Home » » မဇ္ဈိမ ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံနေရ

မဇ္ဈိမ ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံနေရ

မျိုးသန့် |

အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ရေးသားတင်ပြနေသည့် မဇ္ဈိမ သတင်းဌာန၏ အင်တာနက် စာမျက်နှာများ သောကြာနေ့မှစ၍ DDoS တိုက်ခိုက်မှု ခံနေရသည်။

“မဇ္ဈိမဝက်ဘ်ဆိုက်သည် DDoS တိုက်ခိုက်မှု ခံနေရပါသည်။ ဘာကြောင့် တိုက်ခိုက်သည်ကိုတော့ အယ်ဒီတာအဖွဲ့အနေဖြင့် တိတိကျကျ အတည်မပြုနိုင်သေးပါ” ဟု ထုတ်ပြန်ချက်အတွင်း ပါရှိသည်။ ထို့အပြင် “မဇ္ဈိမအနေဖြင့် လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့
သည့် ပဋိပက္ခသတင်း ဖော်ပြမှုနှင့် ပတ်သက်၍ ခြိမ်းခြောက်မှုအချို့ ခံခဲ့ရပါသည်” ဟုလည်း ကြေညာချက်အတွင်း ဖေါ်ပြထားသည်။

သောကြာနေ့ ညနေပိုင်းမှ စတင်ခဲ့သော DDoS တိုက်ခိုက်မှုကြောင့် မဇ္ဈိမ၏ အင်တာနက် စာမျက်နှာများ ဖွင့်၍ မရတချက် ရတချက် ဖြစ်နေခဲ့ပြီး စနေနေ့တွင် မြန်မာနိုင်ငံတွင်း အပါအ၀င် အချို့နေရာများတွင် လုံးဝ ဖွင့်မရတော့သည်ကို တွေ့ရှိလာရသည်။

DDoS ဟူခေါ်သည့် Distributed Denial of Services တိုက်ခိုက်မှုသည် ဆာဗာပေါင်း များစွာမှ မဇ္ဈိမဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုမှု များပြားစွာ ဖြစ်လေဟန် တချိန်တည်း ပို့လွှတ်၍  တိုက်ခိုက်သည့် နည်းလမ်း ဖြစ်သည်။

မဇ္ဈိမ အင်တာနက် စာမျက်နှာသို့ DDoS ပို့လွှတ်ကာ အများဆုံး လာရောက် တိုက်ခိုက်မှု အများဆုံးနိုင်ငံမှာ မလေးရှားနိုင်ငံ ဖြစ်ပြီး အမေရိကန်မှာ ဒုတိယ အများဆုံး ဖြစ်သည်။

အင်္ဂလန်၊ ကနေဒါနိုင်ငံတို့မှလည်း DDoS ပို့လွှတ်ကာ တိုက်ခိုက်လျက် ရှိနေသည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံအတွင်းမှလည်း ပို့လွှတ် တိုက်ခိုက်လျက်ရှိသည်ကို တွေ့ရသည်။

မဇ္ဈိမ အင်တာနက် စာမျက်နှာများသည် ၂ဝဝ၇ စက်တင်္ဘာလအတွင်း သံဃာတော်များ ဦးဆောင်သော လူထုဆန္ဒပြချိန်တွင်း၊ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း တိုက်ခတ်မှုအပြီးနှင့် ၂၀၁၀ ရွေးကောက်ပွဲနီး ကာလများတွင်လည်း ယခုကဲ့သို့ DDoS တိုက်ခိုက်မှုမျိုး ကြုံခဲ့ရဖူးသည်။ အင်္ဂလန်၊ ကနေဒါနိုင်ငံတို့မှလည်း DDoS ပို့လွှတ်ကာ တိုက်ခိုက်လျက်ရှိနေသည်။ အိန္ဒိယနိုင်ငံတွင်း တနေရာနှင့် မြန်မာနိုင်ငံအတွင်းမှလည်း ပို့လွှတ်တိုက်ခိုက်လျက်ရှိသည်
ကို တွေ့ရသည်။

မဇ္ဈိမ အင်တာနက် စာမျက်နှာများသည် ၂ဝဝ၇ စက်တင်ဘာ သံဃာတော်များ ဦးဆောင်သော လူထုဆန္ဒပြချိန်တွင်းနှင့် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်မှုအပြီးနှင့် ၂၀၁၀ ရွေးကောက်ပွဲနီးကာလများတွင်လည်း ယခုကဲ့သို့ DDoS တိုက်ခိုက်မှုမျိုးကြုံခဲ့ရသေးသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG