ကေအိုင်အေ ဌာနချုပ် တည်ရှိရာ လိုင်ဇာကို လက်နက်ကြီးနဲ့ ပစ်လို့ လူ ၃ ဦးသေဆုံး

ဒီကနေ့ မနက် အစောပိုင်းမှာ လိုင်ဇာမြို့ အတွင်းက ၄ ရပ်ကွက်ထဲကို လက်နက်ကြီး ကျည် ၂ လုံး ကျရောက် ပေါက်ကွဲခဲ့တာ ကြောင့် အရပ်သား ၃ ဦးသေဆုံးသွားပြီး၊ တခြား ၃ ဦး ဒဏ်ရာရရှိသွားခဲ့တာပါ။

ပထမ လက်နက်ကြီးကျည် ဟာ အိမ်ဝင်း တခု အတွင်း မီးလှုံနေတဲ့ အရပ်သား (၄) ဦးကို ထိမှန် ခဲ့တာ ဖြစ်ပြီး၊ ဒုတိယ တလုံးကတော့ နောက်ထပ် အရပ်သား နှစ်ဦး ကို ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

ကေအိုင်အေကတော့ ဒါဟာ အစိုးရစစ်တပ်ဘက်ကနေ လက်နက်ကြီးနဲ့ လိုင်ဇာကို လှမ်းပစ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာအစိုးရ ပြန်ကြားရေး ဒုတိယ ၀န်ကြီး ဦးရဲထွဋ်ကတော့ အစိုးရ စစ်တပ်က နေ ပစ်ခတ်ခဲ့တာ မဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

အခုတော့ ထိခိုက်ဒဏ်ရာ ရရှိ သူတွေကို လိုင်ဇာ ဆေးရုံကို ပို့ဆောင် ဆေးကုသ ထားတယ်လို့ သိရပါတယ်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG