ထိုတံတိုင်းကြီးကို ဖြိုချရန်အတွက် အောက်လမ်းနည်းများရော အထက်လမ်းနည်းများပါ သုံးကာ အကြိမ်ကြိမ် ကြိုးစားကြသော်လည်း ယနေ့အထိ မအောင်မြင်နိုင်သေးပေ။ အချို့ ဤတံတိုင်းကြီးကိုပင် မှီခိုကာ အကူအညီများ ရယူနေကြရသူများရှိကြပြီး၊ အချို့မှာတော့ gmail အကောင့်လေးတွေ hack သလိုလို၊ facebook အတုလုပ်သလိုလိုနဲ့ပဲ တံတိုင်းကြီးကို ပြိုမယ်ထင်နေကြရှာတော့သည်။
မည်သို့ဆိုစေ ပညာတော်သင် ကျောင်းသားများမှာ နည်းပညာဖြန့်ဝေခြင်းများ၊ လူမှုကူညီရေးလုပ်ငန်းများနှင့် အခြား အကျိုးပြုလုပ်ငန်းများကို မည်သူမည်ဝါ ခွဲခြားမှုမရှိပဲ တစ်ဖက်တလှမ်းက ကူညီရိုင်းပင်းရင်း တစ်ဖက်တွင်လည်း မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝ ထားရှိကာ ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း နိုင်ငံ့ဂုဏ်ကို မြှင့်တင်သွားကြမည်မှာ မလွှဲမသွေဖြစ်ပေသည်။ သိပ္ပံကဏ္ဍ၊ ကွန်ပျူတာနည်းပညာ ကဏ္ဍ၊ သာသနာစောင့်ထိန်းပြန့်ပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ နှင့် နိုင်ငံရေးကဏ္ဍ များပါမကျန် အဖက်ဖက်မှထူးချွန် လွှမ်းမိုးနိုင်သော ပညာတော်သင်များအားလုံးကို ဤပိုစ့်ဖြင့် ဂုဏ်ပြုလိုက်ပါသည်။
.oppositeye


0 comments:
Post a Comment