Home » » ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် လက်ခံနိုင်ကြောင်း ဦးသိန်းစိန် ထုတ်ဖေါ်ပြောဆို

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် လက်ခံနိုင်ကြောင်း ဦးသိန်းစိန် ထုတ်ဖေါ်ပြောဆို



အကယ်၍ လူထုကသာ မဲဆန္ဒပေးခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မအဖြစ် လက်ခံနိုင်ပါကြောင်း လက်ရှိ မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်က ဘီဘီစီနှင့် အင်တာဗျူးတွင် ထုတ်ဖေါ် ပြောဆိုလိုက်ပါသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ ဆန္ဒနှင့် ရွေးချယ်မှုကို လေးစား လိုက်နာမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

တိုင်းပြည် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ထပ်လောင်း အတည်ပြုပြောကြားခဲ့ပြီး သူနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အတူတကွ အလုပ်လုပ်လျက် ရှိနေကြောင်းလည်း ရှင်းပြခဲ့သည်။
မကြာသေးခင်က ပြုပြင်ပြောင်းလဲမှုများကို စစ်ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်ခဲ့သူ သမ္မတ ဦးသိန်းစိန်နှင့် အရပ်သားတဖြစ်လဲ အစိုးရက ဦးဆောင် လှုပ်ရှားကြခြင်းဖြစ်သည်။

လွန်ခဲ့သော ၂ ရက်ခန့်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင်လည်း အမေရိကန် ကွန်ဂရက် ရွှေတံဆိပ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အတွက် ၀မ်းသာဂုဏ်ယူကြောင်း ဦးသိန်းစိန်က ထည့်သွင်း ပြောကြားခဲ့သည်။

BBC Hardtalk အစီအစဉ်နှင့် အင်တာဗျူးတွင် နိုဘဲလ်ဆုရှင်အနေဖြင့် သမ္မတဖြစ်နိုင်ချေကို ဦးသိန်းစိန်က ရှင်းပြခဲ့ပါသည်။
“သူမအနေနဲ့ တိုင်းပြည်ခေါင်းဆောင်ဖြစ်လာမလားဆိုတာက ပြည်သူလူထုရဲ့ ဆန္ဒအပေါ်မှာ မူတည်ပါတယ်။ လူထုက လက်ခံမယ်ဆိုရင် ကျွန်တော့်အနေနဲ့ သူမကို လက်ခံရမှာပါ။” သမ္မတ ဦးသိန်းစိန်က ပြောခဲ့သည်။

“ကျွန်တော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြားမှာ ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော်တို့ အတူတကွ လက်တွဲပြီး အလုပ်လုပ်နေ ကြတာပါ။”

သို့ရာတွင် လွှတ်တော်တွင် နေရာအများအပြား ရယူထားသည့် စစ်တပ်က နိုင်ငံရေးတွင် အဓိကကျသော နေရာမှ ပါဝင်မှုကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် မတ်လတွင် ဖျက်သိမ်းခဲ့သည့် စစ်အစိုးရနောက်ပိုင်း ယခုအပတ်အတွင်း ဦးသိန်းစိန်၏ မှတ်ချက်မှာ အနွေးထွေးဆုံးဖြစ်ကြောင်း သုံးသပ်ကြသည်။
မောက္ခသတင်း
Source: BBC

Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG