Home » » ၁၂၀ မမ လက်နက်ကြီး ကျည် ထိ ၃ ယောက်သေဆုံးတယ် ။

၁၂၀ မမ လက်နက်ကြီး ကျည် ထိ ၃ ယောက်သေဆုံးတယ် ။



အစိုးရတပ်ဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ ကချင် လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့၏ 'မြစ်ကြီးနားဟိုတယ်' အနီးတွင် ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံ သုံးဦးသေဆုံး
ကာ လေးဦး ဒဏ်ရာရရှိသည်ဟု လိုင်ဇာမြို့ခံများက ပြောသည်။

တနင်္လာနေ့ နံနက် ၈ နာရီကျော်ချိန်တွင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ခမ်းကိုင်တောင် အစိုးရ အမြောက်စခန်းမှ ပစ်ခတ်
လိုက်သော ၁၂၀ မမ လက်နက်ကြီး ကျည်များ လိုင်ဇာမြို့၊ ခကျန်ရပ်ကွက်ရှိ 'မြစ်ကြီးနားဟိုတယ်' အနီး နေအိမ်
တခုတွင် လေးလုံးကျရောက်ကာ သုံးလုံးပေါကွဲခဲ့သဖြင့် အမျိုးသားတဦး နေရာတွင် သေဆုံးကာ ကလေးနှစ်ဦးမှာ လိုင်ဇာဆေးရုံတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ကျန်ဒဏ်ရာရသူ ၄ ဦးမှာ လိုင်ဇာဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။

“၃ ယောက်သေဆုံးတယ်။ ဒေါ့ဖုန်းနယ် ခမ်းကိုင်တောင်ဘက်ကနေ ၄ လုံးပစ်တယ်။ ၄ လုံးက ပစ်လိုက်တဲ့အထဲ ၃ လုံးအောင်တယ်။ တလုံးက မအောင်ဘူး”ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG