Wanbao ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ အဓိက လက်နက် ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော Norinco ခေါ် North Industries Coporation၏ ကုမ္ပဏီခွဲတစ်ခုဖြစ် သည်။ Norinco သည် အခြားသော စီးပွားရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်ပါသည်။
Norinco နှင့် မြန်မာနိုင်ငံ အစိုးရတို့ အကြား လုပ်ငန်း သဘောတူညီမှု စာချုပ်တစ်ရပ်ကို ၂ဝ၁ဝ ခုနှစ်၊ ဇွန် ၁ဝ ရက်တွင် ချုပ်ဆိုခဲ့စဉ်က မုံရွာသည် အရည်အသွေးမြင့် ကြေးနီ သယံဇာတ အမြောက်အမြားရှိရာ ဒေသဖြစ်ပြီး တရုတ်နိုင်ငံ၏ အရန် ကြေးနီပမာဏ အင်အား တိုးပွားစေရန် အရေးပါလှကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအတွင်း တရုတ်တို့၏ ဩဇာလွှမ်း မိုးမှုကို ချဲ့ထွင်နိုင်စေမည် ဖြစ်ကြောင်း Wanbao ကုမ္ပဏီ က သူ၏ Website တွင် ကြေညာချက် ထုတ်ပြန် ဖော်ပြခဲ့သည်။
0 comments:
Post a Comment