Home » » မဇ္ဈိမ ထုတ်ပြန်ကြေညာချက်

မဇ္ဈိမ ထုတ်ပြန်ကြေညာချက်

မဇ္ဈိမပရိသတ်များ ခင်ဗျား

ကျွန်တော်တို့ မဇ္ဈိမ အယ်ဒီတာအဖွဲ့အနေနဲ့ စာဖတ်သူများကို လေးစားစွာ အသိပေးအပ်ပါသည်။  မဇ္ဈိမဝက်ဘ်ဆိုက်သည် DDoS တိုက်ခိုက်မှု ခံနေရပါသည်။ ဘာကြောင့် တိုက်ခိုက်သည်ကိုတော့ အယ်ဒီတာအဖွဲ့အနေဖြင့် တိတိကျကျ အတည်မပြုနိုင်သေးပါ။

မဇ္ဈိမအနေဖြင့် လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့
သည့် ပဋိပက္ခ သတင်းဖော်ပြမှုနှင့်ပတ်သက်၍ ခြိမ်းခြောက်မှုအချို့ ခံခဲ့ရပါသည်။ သို့ရာတွင် မိမိတို့သည် မိမိတို့၏ ပရော်ဖက်ရှင်နယ် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ နယ်ပယ်တွင် ခိုင်မာစွာ ဆက်လက်ရပ်တည်ခဲ့ပါသည်။

မဇ္ဈိမအား စတင်တည်ထောင်ခဲ့သော ၁၉၉၈ ခုနှစ် ကတည်းက မြန်မာနိုင်ငံနှင့်ပတ်သက်သော သတင်း၊ အဖြစ်အပျက်များကို ဘက်လိုက်မှုမရှိ၊ တရားမျှတစွာနှင့် လွတ်လပ်စွာ အကဲဖြတ်ဖော်ပြရန် ကြိုးပမ်းခဲ့သည်။ မြန်မာပြည်သူပြည်သားများ ကောင်းကျိုးချမ်းသာရရှိရေးမှာ ကျွန်တော်တို့၏ အဓိက တွေးတောပူပန်မှုပင်ဖြစ်ပါသည်။

ယခုအချိန်အထိ သတင်းနှင့် လတ်တလောအဖြစ်အပျက်များမှာ သာယာဝပြောရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးပေါ်တွင် အလေးထားရေးသားဖော်ပြသလို  အဆိုပါ ကတိတ၀တ်များမှလည်း မည်သည့်အခါမှ သွေဖီမှာလည်း မဟုတ်ပါ။

ယနေ့ကာလသည် လွတ်လပ်ပြီး တာဝန်ခံမှုရှိသော ဂျာနယ်လစ်ဇင် အခန်းကဏ္ဍ အလွန်ပင်အရေးကြီးလှသည်ဟု ယုံကြည်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာကကာလရှည်ကြာစွာ စိတ်အားထက်သန်စွာဖြင့် ထောက်ခံခဲ့သော သမိုင်းတွင်မည့် ဒီမိုကရေစီအုပ်ချုပ်မှု အခန်းကဏ္ဍကို မြန်မာနိုင်ငံသည် စတင် ကူးပြောင်းလုပ်ဆောင်နေသောကြောင့် ဖြစ်သည်။

ဒီမိုကရေစီဖြစ်ထွန်းကာ သာယာဝပြောသော မြန်မာနိုင်ငံကို အောင်မြင်စွာတည်ဆောက်နိုင်ရန် သတင်းလွတ်လပ်စွာ ဖြန့်ချီခွင့်နှင့် သတင်းအချက်အလက် ရရှိပိုင်ခွင့်တို့သည်လည်း မရှိမဖြစ် လိုအပ်သည်ကို ကျွန်တော်တို့၏ စာဖတ်ပရိတ်သတ်များလည်း သဘောတူညီနိုင်ကြ
မည်ဟု မျှော်လင့်ပါသည်။

မဇ္ဈိမအပေါ် စိတ်ဝင်စားမှုနှင့် ထိုထက်မက အရေးကြီးသော မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံသစ် ပေါ်ထွန်းရေးကို မျက်ဝါးထင်ထင် မြင်လိုသော
ဆန္ဒအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG