Home » » ဖားကန့် ဒေသခံတွေအတွက် ကေအိုင်အေ တပ်မှူး အကူအညီတောင်း

ဖားကန့် ဒေသခံတွေအတွက် ကေအိုင်အေ တပ်မှူး အကူအညီတောင်း


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ရှိတဲ့ ဝှေခါကျေးရွာနဲ့ မှော်ဂဠုန်ကျေးရွာ တစ်ဝိုက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ စားရေးသောက်ရေး အခက်အခဲတွေ ရှိလာတဲ့အတွက် အကူအညီပေးဖို့ ကေအိုင်အေ တပ်ရင်း ၆ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဦးဇော်ဒွဲ က အစိုးရအဖွဲ့ကို ဒီကနေ့ ဇန်န၀ါရီလ ၂၃ ရက်နေ့ မှာ မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။
 
 

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လကစပြီး တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့၏ မှတ်တမ်းပုံ ဖြစ်ပါသည်။

ဒေသခံပြည်သူတွေဟာ နှစ်ဖက်တိုက်ပွဲတွေကြား နီးစပ်ရာစစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်ပြီး စားသောက်ရေးပါ အခက်အခဲဖြစ်နေတာကြောင့် လာမယ့်ရက်ပိုင်းတွေအတွင်း အခြေအနေပိုဆိုးဖို့ရှိတယ်လို့ ကေအိုင်အေ တပ်ရင်းမှူး ဗိုလ်မှူးကြီးဇော်ဒွဲ က ပြောပါတယ်။

အစိုးရစစ်တပ်နဲ့ ကေအိုင်အေတပ်တွေဟာ ဒီကနေ့မနက်အစောပိုင်းမှာလည်း အဲဒီ့နေရာမှာ  တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အတွက် ဒီကနေ့မှာပဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံပြည်သူဟာ လူဦးရေ ၂ ထောင်ကျော် ရှိလာပြီလို့ မှော်ဂဠုန်ကျေးရွာက NLD ပါတီဝင်တစ်ဦးက အခုလိုပြောပါတယ်။

“အပြန်အလှန် ပစ်ခတ်တာ အခု အစိုးရတပ်က တစ်ယောက်တော့ ထမ်းသွားတာတွေ့တယ်၊ အခု လက်ရှိကတော့ ကျနော်တို့ ရွာကလူတွေက ထိတ်ထိတ်ပြာပြာ ဖြစ်နေကြတာပဲ၊ ထမင်းတောင် အခုချိန်ထိ ဘယ်သူမှ မချက်စားရဲသေးဘူး”
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG