Home » » ကချင်လွှတ်လပ်ရေးတပ်မတော်(KIA)ညီကိုတော်များကို ဗမာတပ်ကရိုင်းစိုင်းစွာစစ်ပြုတိုက်ခိုက်နေမှုအပေါ် ကရင်ကွန်မြူနီတီ မီနီဆိုးတား (KCM) ၏ထုတ်ပြန်ကျေညာချက်

ကချင်လွှတ်လပ်ရေးတပ်မတော်(KIA)ညီကိုတော်များကို ဗမာတပ်ကရိုင်းစိုင်းစွာစစ်ပြုတိုက်ခိုက်နေမှုအပေါ် ကရင်ကွန်မြူနီတီ မီနီဆိုးတား (KCM) ၏ထုတ်ပြန်ကျေညာချက်




ဘ၀တူ သူရဲကောင်း ကချင်ရဲဘော်၊ ရဲမေများခင်ဗျား-
ဘ၀တူ ညီကိုတော် လူမျိုးစုများခင်ဗျား-
ဘ၀တူ လုပ်သားပြည်သူများခင်ဗျား-

၁။ ကြံ့-ဖွတ်သိန်းစိန်စစ်အုပ်စု၏ လက်ကိုင်တုတ် ဗမာစစ်တပ်က ကချင်ညီကိုများကို လူမဆန်စွာ မိုက်မိုက်ရိုင်းရိုင်း လေတပ်အပါအဝင် လက်နက်ကြီးမျိုးစုံနှင့် ကျူးကျော် တိုက်ခိုက်နေမှုကို ကရင်ကွန်မြူနီတီ မီနီဆိုးတား (KCM)မှ ရှုတ်ချလိုက်သည်။

၂။ ဗမာစစ်ဗိုလ်ချုပ်များနှင့် ဗမာ-တရုပ်စီးပွားရေးသမားများ၏ အကျိုးစီးပွားကို အသက်ပေးကာကွယ်နေ သော၊ ကမ္ဘာနှင့်ကျွန်ုပ်တို့လူမျိုးစုံပြည်သူတရပ်လုံးကိုလိမ်ညှာ လှည့်ပြားနေသော၊ ရောင်ပြဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကို လူကြားကောင်းအောင် ကုန်းအော်နေသော၊ ကြံ့-ဖွပ်သိန်းစိန် ဘောင်းဘီချွပ်-ဘောင်းဘီဝတ် စစ်အုပ်စု၏ လေတပ်အပါအဝင် လက်နက်ကြီးမျိုးစုံအသုံးပြု၍ နယ်ချဲ့ကျူးကျော်တိုက်ခိုက်နေမှုကို ရဲရဲတောက် ခုခံတိုက်ခိုက်နေသော ကချင်သူရဲကောင်း ရဲဘော်ရဲမေများကို လေးစားစွာဂုဏ်ပြုအပ်ပါသည်။

၃။ ကျန်ုပ်တို့နိုင်ငံတကာရောက်ကရင်တမျိုးသားလုံးနှင့် ဘ၀တူလူမျိုးစုများမှာ ရဲဘော်တို့နှင့်အတူရှိနေပါသည်။ ရဲဘော်တို့၏ တော်လှန်သည့် သံမဏိစိတ်ဓါတ်၊ သူ့ကျွန်မခံသည့်စိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်တို့ကို ထပ်မံအလေး ပြုအပ်ပါသည်။

၎။ ယခုရန်သူသည် လွန်ခဲ့သည့် ၁၉၉ရ ခုနှစ်တုန်းကပင် ကျွန်ုပ်တို့ကို ယခုကဲ့သို့စစ်အင်အားအလုံးအရင်းနှင့် ကျူးကျော်စစ်ပြုတိုက်ခိုက်ခဲ့သော်လည်း အရှက်တကွဲအကျိုးနည်းစွာနှင့် ပြည်လည်ထွက်ပြေးကြရသည်။ ကချင် ရဲဘော်ရဲမေများကို နယ်ချဲ့ကျူးကျော်တိုက်ခိုက်နေသည်မှာ တနှစ်ကျော်ခဲ့သည့်တိုင် သုံညဘ၀တွင်ရှိနေသည်၊ အရှက်တကွဲအကျိုးနည်းနေသည်။ အရှက်ရနေသည်။ 
 
ကျူးကျော်နယ်ချဲ့သူတို့ရမည့်ဆုလာဒ်ဖြစ်သည်။ မကြာမှီ အပစ်ရပ်အဖွဲ့များ ရန်သူကြံ့-ဖွပ်သိန်းစိန်စစ်အုပ်စု၏ လှည့်စားမှုကိုနားလည်ပြီး ပြည်လည်ဆန့်ကျင် တိုက်ခိုက် တော့မည့်ရက်သည် မဝေးတော့ပေ။
၅။ သူ့ကျွန်ဖြစ်သည်ထက် အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်းသေခြင်းက ပိုမြတ်သည်ဟု ဩဝါဒပေးခဲ့သော ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီး၏ သစ္စာတရားကို ကျွန်ုပ်တို့ကဲ့သို့စွဲကိုင်ပြီး တိုက်ပွဲဝင်ပြီး တော်လှန်စစ်တံခွန်ကို ငွါးငွါးစွင့်စွင့်လွင့်ထူထားပါရန် ပန်ကြားပါသည်။
-သူရဲကောင်း ကချင်ရဲဘော်ရဲမေများ သက်တော်ရှည်ကြပါစေ၊
-တိုက်ပွဲတရာ အောင်ပွဲတရာ ရကြပါစေ၊

-ဘ၀တူ လူမျိုးစုများ သွေးစည်းကြ၊
-ဘ၀တူ လူမျိုးစုံပြည်သူများ သွေးစည်းကြ၊
-ကချင်အမျိုးသားလွတ်မြောက်ရေးတော်လှန်ရေး မုချအောင်ရမည်။

အမှုဆောင်ကော်မတီ၊
ကရင်ကွန်မြူနီတီ မီနီဆိုးတား (KCM)
အမေရိကန်ပြည်ထောင်စု။
၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ-၅ ရက်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG