Home » » အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့ နှစ်ဖက် တိုက်ပွဲကြောင့် ဒေသခံပြည်သူ ဒဏ်ရာရ

အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့ နှစ်ဖက် တိုက်ပွဲကြောင့် ဒေသခံပြည်သူ ဒဏ်ရာရ


2013-01-10
ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသ၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာ နှစ်မျက်နာ ဘုရားနားမှာ ဒီကနေ့ နေ့လည် ၂ နာရီလောက်က အစိုးရစစ်တပ်နဲ့ ကေအိုင်အေတပ်တွေ ထိပ်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီ လယ်ပြင်ကျေးရွာက ကလေးသုံးယောက် မိခင် ဒေါ်ခွန်တောင် ဆိုသူ အမျိုးသမီးတစ်ဦးရဲ့ ခြေထောက်နှစ်ဖက်နဲ့ ညာဘက်လက်ဖျံမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။



ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့၏ ၂၀၁၁ ခုနှစ် ဇွန်လ ၂၀ ရက်က မှတ်တမ်းပုံ ဖြစ်ပါသည်။
ဖားကန့်ဒေသမှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ အကြား တိုက်ပွဲတွေဖြစ်ပွားမှုမရှိဘဲ အတန်ကြာ ငြိမ်သက်နေရာကနေ အခုလိုတိုက်ပွဲသံပြန်ကြားရတာ ဖြစ်ပြီး၊ ဒဏ်ရာရတဲ့ အမျိုးသမီကတော့ လုံးခင်းတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်နေ့တုန်းကလည်း ကလေးတွေ ကျောင်းဆင်းချိန် အဲဒီ လယ်ပြင်ကျေးရွာမှာပဲ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

မိုးကောင်းကနေ ဖားကန့်ဘက်ကို အစိုးရစစ်တပ် ယာဉ်တန်း အစီး ၃၀ လောက် ရိက္ခာသွားရောက် ပို့ဆောင်နေတာကြောင့် ခရီးသွားပြည်သူတွေလုံခြုံရေးအတွက် မိုးကောင်း - ဖားကန့်လမ်းကို မနေ့မနက်ပိုင်းကစပြီး ပိတ်ထားလိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG