Home »
သတင်း
» ကြံ့ခိုင်ရေးနှင့် ပါတီ၏ ၀န်ကြီးဟောင်း ဦးမောင်ဦး စည်းရုံးရေးခရီးစဉ်တွင် ပြည်သူများကို ရိုင်းပြစွာ ဆက်ဆံ
ကြံ့ခိုင်ရေးနှင့် ပါတီ၏ ၀န်ကြီးဟောင်း ဦးမောင်ဦး စည်းရုံးရေးခရီးစဉ်တွင် ပြည်သူများကို ရိုင်းပြစွာ ဆက်ဆံ
စက်တင်ဘာလ (၁၆) ရက်နေ့ နံနက် (၁၀)နာရီ(၁၅)မိနစ် အချိန်တွင် ၀န်ကြီးဟောင်း ဦးမောင်ဦးသည် ရသေ့တောင် ဆိပ်ကမ်းသို့ အရပ်ဖက်သုံး အမြန်ရေယာဉ်တစ်စီးနှင့် ရောက်ရှိလာစဉ် ဆိပ်ကမ်းတွင် ကြိုနေသူများထဲမှ ဒေသခံတစ်ဦးက ဖုန်းဖြင့် မှတ်တမ်းဓါတ်ပုံရိုက်ယူခဲ့ခြင်းနဲ့ ပတ်သက်၍ ကြိုဆိုသော
ဦးမောင်ဦး အရုပ်ဆိုးစွာ ကြိမ်းမောင်း ဆဲဆိုသွားတဲ့အပေါ်မှာ ရသေ့တောင်လူထုအနေနဲ့ ဦးမောင်ဦးအပေါ်မှာ ဘယ်လိုသဘောထား ရှိနေကြသည်ကိုဆက်လက်ပြီး ဦးလှမောင်သိန်းက ပြောသွားသည်။ " လူကြီးတစ်ယောက်ဖြစ်ပြီးတော့ အရုပ်ဆိုးစွာ လူကြားမကောင်းတဲ့ အသံမျိုးနဲ့ ဆဲဆိုသွားတာဆိုတော့ ရသေ့တောင် ပြည်သူလူထုအနေနဲ့ အရမ်းစိတ်မကောင်းဖြစ်ကြတာပေါ့။
ဦးမောင်သောင်းက တကယ်တမ်းရိုက်သောဓါတ်ပုံမှာ ဦးမောင်ဦးမဟုတ်ဘဲ ဦးမောင်ဦးဘေးမှာ ထီးမိုးပေးသော ဦးဝေကျန်အောင်ဖြစ်သည်ကို သိရပြီးသူတို့နှစ်ယောက်မှာ သူငယ်ချင်းတွေဖြစ်ကြပြီး ရဲသားဘဝမှ နုတ်ထွက်သွားကြသော ပုဂ္ဂိုလ်များလည်းဖြစ်သည်ကို ဦးလှမောင်သိန်း ပြောပြချက်အရ သိရသည်။ " ကျနော်တို့က ဘာလုပ်လို့ရမှာလဲဗျာ။ သူတို့တွေက အာဏာရှင်ဖြစ်တယ်လေ။သူ့လက်ထဲမှာပဲ အာဏာပါဝါ အပြည်ညအဝရှိပါတယ်။ အမှန်ကိုပြောရင် မကောင်းမြင်မှာစိုးရိပ်ရပါတယ်။ ကျနော်တို့ရခိုင်တွေကကျွန်ဖြစ်ပါတယ်။ကျွန်က သခင်ကို လုပ်လို့မရဘူးလေ။ " ဟု ဦးမောင်ဦး ဆဲဆိုသံကို ကြားလိုက်ရတဲ့ သင်္ဘောဆိပ်ကမ်းမှ မိုးပုလဲ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးမောင်သန်းတိန်က သူ့ရဲ့ သဘောထားကို ပြောသွားသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment