ကချင်ပြည်နယ် မနောပွဲ ကျင်းပခြင်းကို ကချင်ပြည်နယ် ဝန်ကြီးချုပ်မှ ဝင်ရောက်စွက်ဖက်နေသည် ဟု ပြည်သူ့ ဒီမိုကရေစီ ဥက္ကဋ္ဌ ဦးသန်းထိုက်ဦးက စွပ်စွဲ ပြောကြားခဲ့သည်။
နှစ်စဉ် ကချင်မနောပွဲကို ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီက ခေတ်အဆက်ဆက် ကျင်းပလာခဲ့သည်မှာ ၆၃ နှစ် ရှိခဲ့ ပြီဖြစ်ကြောင်း၊ ထိုပွဲ မကျင်းပမီ ကြိုတင်၍ ဖြစ်မြောက်ရေး ကော်မတီတစ်ရပ် အရင်ဖွဲ့စည်းရကြောင်း၊ ပွဲတော် ပြီးဆုံး သည်နှင့် ယင်းကော်မတီကို ဖျက်သိမ်းရပြီး ငွေစာရင်း ရှင်းတမ်းနှင့် လက်ကျန် ငွေပစ္စည်း စာရင်းရှင်းတမ်း များကို ဗဟိုကော်မတီသို့ အပ်နှံရကြောင်း၊ ဤသည်မှာ နှစ်စဉ်ပြုလုပ်မြဲ အလေ့အထ တစ်ခု ဖြစ်ကြောင်း ပြည်သူ့ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးသန်းထိုက်ဦးက ပြောသည်။

“ကျွန်တော်တို့ ပြည်သူ့ဒီမိုကရေစီ ပါတီက ကချင်လူမျိုး အချင်းချင်း သွေးခွဲနေတာ မဟုတ်ပါဘူး။ ကချင်လူမျိုး အချင်းချင်း ဖြစ်နေတဲ့ ပြဿနာကို နိုင်ငံတော် သမ္မတကြီးထံ ဇွန် ၆ ရက်ကတည်းက တင်ပြထားတာ ဖြစ်ပါတယ်။ သို့သော်လည်း ကချင်ပြည်နယ် အစိုးရအဖွဲ့ အနေနဲ့ လေးလေးစားစား ဆောင်ရွက်ခဲ့ခြင်း မရှိပါဘူး”ဟု စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြည်သူ့ ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က ပြောသည်။
ယခု ရိုးရာပွဲတော် ကျင်းပရန်မှာ ကချင်တိုင်းရင်းသား မျိုးနွယ်စု အားလုံး၏ ဆန္ဒ သဘောထား များဖြင့်သာ ကျင်းပသင့်ကြောင်း၊ အဓိကအားဖြင့် ကချင်လူမျိုး အချင်းချင်းသာ ညှိနှိုင်း ဆောင်ရွက်ရမည့် ပွဲတော်ဖြစ် ကြောင်း၊ ယင်းပွဲတော် ကျင်းပနိုင်ရေး အတွက်လည်း နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ဝင်ရောက်မစွက်ဖက် သင့်ကြောင်း ကချင်ရိုးရာ ယဉ်ကျေးမှု ကော်မတီ ကျင်းပရေး အတွင်းရေးမှူး ဦးရင်တိုင်းကလည်း မနောပွဲတော် ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
0 comments:
Post a Comment