Home » » အိန္ဒိယ နယ်စပ်ပိတ်၍ တမူးမြို့ နန့်ဖာလုံဈေး အရောင်းအဝယ် ထိုင်း

အိန္ဒိယ နယ်စပ်ပိတ်၍ တမူးမြို့ နန့်ဖာလုံဈေး အရောင်းအဝယ် ထိုင်း


 အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့တွင် တနင်္လာနေ့က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး မြန်မာနှင့် နယ်စပ်ဂိတ် ပိတ်လိုက်ခြင်းကြောင့် တမူးမြို့ နန့်ဖာလုံဈေး လူဝင်/လူထွက် နည်းပါးကာ ဈေးအရောင်းအဝယ်
အေးစက်သွားကြောင်း နန့်ဖာလုံဈေးမှ ဈေးသည် တဦးက ပြောသည်။

“မနက်ပိုင်း စောစောလောက် ဖွင့်တယ်။ နေ့ခင်းပိုင်း ပိတ်လိုက်တယ်။ ကျနော်တို့ကတော့ သောင်းဂဏန်းလောက် ဆုံးရှုံးတယ်။ ဈေးဝယ်တဲ့သူ အများစုက ဟိုဘက်က လာတာ။ ကျနော်တို့က တရက်ကို တသောင်းလောက် ရှုံးသွား
တာပေါ့” ဟု ကုန်စိမ်းသည် တဦးက ဆိုသည်။

မိုးရေးမြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အိန္ဒိယဘက်မှ တောင်တန်းသားများ ကောင်စီ (HTC)က သပိတ်
မှောက်လိုက်ကာ မြန်မာနှင့် နယ်စပ် ကူးလူး ဆက်သွယ်ရေးနှင့် ကုန်သွယ်ရေးများ တနင်္လာနေ့ ညနေမှ စတင်ကာ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားလိုက်သည်။

နန့်ဖာလုံဈေးသည် အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးအတွက် အချက်အချာကျသည့် ဈေးကြီးဖြစ်ပြီး ဈေးလာဝယ်သူ ၉၀ ရာခိုင်နှုန်းကျော်မှာ အိန္ဒိယ နိုင်ငံသားများ ဖြစ်သည်။

“ဈေးရောင်းပါးတယ်။ ဘယ်သူမှ ဝယ်မယ့်သူမရှိဘူး။ ကျနော်တို့ဘက်မှာ သွားလို့လာလို့ ရတယ်။ ဗမာတွေ မိုးရေး
ကို ဝင်လာရင် မောင်းထုတ်တယ် သူတို့က” ဟု တမူးမြို့ခံ တဦးက ပြောသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG