Home » » ပူတာအိုတွင် ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းကျော် ပေးဝယ်နေရ၊ စားသောက်ကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်လျက်ရှိ

ပူတာအိုတွင် ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းကျော် ပေးဝယ်နေရ၊ စားသောက်ကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်လျက်ရှိ



 ပူတာအို မြင်ကွင်းတခု

စစ်မက်ဖြစ်ပွားနေမှု၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ပူတာအိုမြို့နယ်တွင် ဆန်တစ်အိတ်လျှင် ငွေကျပ် 
တစ်သိန်းကျော်အထိ ဈေးနှုန်း မြင့်တက်နေပြီး အခြားစားသောက်ကုန်ဈေးနှုန်းများ 
အဆမတန်ကြီးမြင့်နေပြီး သောကြောင့်  ပြည်သူအများ အခက်အခဲဖြစ်နေကြကြောင်း ပူတာအိုမြို့နယ် မူလရှီဒီးရွာသား ဦးဂျေဆာယက်က ပြောဆိုကြောင်းကို လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့(HREIB)မှ လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူတစ်ဦး၏ ပြန်လည်ပြောပြချက်အရ သိရသည်။
 “ဆန်တစ်အိတ်ကို တစ်သိန်းကျော်တယ်၊ ဆားငါးဆယ်သားတစ်ထုတ်ကို တစ်ထောင်ကျော်၊ ဖယောင်းတိုင် အသေးတစ်ထုတ်ကို တစ်ထောင်ကျော်ပေးရတယ်။  အခု ရောင်းတဲ့သူလည်းနည်းတယ်၊ ရောင်းတဲ့သူ ရှိရင်လည်း ၀ယ်စားနိုင်တဲ့သူ မရှိဘူးလို့ ဦးဂျေဆာယက်က ပြောတယ် ”ဟု လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူ ဦးစောတင့်နိုင်ကပြောသည်။
ထို့အပြင်ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားမှု ကြာရှည်နေခြင်းကြောင့် ပြည်သူအချို့သည် စိတ်ပိုင်းဆိုင်ရာဝေဒနာများ ခံစားနေရကြောင်း၊ စေတနာရှင်များ၏ လာရောက် လှူဒါန်းမှုများသည်လည်း အမှန်တကယ်လိုအပ်သူများဆီသို့ မရောက်ရှိဘဲ လက်သင့်ရာကိုသာ လှူဒါန်းသကဲ့သို့ ဖြစ်နေကြောင်းကိုလည်း ကြားသိခဲ့ရသည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။
မချမ်းဘော့မြို 
ထို့အတူပင် ပူတာအိုဒေသတွင် ယခင်နှစ်များက ဒေသထွက်ဆန်စပါးဖြင့် လုံလောက်သော်လည်း ယခုအခါ လယ်မြေအချို့ ရေနစ်မြုပ်မှုကြောင့် စားနပ်ရိက္ခာ အခက်အခဲများဖြစ်ပေါ်နေကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် စားနပ်ရိက္ခာရှားပါးနေကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဒေါ်ဘောက်ဂျာက ပြောသည်။
ထို့အပြင် “ကျွန်မ တနေ့ကပဲ ပူတာအိုက ပြန်လာတာပါ။ တချို့တွေဆိုစားစရာမရှိဘူး။ ၀ယ်စားတဲ့သူတွေကလည်း ဆန်နို့ဆီဘူးနှစ်ဘူးကို တစ်ထောင့်ငါးရာကျော် ပေးပြီးဝယ်စားနေရတယ်။ ပူတာအိုကို အလှူရှင်တွေလာတာကိုတော့ မကြားမိဘူး။ မြန်မာ့လေကြောင်းနဲ့ ဆန်တွေသယ်တာကိုတော့ကြားတယ်။ ဒါပေမဲ့ဆန်တွေက ၀န်ထမ်းတွေကိုလည်း တစ်ယောက်ကို၊ တစ်လကိုတစ်ပြည်နှုန်းလောက်ပဲ ရတယ်။”ဟု ၎င်းကဆက်လက် ပြောဆိုသည်။
အဆိုပါဒေသသို့ လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့(HREIB)မှ လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူများသည် လာမည့်ရက်အနည်းငယ်အတွင်း သွားရောက်လေ့လာမည်ဖြစ်ပြီး အဆိုပါဒေသ၏ လိုအပ်မှုများကို သွာရောက်လေ့လာကာ လိုအပ်နေသူများသို့ စားနပ်ရိက္ခာလှူဒါန်းမှုအချို့လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အဓိက အားဖြင့်တော့ ဟိုမှာ လိုအပ်နေတာဘာတွေလဲ၊ စေတနာရှင်တွေလှူဒါန်းမှု ပြည်သူတွေဆီ မရောက်ရတဲ့ အကြောင်းရင်ကဘာတွေလဲဆိုတာသွားလေ့လာမှာပါ။ ကျွန်တော်တို့လည်း တတ်နိုင်သလောက်တော့ လှူမှာပါ။ ငွေသားပဲယူသွားပြီး မြစ်ကြီးနားကနေ ပစ္စည်းဝယ်ပြီလှူမယ်။ အဓိကကတော့ စားသောက်ကုန်ပါပဲ”ဟု လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူ ဦးစောတင့်နိုင်ကပြောသည်။
သတင်း... ကိုရဲ ၊ ကိုကြီးဒီမို 
 ကိုရဲအား ကျေးဇူးတင်ပါသည်..။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG