Home » » ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးတွင် SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးခွန်ထွန်းဦးကို အဖွဲ့ဝင်အဖြစ်ပါဝင်မည်

ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးတွင် SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးခွန်ထွန်းဦးကို အဖွဲ့ဝင်အဖြစ်ပါဝင်မည်

Sunday, September 16, 2012

တိုင်းရင်းသားခေါင်းဆောင်  ဦးခွန်ထွန်းဦး
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ လာမယ့် သီတင်းပတ်အတွင်း ကျင်းပမဲ့ (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး တက်ရောက်မယ့် သမ္မတဦးသိန်းစိန် ခေါင်းဆောင် တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ထဲမှာ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးခွန်ထွန်းဦးကို အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ မြန်မာအစိုးရက အမည်စာရင်း ထည့်သွင်းလိုက်တယ် လို့ သိရပါတယ်။

ဦးခွန်ထွန်းဦးကို မြန်မာနိုင်ငံ ကိုယ်စားပြု ကိုယ်စားလှယ်အဖွဲ့မှာပါဝင်ဖို့ သမ္မတအကြံပေးအဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို ဦးခွန်ထွန်းဦးက လက်ခံလိုက်ပြီး၊ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်နိုင်ငံကူး လက်မှတ် ရရှိရေး ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က RFA ကို အတည်ပြု ပြောပါတယ်။

ဦးခွန်ထွန်းဦးဟာ လောလောဆယ် ၀ါရှင်တန်ဒီစီမြို့တော် အခြေစိုက် NED အဖွဲ့က ချီးမြှင့်တဲ့ ဒီမိုကရေစီကြိုးပမ်းမှု ဆုကို လက်ခံရယူဖို့ အမေရိကန်ပြည်ထောင်စုကို စက်တင်ဘာ ၁၄ ရက်နေ့က ထွက်ခွာသွားပြီ ဖြစ်ပြီး သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ နယူးယောက်မြို့မှာ သွားရောက် ပူးပေါင်းနိုင်လိမ့်မယ်လို့ ဦးစိုင်းလိတ်က
ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံတက်ရောက်ဖို့အတွက် (၃) ရက်ကြာ အမေရိကန်နိုင်ငံ ခရီးစဉ်ကို အခုလ ၂၃ ရက်နေ့ စတင်မယ်လို့လည်း သိရပါတယ်
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG