Home » » တတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ KNU ထွတ်ခွာ

တတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ KNU ထွတ်ခွာ


ဝန်ပေါင် ။   ။
အစိုးရ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အပစ်အခတ် ရပ်စဲရေး ၊  ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့နဲ့  ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ဖားအံမြို့ ဇွဲကပင်ဟိုတယ်မှာ တတိယအကြိမ်မြောက် အပစ်အခတ် ရပ်စဲရေး အကောင်အထည်ဖော်ရေး ကိစ္စတွေ ဆွေးနွေးဖို့အတွက် ထွက်ခွာသွားပြီလို့ သိရတယ် ။

ယမန်လ  ၂၅ ရက်နေ့မှာ အစိုးရဘက်က ရက်ရွှေ့ဆိုင်းခဲ့ပြီးနောက်
တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးမယ့်ရက် ကို ပြန်ပြီး စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေကို တတိယအကြိမ် ဆွေးနွေးဖို့ သတ်မှတ်ခဲ့တာပါ ။

ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က မြ၀တီမြို့ မှာ KNU နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့တို့ တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးမယ့်ရက်ကို သြဂုတ်လ ၂၇ ရက်ကနေ ၂၉ ရက်နေ့ထိ ၃ ရက်ကြာ ဆွေးနွေးဖို့ သဘောတူခဲ့ကြတာပါ ။  

 ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက  ကေအဲန်ယူဘက်က အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ အဓိက ဆွေးနွေးမယ့် လို ....
"ပြည်သူလူထုဘဝ လုံခြုံမှု အာမခံနိုင်ဖို့ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်မတို့ဘက်က ရေးဆွဲထားတဲ့ နှစ်ဦးနှစ်ဖက် လိုက်နာမဲ့ ကျင့်ဝတ်စည်းကမ်းတွေ အဲဒါတွေကို ပြန်ပြီး ညှိနှိုင်း ဆွေးနွေးဖို့ ရှိတယ်။ နောက် ဒုတိယ အချက်ကတော့ တပ်အရွှေ့အပြောင်း ကိစ္စတို့။ တကယ်တမ်းကျတော့ ကျွန်မတို့  နားလည်ထားတာက ဘယ်ပဲရွှေ့သွား၊ ရွှေ့သွား ဒီကရင်ဒေသတွေကို စစ်တိုက်မယ်ဆိုရင် အချိန်မရွေး လာတိုက်လို့ ရတယ်။ ဒါပေမယ့် ဒီတပ် အရွှေ့ အပြောင်း ကိစ္စတွေဟာ ပြည်သူလူထုဘဝ လုံခြုံမှု အာမခံဖို့လည်း ဖြစ်တယ်။ ပြီးတော့ ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာလည်း အဓိက ကျတယ်။ ဆိုတော့ ဒီကိစ္စတွေ ကျွန်မတို့ ဆွေးနွေးမယ်။ အကောင်းဆုံး ဖြစ်အောင် ကျွန်မတို့ မျှော်လင့်ပါတယ်"  RFA သတင်းဌာန အွန်လိုင်းသတင်းစာမျက်နာမှာ ဖော်ပြထားတာပါ ။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG