Home » » ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဘီဂျေနမ်ဘီးယားကချင်ပြည်နယ်သို့ရောက်ရှိ

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဘီဂျေနမ်ဘီးယားကချင်ပြည်နယ်သို့ရောက်ရှိ




ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဘီဂျေနမ်ဘီးယားသည် ပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့်အတူ ...
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်ဘေးဒုက္ခသည်စခန်းများသို့ သွားရောက်ပြီး ဒုက္ခသည်များနှင့် တွေ့ဆုံမည်ဖြစ်ကာ ထို့နောက် အရပ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မစ္စတာ ဘီဂျေနမ်ဘီးယားနှင့်အတူ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု  ၀န်ကြီး ဦးခင်ရီတို့လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။

 နိုင်ငံတော်သမ္မတက နိုင်ငံတကာအဖွဲ့အစည်းများအား ကချင်ပြည်နယ်သို့ လူသားချင်းစာနာထောက်ထားသောအကူအညီများ ခွင့်ပြုလိုက်ပြီဖြစ်ပြီး အကူအညီပေးမည့်အဖွဲ့အစည်းများလုံခြုံရေးကို အစိုးရနှင့် ကေအိုင်အေ နှစ်ဖက်စလုံးက တာဝန်ယူပေးရမည်ဟု သမ္မတကပြောကြားကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကပြောကြားသည်
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG