Home » » ဝန်ကြီးအချို့ နှင့်အရာရှိကြီးအချို့ ဧ။်အကျင့်ပျက်လာဘ်စားမှုမှ တရားမဝင်ရရှိသောဝင်ငွေများ (ပေးစာ)
ဝန်ကြီးအချို့ နှင့်အရာရှိကြီးအချို့ ဧ။်အကျင့်ပျက်လာဘ်စားမှုမှ တရားမဝင်ရရှိသောဝင်ငွေများ (ပေးစာ)
လျှပ်စစ်ဌာနက အရာထမ်း တစ်ဦး၏ ပေးစာ (၁)
  ဝန်ကြီး(ဦးဇော်မင်း)၊ ညွှန်ချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးတို့ဟာ ၄င်းတို့နဲ့နီးစပ်ရာဆွေမျိုး တပည့်သားမြေးတွေနဲ့ ငွေပေးနိုင်သူတွေကိုသာ တိုးမြှင့်ပေးလျှက်ရှိပြီး ရာထူးအလိုက်  သိန်း၂၀၀-၃၀၀အထိပေါက်ဈေးရှိနေပါတယ်။ တည်ဆောက်ရေး အမှတ်(၁)ကိုရွှေ့ ပြောင်း ဖို့အတွက်ညွှန်ကြားရေးမှုး(၂)ယောက်အပြိုင်ဈေးပေးကြရတာသိန်း၈၀၀အထိ
ရောက်နေကြောင်း ကာယကံရှင်ပြောပြချက်အရသိရှိရပါတယ်။ ကျွမ်းကျင်မှုအလိုက် လုပ်သက်အလိုက် အရည်အချင်းအလိုက်တိုးမြှင့်ရွှေ့  ပြောင်းပေးခြင်းမျိုးမဟုတ်တဲ့ အတွက်ဌာနတွင်းမှာ အုပ်ချုပ်မှုပျက်ပြားပြီး ခြစားမှုတွေမသမာမှုတွေတိုးပွားလျှက်ရှိနေပါတယ်။လူမှန်နေရာမှန်မရှိတဲ့အတွက် ကြိုးနီစံနစ်တွေများပြီး ရစ်ခွေနေကြတာနဲ့  အလုပ်မဖြစ်သလို နည်းပညာပိုင်းမှာလည်းဆုံးဖြတ်ချက်တွေမှားပြီးစီမံကိန်းတွေမှာ ဆုံးရှုံးမှုတွေ ကြီးကြီးမားမားရှိနေပါတယ်။ 
သိုဝှက်ထားတဲ့ရဲရွာစီမံကိန်းနဲ့ကွန်းစီမံကိန်းတွေကဆုံးရှုံး ပျက်စီးမှုတွေရဲ့ အကြောင်းရင်းကလည်းဒါတွေကြောင့်ပါဘဲ။ ပိုပြီးဝမ်းနည်းဖို့ကောင်းတာက ဌာနတွင်းဝန်ထမ်းရေးရာကိစ္စတွေမှာ ကုမ္ပဏီတွေကပါဝင်စွက်ပြီးချယ် လှယ်နေကြတာပါဘဲ။ အထူးသဖြင့်အေးရှားဝါး (ဟိုက်တက်၊အမ်အက်စ်ပီ၊မင်းအနော်ရ ထာ) စတဲ့ကုမ္ပဏီတွေအရေးကြီးတဲ့ ရာထူးနေရာတွေ ဥပမာ လုပ်ငန်းခွင့်ပြုပေးနိုင်တဲ့ရာ ထူးနေရာ၊ငွေရေးကြေးရေးဆောင်ရွက်ပေးနိုင်တဲ့ရာထူးနေရာ၊ပစ္စည်းဝယ်ယူတင်သွင်း
ပေးနိုင်တဲ့ ရာထူးနေရာတွေမှာ ကိုယ်ပိုင်တဲ့အရာထမ်းတွေ တိုးမြှင့်ခန့်ထားရေးအတွက် ဝန်ကြီးကို ငွေပေးပြီးတွန်းအားပေးကြတာ အလွန်ရုပ်ပျက်လှပါတယ်။ ဝန်ကြီးကလည်း ဒီကုမ္ပဏီတွေရဲ့ ပေးကမ်းမှုတွေနဲ့ သူ့မိသားစုစီးပွါးရေးတွက် ခြေကိုက်နေတောသူတို့ခိုင်း သမျှလုပ်နေတာပေါ့ အထူးသဖြင့်မြစ်ဆုံစီမံကိန်း(၇)ခု အတွက်ကော်မရှင်တွေပေးထား၊ သူ့မိသားစု သူ့သားသမီးတွေအတွက် အိမ်တွေဆောက်ပေး၊စီးပွါးရေးလုပ်ငန်းတွေ
ထူထောင်ပေးထားတဲ့ဦးထွန်းမြင့်နိုင်ခိုင်းသမျှမြေဝယ်မကျနာခံပြီးလုပ်ပေးနေတာကျွန် တော်တို့ ဝန်ထမ်းတွေအတွက် ရင်နာစရာပါ။ဝန်ကြီးနဲ့အဖွဲ့  ခန့်ထားတဲ့အရာထမ်း တွေကလည်းဌာနအတွက် ပစ္စည်းဝယ်ရင်ဝန်ကြီးသားအကြီးရဲ့ ကုမ္ပဏီ(COSYကုမ္ပဏီ)ကဝယ်၊ သယ်ယူပို့ဆောင်ရေးဆိုရင်သားအကြီးရဲ့  (ရွှေဝါလှိုင်)ကုမ္ပဏီကိုအပ်၊ လုပ်
ငန်းအပ်နှံမယ်ဆိုရင်သားအကြီးရဲ့  (ကိုစီ ကုမ္ပဏီနဲ့မြန်မာ့ဇွဲမာန်) ကုမ္ပဏီကိုအပ်၊ ဖုန်းဝယ်မယ်ဆိုရင် သားအကြီးရဲ့(ဂရိတ်မိုဘိုင်း) ကုမ္ပဏီကဝယ်၊ နိုင်ငံခြားခရီးသွားလက်မှတ်ဆိုရင် သမီးတော်ရဲ့ကုမ္ပဏီကဝယ်၊ ကျန်းမာရေးကိစ္စဆိုရင်သားအငယ်ရဲ(့မြတ်သုခ)ဆေးတိုက်မှာပြ ဒီလိုအောက်ခြေဝန်ထမ်းတွေကိုညွှန်ကြားတယ်။ ဝန်ကြီးသားအငယ်မင်္ဂလာဆောင် တုန်းကလည်းတစ်ယောက်ကို အနည်းဆုံး၅သိန်းလက်ဖွဲ့ရမယ်လို့ အရှက်မရှိညွှန်ကြားခဲ့ကြသေးတယ်။ စီမံကိန်းလုပ်ငန်းကြီးတွေဆိုရင် အေရှားဝါးကိုအပ်ရတယ်။ အခြား(ဟိုက်တက်၊ အမ်အက်စ်ပီ၊ မင်းအနော်ရထာ) ကုမ္ပဏီတွေကိုလည်း လက်ဝါးချင်းရိုက်လုပ်စား ကြသေးတယ်။ ကြာတော့ ဝန်ထမ်းလောကကိုစိတ်ကုန်၊ စိတ်နာလာပါပြီ သမ္မတကြီးကို လေလှိုင်းကတဆင့်ပြောပေးပါ၊ ကျွန်တော်တို့မိသားစုတွေကိုဒုက္ခမပေးဘူးဆိုရင်၊ လွတ်လပ်စွာဆန္ဒပြခွင့်ပြုမယ်ဆိုရင်၊ ဒီမတရားမှုတွေ ခြစားမှုတွေကို ရုံးအမှတ်(၃၈)ရှေ့ မှာ ဆိုင်းဘုတ်ကိုင်ဆန္ဒပြခွင့်ပြုပါ။ ပြီးတော့ အဖြစ်အပျက်အမှန်တွေကိုပြောပြချင်တယ်။
ကျွန်တော်တို့ကိုလာစစ်ပေးပါ။ (ဒုသမ္မတ(၁)ကိုတော့ မပြောချင်ဘူးသူကဝန်ကြီးနဲ့ အလိုတူအလိုပါမို့ပါ။)
လျှပ်စစ်ဌာနက အရာထမ်း တစ်ဦး၏ ပေးစာ (၂)
ကျွန်တော်ဟာလျှပ်စစ်(၁)မှာ တာဝန်ထမ်းဆောင်နေတဲ့ ညွှန်ကြားရေးမှုးတစ်ဦးပါ။ ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာက ကျွန်တော်တို့ဌာန၊ ကျွန်တော်တို့အစိုးရရဲ့ ပွင့်လင်းမြင်သာမှုမရှိ ပြည်သူကိုနားလည့်ပါးလှည့်လုပ် စီးပွါးရေးသမားတွေနဲ့တရုပ်တွေနဲ့လက်ဝါးချင်းရိုက်တဲ့ကိစ္စတွေပါ။ (၁၅-၁၂-၁၁)နေ့မှာလျှပ်စစ်(၁)၊ အေးရှားဝါးနဲ့
စီပီအိုင်(တရုပ်)တို့ ချီဖွေစီမံကိန်းကို ဒီဇင်ဘာမှာစတင်အကောင်အထည်ဖော်ဘို့ စာချုပ် ချုပ်ဆိုလက်မှတ် ရေးထိုးခဲ့ကြတယ်။ (၁၅-၁၂-၁၁)ညနေ(၇)နာရီမှာဝန်ကြီးဦးဇော်မင်းအမိန့်နဲ့ ညွှန်ချုပ်ဦးကြီးစိုးက သူလက်မှတ် ထိုးခဲ့ရတယ်လို့ပြောပါတယ်။ (၁၆-၁၂-၁၁)နေ့ မှာဒုသမ္မတ(၁)နဲ့ ဒီစီမံကိန်းကိစ္စကိုတစ်နေ့လုံး အကြေအလည် ဆွေးနွေးကြတယ်။ ဒါတွေအားလုံးကိုကျွန်တော်တို့ရဲ့ပြည်သူတွေကို လုံးဝချမပြပါဘူး သတင်းစာမှာလည်း မဖေါ်ပြပါဘူး ၊ ကျွန်တော်တို့အတတ်ပညာရှင်တွေကို တောင်အသိပေးဆွေးနွေးခြင်းမပြုခဲ့ပါဘူး ငါသိတယ် ငါတတ်တယ်၊ ငါကော်မရှင်ယူပြီးသား ငါလုပ်ချင်ရာလုပ်မယ် ပြည်သူသဘော တူစရာမလိုဘူးဆိုတဲ့သဘောပါ။ တကယ်တော့ ချီဖွေစီမံကိန်းဆိုတာ စီမံကိန်းအသစ် မဟုတ်ပါဘူး။မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်း ထဲက(၁)ခုပါ ဒီစီမံကိန်းကသမ္မတကိုယ်တိုင်ရပ်ဆိုင်းကြောင်းကြေညှာထားတာပါ။ မြစ်ဆုံရဲ့အထက်ဘက်မိုင်(၆၀)အကွာမေခမြစ်ပေါ်
မှာရှိပြီးမဂ္ဂါဝပ်(၃၄၀၀)ထုတ်မှာပါ။ စာချုပ်စည်းကမ်းတွေကတော့ အရင်စာချုပ်ထဲက အတိုင်းပါ မြစ်ဆုံမြစ်ညှာမြစ်ဝှမ်း စီမံကိန်းထဲကတစ်ခုဖြစ်တဲ့မြစ်ဆုံစီမံကိန်းမှာ စိုက်ထုတ်ခဲ့တဲ့ငွေပမာဏကို ကျန်(၆)ထဲခွဲထည့်လို့ ငွေစာရင်းအရ ပြောင်းသွားတာဘဲ ကွာပါတယ်။ ပြည်သူသိသွားလည်း မြစ်ဆုံကိုလုပ်တာမဟုတ်ဘူး ချီဖွေကိုလုပ်တာပါဆိုပြီး မလှိမ့်တစ်ပတ် နဲ့ လိမ်ညာမုသားတွေပြောအုံးမှာပါ။ ပြည်သူတွေမသိရင်တောင်မှတာဝန်သိဝန် ထမ်းတွေရှိသေးတယ် ပြည်သူကိုလည်းအသိပေးအုံးမယ်ဆိုတာ သိစေချင်တယ်။ သမ္မတရပ်ခိုင်းတာ ဒီမြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်းကြီး  တစ်ခုလုံးပါ၊ မြစ်ဆုံလေးတစ်ခုတင်မဟုတ်ပါဘူး၊ ချီဖွေကိုလုပ်ရင်လည်းလူမှုရေးရော၊ သဘာဝပတ်ဝန်းကျင်ရော ထိခိုက်ပျက်စီးမှာဘဲ၊ အဲဒီနယ်ကလူမျိုးတွေရောသယံဇာတတွေရောအကုန် တရုပ်ကသိမ်းမှာဘဲထွက်လာမယ့် လျှပ်စစ်ကလည်းတရုပ်နိုင်ငံအတွက်ဘဲ အေးရှားဝါးဦးထွန်းမြင့်နိုင်၊ ဦးဇော် မင်းနဲ့ ဒုသမ္မတ၁တို့မိသားစု ကော်မရှင်ရကောင်းစားရေးအတွက် ကချင်လူမျိုးနဲ့တိုင်းပြည်သယံဇာတတွေရင်းလိုက်ရတာဘဲ အဖတ်တင်မယ်။ သမ္မတကြီးကိုပြောပေးပါဒီကိစ္စပွင့်လင်းစွာပြည်သူကိုချပြပေးစေလိုပါတယ်။ ကျွန်တော်တို့ အတတ် ပညာရှင် တွေကိုကြေညက်စွာ ဆွေးနွေးခွင့်ပြုပါ။ ကိုယ်ကျိုးစီးပွါးသာကြည့်တဲ့ သက်ဆိုင်ရာအုပ်ချုပ်သူအဆင့်ဆင့်ကို သန့်ရှင်းကောင်းမွန်တဲ့အုပ်ချုပ်မှုမျိုး ဆောင်ရွက်တတ်အောင် လေ့ကျင့်ပျိုးထောင် ပညာပေးစေလိုကြောင်း မေတ္တာရပ်ခံအပ်ပါတယ်။
 လျှပ်စစ်(၁)ဝန်ကြီးဌာနကအရာထမ်းတစ်ဦး၏ ပေးစာ(3)
ပြည်သူ့လွှတ်တော်တွင်တင်ပြဆွေးနွေးသင့်သောအစိုးရအဖွဲ့အတွင်း ဝန်ကြီးအချို့နှင့် အရာရှိကြီးအချို့၏အကျင့်ပျက် လာဘ်စားမှုမှ တရားမဝင်ရရှိသောဝင်ငွေများ
အစိုးရအဖွဲ့အတွင်းတွင်အကျင့်ပျက်ခြစား၍ တရားမဝင်ရရှိထားသော တရားမဝင်သည့် ဝင်ငွေပိုင်ဆိုင်မှုများကို စီစစ်သင့်ပါသည်။ ဥပမာ-လျှပ်စစ်(၁)ဝန်ကြီးဦးဇော်မင်းသည် ဘိန်းဘုရင်ဦးထွန်းမြင့်နိုင်၏ ဘိန်းဖြူလုပ်ငန်းမှ ရရှိငွေမဲများမှတစ်ဖက်လှည့်ဖြင့်ပံ့ပိုးမှုရရှိထားခြင်း၊ မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်း(၇)ခုနှင့် သောက်ရေခပ်စီမံကိန်းအကျိုး အမြတ်အတွက်ဒု-သမ္မတ(၁)အပါအဝင် ကော်မရှင် (၁၁.၅)ရာခိုင်နှုန်း အားရယူထားခြင်း၊ လျှပ်စစ်(၁)JV စီမံကိန်းများအတွက်MOUအဆင့်မှာ(၇)ရာခိုင်နှုန်းအားစီမံကိန်းများအတွက် ညွှန်ချုပ်ဦးကြီးစိုးထံမှတဆင့် လက်ခံရယူထားခြင်း၊ MOAအဆင့်မှာ(၅)ရာခိုင်နှုန်းရယူခြင်း၊ JV ကုမ္ပဏီ ထူထောင်ခွင့်အဆင့်တွင်ထပ်မံ (၁၀)ရာခိုင်နှုန်းရယူထားခြင်းများအား ရေအားလျှပ်စစ်စီမံရေးဦးစီးဌာန အရာရှိအပိုင်းမှတဆင့်သတင်းတိကျစွာရရှိထားပါသည်။ ဦးထွန်းမြင့်နိုင်မှ ပံ့ပိုးပေးပုံပေးနည်းမှာလည်း သိမ်မွှေ့လှပေသည်။ နေပြည်တော်ဥတ္တရသီရိတွင်နန်းတော်ကြီးပမာခန်းနားလှသောအိမ်တော်ကို ဆောက်လုပ်ပေး ထားသည်။ ရန်ကုန်မြို့တာမွေမေတ္တာရိပ်မွန်တွင်ဦးဇော်မင်းအတွက်ခြံကျယ်ကြီး နှင့်အိမ်ကြီးတစ်လုံး၊ သားကြီးဒေါက်တာအာကာဇော်၊ သားငယ်ဒေါက်တာလင်းထက်အောင်၊ သမီးတော်ရတနာဇော်မင်းတို့အတွက် အပျံစားအိမ်တစ်လုံးစီဆောက်လုပ်လက် ဆောင်ပေးထားပါသည်။ သားကြီးအာကာဇော်အတွက်Great Mobile ဖုန်းဆိုင်ကိုလည်းရင်းနှီးထုတ်ပေး ထူထောင်ပေးထားပါသည်။ သားငယ်ဒေါက်တာလင်းထက်အောင်အတွက် နေပြည်တော်ဇီဝကဆိုင်တန်းတွင် မြတ်သုခအမည်ရှိ ဆေးတိုက်ကြီးနှင့် Health Club fitness centre အားရင်းနှီးမတည်ဖွင့်လှစ်ပေးထားပါသည်။ သမီးတော်ရတနာဇော်မင်းအတွက်လည်း ရန်ကုန်ဆူးလေ အနီးတွင် နိုင်ငံခြားခရီးသွားကုမ္ပဏီကြီးတစ်ခုကိုဖွင့်လှစ်ပေးထားပါသည်။ သားကြီးဒေါက်တာအာကာဇော်၏ COSY ကုမ္ပဏီအတွက် စက်ယာဉ်ယန္တရားကြီး (၂၆)စီးအားမြစ်ဆုံစီမံကိန်း(၇)ခုနှင့်သောက်ရေခပ်စီမံကိန်းအတွက် စာရင်းပြ၍ရောရောင်တင်သွင်းပြီးအပြီးလက်ဆောင်ပေးထားပါသည်။ ဦးဇော်မင်း မိသားစုသို့ပံ့ပိုးပေးသည့် ငွေကြေးများအား သောက်ရေခပ်စီမံကိန်းတွင် ကျောက်လုပ်ငန်းအပေးပြလျှက်သားကြီးအာကာဇော်၏ COSY ကုမ္ပဏီ
မှ တဆင့်လစဉ် သိန်း(၂၀၀၀)မှ(၄၀၀၀)အကြား လုပ်အားခအဖြစ်ပံ့ပိုးထားပါသည်။ ဦးထွန်းမြင့်နိုင်ကဲ့သို့ ပံ့ပိုးပေးနေသောအခြားကုမ္ပဏီများလည်းရှိပါသည်။ ယင်းကဲ့သို့ ဘိန်းဖြူလုပ်ငန်းများမှရရှိထားသော ငွေမဲများအားဦးထွန်းမြင့်နိုင်ထံမှ လွယ်ကူစွာလက်ခံ ရယူထားသောဦးဇော်မင်းနှင့် ဒု-သမ္မတ(၁)တို့အပေါ်တွင် SANCTION ပိတ်ဆို့မှုကိုဖွင့်လှစ်မပေးသင့်သလိုစီစစ်အရေးယူသင့်ပေသည်။ ဝန်ကြီးဌာနတွင်းအကျင့်ပျက်ခြစား
မှုများကိုလည်းလျှပ်စစ်(၁)ဝန်ထမ်းများမှတဆင့်နားမဆံ့အောင်ကြားနေရပါသည်။ ဥပမာ-တနင်္သာရီတိုင်း ဆလုံတိုင်းရင်းသားကျွန်းသူ ကျွန်းသားတစ်ရွာလုံးကိုသတ်ဖြတ်ခဲ့ သည့်သတ်ဖေါ်သတ်ဖက်တပည့်များအား လျှပ်စစ်(၁)ဌာနအတွင်းရာထူးနေရာကောင်း ကောင်းမြင့်မြင့်များပေးထားခြင်း ၊ဝန်ထမ်းရေးရာရာထူးတိုးမြှင့်မှုများတွင် ငွေများစွာရယူ၍ မတန်မရာရာထူးများအား မတန်တဆ မတရားတိုးမြှင့်ပေးထားခြင်း၊စစ်ဘက်မှကူးပြောင်းလာသော ဝန်ထမ်းများအား အရပ်ဘက်နဂိုရှိပြီးပညာရှင်ဝန်ထမ်းများထက်အခွင့်အရေးပိုမိုပေးပြီး ခွဲခြားဖိနှိပ်ဆက်ဆံသလို ပညာရှင်များကိုလည်းတန်ဖိုးမထားခြင်း၊ ဝန်ကြီးဌာနအတွက်ခွဲဝေရရှိသော အမျိုးအစားကောင်းမွန်သည့် မော်တော်ယာဉ်အစီး(၃၀)ကျော်အားလက်အောက်အရာထမ်းမျာအတွက် ခွဲဝေပေးခြင်းမရှိဘဲဝန်ကြီးသုံး အရံယာဉ်များအဖြစ် မောင်ပိုင်စီးထားခြင်းနှင့်အဆိုပါယာဉ်များအတွက်ခွဲဝေရသည့် စက်သုံးဆီများအား ရုံးအဖွဲ့မှုးမှတဆင့်ရောင်းချ၍ကိုယ်ကျိုးအတွက်သိမ်းယူခြင်း၊ ဝန်ကြီးအဆင့်မှမတရားမှုများရှိနေတော့ အောက်ကစစ်ဘက်အရာထမ်းများကပါ လိုက်လံအတုခိုးအကျင့်ပျက်ချစားလာသည်မှာ နေပြည်တော်အထက် ပေါင်းလောင်းနှင့်နန်ချိုစီမံကိန်းများမှစက်သုံးဆီ၊ ဘိလပ်မြေ၊ သံချောင်းလုံးများစွာအသုံးပြု၍ နေအိမ်တိုက်တာများ ဆောက်လုပ်နေကြသည်မှာ မြင်မကောင်းအောင်ဖြစ်နေပြီး တိုင်းပြည်ဧ။်ဘဏ္ဏာငွေမြောက်မြားစွာ လေလွင့်ဆုံးရှုံးနေကြောင်းဓါတ်ပုံနှင့်စာရင်းအထောက်အထားများအရ သိရှိရခြင်း၊ ဝန်ကြီးဌာနစီမံကိန်းမှန်သမျှ၏ စီမံကိန်းပစ္စည်းမှန်သမျှသယ်ယူပို့ဆောင်ရေး လုပ်ငန်းများကိုလည်း သားကြီးဒေါက်တာအာကာဇော်၏ ရွှေဝါလှိုင်သယ်ယူပို့ဆောင်ရေး ကုမ္ပဏီကဘဲ သယ်ယူဆောင်ရွက်ခွင့်ရှိပြီး ဈေးနှုန်းကြီးမြင့်သလို ပျက်စီးမှုဖြစ်လာရင်လည်း သက်ဆိုင်ရာစီမံကိန်းကသာဖြေရှင်းရခြင်း၊ ဝန်ထမ်းများဝတ်ဆင်တဲ့ပုဆိုး၊ ထမီအစုတ်ပလုပ်ကအစ လုပ်ငန်းကြီးတွေအထိလက်ဝါးကြီးအုပ် မတရားရယူသိမ်းပိုက်ဌာနကြီးတစ်ခုလုံးရဲ့ ဘတ်ဂျက်တစ်ခုလုံးသိမ်းပိုက်ပြီး တသက်စာစားမကုန်အောင်ရှိနေရက်နဲ့ ထပ်၍ထပ်၍လောဘဇောတိုက်နေတဲ့ ဒီလိုဝန်ကြီးမျိုးတွေဟာ Clean Government Good Governance လို့အော်နေတဲ့သမ္မတကြီးနဲ့မှန်ကန်တဲ့အချို့  ဝန်ကြီးများမှစီစစ်ဖေါ်ထုတ်ဟန့်တားသင့်ပါသည်။ နေ့စဉ်ရုံးတက်နေရတဲ့ဝန်ထမ်းများကိုတောင် ရုံးရဲ့အလယ် ဝင်ပေါက်က ဝင်ခွင့်မပြုဘဲ ဝန်ကြီးနဲ့ညွှန်ချုပ်များသာ ဝင်ခွင့်ပြုထားတာဟာအလုပ်လုပ်နေတဲ့ နိုင်ငံ့ဝန်ထမ်းများကို တိရိစ္ဆာန်ကဲ့သို့ဆက်ဆံပြီးလူ့ဂုဏ်သိက္ခာကိုချိုးဖဲ့သလိုခံစားနေရကြောင်း၊ လျှပ်စစ်အောက်ခြေဝန်ထမ်းတွေအဖို့ အလုပ်ကိုသာညအချိန်မတော်အထိအနိုင်ကျင့်ခိုင်းစေတာခံနေရပြီး ရာထူး၊ဝင်ငွေ၊ပျော်ရွှင်မှု၊မိသားစုအရသာဘာမှ မျှော်လင့်ချက်မရှိဘဝတွေပျက်နေရကြောင်းရင်ဖွင့်တာကိုစိတ်မကောင်းစွာထပ်တူခံစားလိုက်ရပါသည်။ ဒီလိုအဖြစ်ပျက်မျိုးတွေ အခြားဝန်ကြီးဌာနတွေမှာလည်း (ဥပမာ- စည်ပင်သာယာလို၊ ဆောက်လုပ်ရေးလို၊ စီးပွါးကူးသန်းလို၊ အကောက်ခွန်လို) ရှိနေနိုင်တာမို့သမ္မတကြီးဦးသိန်းစိန်ထံ(သို့) လွှတ်တော်ဥက္ကဌကြီးထံသို့ ယင်းဌာနများအားထဲထဲဝင်ဝင်လေ့လာစုံစမ်း၍ ထိရောက်စွာပြောင်းလဲပြင်ဆင်ပြုပြင်သင့်ပါကြောင်း အကြံပြုတင်ပြ
အပ်ပါသည်။
Share this article :
0 comments:
Post a Comment
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG