Home » » ထိုင်း-မြန်မာရထားလမ်း ပြန်လည် ဖောက်လုပ်မည်

ထိုင်း-မြန်မာရထားလမ်း ပြန်လည် ဖောက်လုပ်မည်


ဒုတိယ ကမ္ဘာစစ် ကာလအတွင်း ဂျပန်ဘုရင့်တပ်မတော်က တည်ဆောက်သွားခဲ့သော ထိုင်း-မြန်မာ ရထားလမ်း တစ်လျှောက် နေထိုင်လျက် ရှိကြသည့် လူနည်းစု တိုင်းရင်းသားတို့၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုအတွက် မြန်မာအစိုးရက ရထားလမ်းနှင့် အဝေးပြေးလမ်းမ အပြီးသတ် ဖောက်လုပ်ပေးရန် စီစဉ်လျက် ရှိကြောင်း ထုတ်ပြန် ကြေညာသွားခဲ့သည်။

ရထားလမ်း ချိတ်ဆက်မှုမှာ ဒုတိယကမ္ဘာစစ် ကာလအတွင်း ထိုင်းနိုင်ငံမှ ယနေ့ မြန်မာနိုင်ငံသို့ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ သယ်ယူ ပို့ဆောင်ရေးအတွက် ရည်ရွယ်ခဲ့ရင်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကာလ နောက်ပိုင်းတွင် အဆိုပါ ဒေသများကို လက်နက်ကိုင်တိုင်းရင်းသား လူနည်းစုအဖွဲ့အစည်းများဖြစ်သည့် မွန်ပြည်သစ်ပါတီ (New Mon State Party) နှင့် ကရင် အမျိုးသား အစည်းအရုံး (Karen National Union) တို့ က စိုးမိုးထားချိန်မှစ၍ မြန်မာနိုင်ငံ အရှေ့ဘက် အခြမ်းရှိ ရထားလမ်းပိုင်းမှာ အသုံးမပြုဘဲ စွန့်ပစ်ထားခံခဲ့ရသည်။

မွန်ပြည်သစ် ပါတီနှင့် ကေအန်ယူ တို့ကို အပစ်အခတ် ရပ်စဲရန် မြန်မာအစိုးရက ယခုနှစ်အတွင်း သဘောတူညီချက် တစ်ရပ်၊ လက် မှတ်ရေးထိုးနိုင်ခဲ့ပြီးနောက်တွင်မူ အဆိုပါ ရထားလမ်းပိုင်းကို ပြန်လည် တည်ဆောက်ရေးမှာ ဖြစ်နိုင်ချေ ရှိလာခဲ့သည်။


ချွေးတပ်သား များဖြင့် ဖောက်လုပ်ခဲ့သည့် သေမင်းတမန် ရထားလမ်း
ချွေးတပ်သား များဖြင့် ဖောက်လုပ်ခဲ့သည့် သေမင်းတမန် ရထားလမ်း
ချွေးတပ်သား များဖြင့် ဖောက်လုပ်ခဲ့သည့် သေမင်းတမန် ရထားလမ်း
ချွေးတပ်သား များဖြင့် ဖောက်လုပ်ခဲ့သည့် သေမင်းတမန် ရထားလမ်း

အထက်ပါ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပရာတွင် ဦးဆောင် နေသော သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ယခုဖောက်လုပ်မည့် ရထားလမ်းနှင့် အဝေးပြေးလမ်းမ သည် ဂျပန်ခေတ် ရထားလမ်းဟောင်းကို ကီလိုမီတာတစ်ရာခန့် ဖြတ်သန်း  ဖောက်လုပ်မည်ဖြစ်သည်ဟု ပြော ကြားခဲ့သည်။ ဂျပန်ခေတ် ရထားလမ်းဟောင်းသည် မြန်မာနိုင်ငံဘက်ခြမ်း ခရီးဆုံးမြို့ဖြစ်သော သံဖြူဇရပ်မှ ထိုင်းနယ်စပ်ရှိ ဘုရားသုံးဆူ တောင်ကြား တစ်လျှောက် သွယ်တန်း ဖောက်လုပ်ထားခြင်း ဖြစ်သည်။
ရထားလမ်းအူကြောင်း တစ်လျှောက် ကွင်းဆင်းစစ်ဆေးခြင်းကို မြန်မာအစိုးရက ဒီဇင်ဘာလအတွင်း ဆောင်ရွက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်က အဝေးပြေးလမ်းပိုင်း ကွင်းဆင်းစစ်ဆေးခြင်းအတွက် ရန်ပုံငွေချထားရန် မကြာမီက လက်မှတ်ရေးထိုး အတည်ပြုခဲ့ပြီးဖြစ် သည်။
ဂျပန်ဘုရင့်တပ်မတော်သည် မြန်မာနိုင်ငံဘက်မှ သံဖြူဇရပ်နှင့် ထိုင်းနိုင်ငံဘက်မှ နောင်ဖလာဒွတ်ခ် (Nong Pladuk) တို့ကို ဆက်သွယ် သည့် ရထားလမ်းကို ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ တွင် စတင်ဖောက်လုပ်ခဲ့ သည်။ လမ်းအလျား ၄၁၅ ကီလိုမီ တာရှိ ရထားလမ်းကို ၁၉၄၃ ခုနှစ်၊ အောက်တိုဘာလတွင် တည်ဆောက်  ပြီးစီး ခဲ့သည်။ ရထားလမ်း ဆောက်လုပ်ရာတွင် ဗြိတိသျှ စစ်သုံ့ပန်းများ၊ အာရှဒေသမှ ချွေးတပ်သားများနှင့် အခြား လုပ်သားများကို ခိုင်းစေခဲ့သည်။

ရောဂါဘယ ထူပြောခြင်း၊ လုပ်ငန်းကြီးကြပ်မှု အကွပ်အညှပ် ပြင်းထန်လွန်းခြင်း စသည့်အခြေအနေများကြောင့် ရထားလမ်း ဖောက်လုပ်ရေး ကာလအတွင်း လုပ်သား ၇ဝဝဝဝ ကျော် သေဆုံးခဲ့ရသည်။ သေမင်းတမန် ရထားလမ်း (The Death Railway) ဟု အမည်တွင်သော အဆိုပါ ရထားလမ်းပေါ်မှ မြစ်ကူး သံတံတား အဖြစ် တွေ့မြင်ရသော ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ ဒေသအတွင်းရှိ သံတံတားမှာ ၁၉၅၇ ခုနှစ်ထုတ် The Bridge on the River Kwai ဇာတ်ကားအတွက် ဇာတ်ဝင်ခန်းသုံး ဆက်တင်အဖြစ် တည်ဆောက်ထားခြင်းသာ ဖြစ်သည်။

ဘုရားသုံးဆူ တောင်ကြားအပါအဝင် လူနည်းစုတိုင်းရင်းသား အများအပြား နေထိုင်ရာဒေသများတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ထိုင်းနယ်စပ်ဒေသ တစ်လျှောက် အထူးစီးပွားရေးဇုန်များ ထူထောင် သွားမည်ဟု မြန်မာ အစိုးရက ကြေညာခဲ့ပြီး ဖြစ်သည်ဟုလည်း ဦးအောင်မင်း၏ အဆိုအရ သိရှိရသည်။
ထိုင်းနိုင်ငံဘက် အခြမ်းတွင် မြို့တော်ဘန်ကောက်မှ ဘုရားသုံးဆူ တောင်ကြားအနီးအထိ အဝေးပြေးလမ်းမ တစ်ရပ် ဖောက်လုပ်ပြီး ဖြစ်သည်။

မြန်မာအစိုးရက အဆိုပါ အဝေးပြေးလမ်းမနှင့် ချိတ်ဆက် ဖောက်လုပ်ရန် သာမက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ နမ့်တွခ် (Namt ok) ဒေသကို ဆက်သွယ်ထားသည့် ပျက်စီးယိုယွင်းနေသော ရထားလမ်း အဟောင်းကိုပါ ပြန်လည်ပြင်ဆင် တည်ဆောက်ရန်ဖြစ်နိုင်ချေများကို ထိုင်းတို့နှင့် ဆွေးနွေးရန် စီးစဉ်ထားပေသည်။ အထူးစီးပွားရေးဇုန်များ အတွင်း အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ခြင်းက ပြည်ပ ထုတ်လုပ်ရေး လုပ်ငန်းရှင်များကို ဆွဲဆောင် နိုင်မည် ဟု မျှော်လင့် ထားကြောင်း လည်း ဦးအောင်မင်းက ပြောကြားခဲ့သည်။

မွန်ပြည်နယ်မြို့တော် မော်လမြိုင်အနီး ဆိပ်ကမ်းတစ်ခု ဖွင့်လှစ်ရန် စီမံကိန်းနှင့်အတူ ရထားလမ်းသစ် နှင့် အဝေးပြေး လမ်းမ ဖောက်လုပ်ရေးသည် ဂျပန်ကုမ္ပဏီ အများအပြား က ထုတ်လုပ်ရေး လုပ်ငန်း စက်ရုံများ အခြေစိုက်ထားရာ ထိုင်းနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့ကို အိန္ဒိယ နှင့် ဥရောပသို့ ဆက်သွယ်ပေးသော ကုန်သွယ်ရေး လမ်းကြောင်း၏ အဓိကကျသည့် သွေးကြောလမ်းမ ကြီးဖြစ်လာပေမည်။

အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပြည်ပရန်ပုံငွေထည့် ဝင်မှုများကို လက်ခံကြိုဆို ပါကြောင်းလည်း ဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။ ပြည်ပမှ ဖွံ့ဖြိုး တိုးတက်ရေး အကူအညီ ရန်ပုံငွေများကို ထိုသို့ ရည်ညွှန်းပြောကြား ခဲ့သော ဝန်ကြီးဦးအောင်မင်းက မြန်မာနိုင်ငံ အနေနှင့်လည်း စီမံကိန်းကုန်ကျ စရိတ်များကို ထည့်ဝင် သွား မည်ဖြစ် ကြောင်း ပြောကြားသွားခဲ့ပါသည်။



Ref: Thai-Burma Railway to be restoned/Railroad aimed at promoting economic development for ethnic minorities by Junichi

Fukasawa, Yomiuri Shimbun

Correspondent Yomiuri

Shimbun, January 1/2013


Share this article :

2 comments:

Unknown said...

ဘုရားသခင် အသက်ရှင်တယ်

Unknown said...

ကချင်တွေက သူတို့ ရဲ့ ကြမ်းတမ်းလှတဲ့ လက်များနဲ့ မတူဘဲ နူးညံ့ပြီးနွေးထွေးလှတဲ့နှလုံးသားတွေကိုပိုင်ဆိုင်ထားကြပါတယ်။

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG