Home » » အစိုးရက KIA စခန်းများကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့

အစိုးရက KIA စခန်းများကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့

Written by ရွှေဟင်္သာသတင်းဌာန
Airoplainကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့မှ တပ်စွဲထားသော လိုင်ဇာဗဟိုဌာနချုပ် အနီးရှိ လဂျားယန် တပ်စခန်းကို အစိုးရလေတပ်မှ ဂျက်တိုက်လေယာဉ်များ ယနေ့ (၉) နာရီ(၄၅)မိနစ် အချိန်တွင် စတင် ဗုံးကျဲ တိုက်ခိုက်ခဲ့သည်ဟု ပြောခွင့်ရသူ ဦးလနန်းက ဆိုပါသည်။
“ အစိုးရလေတပ်က ဂျက်တိုက်လေယာဉ် SOKO G-4 Super Galebတွေ (4) စီးနဲ့ MI 24 ရဟတ်ယာဉ်(၂) စီးနဲ့ လာ တိုက်တာ။ နေ့လည်(၁၁) နာရီအချိန်လောက်မှာ ရပ်သွားတယ်လေ။ လေယာဉ်လည်းရပ်ရော ဂန်တောင်ယန်မှာ ရှိတဲ့ သူတို့ လက်နက်ကြီးစခန်းကနေ ၁၀၅ မမ ဟောဝစ်ဇာနဲ့ ပစ်ကူတွေထပ်မံ ပစ်ပေးနေပြန်တယ်။” ဟု ဆိုပါသည်။
အစိုးရတပ်ဖွဲ့သည် လဂျားယန်တိုက်ပွဲကို မနက် (၆) နာရီကတည်းက လက်နက်ကြီးနဲ့ စတင်ပစ်ခတ် နေခဲ့ပါသည်။ (၉) နာရီ (၄၅) မိနစ်တွင် လေယာဉ်နဲ့ စတင်ဗုံးကြဲပြီး၊ နေ့လည် (၁၁) နာရီမှာ ပြီးဆုံးသွားပါသည်၊ ဤကဲ့သို့ ဗုံးကြဲပြီးသည်နှင့် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ နေ့လည် (၁၂) နာရီခန့်တွင် ရပ်နားခဲ့ပါသည်။ သို့သော် လေယာဉ်များ ဗုံးကျဲနေချိန် မြေပြင်တပ်များသည် လဂျားယာန်စခန်းဖက်သို့ စတင် ထိုးစစ်ဆင်လာခဲ့ပြီး တနေရာတွင် ခြေကုတ် ယူထားပါသည်။
တိုက်လေယာဉ်များသည် တရုပ်ပြည် နယ်စပ်ထဲ ခိုးဝင်သည့် လမ်းကြောင်းဖက်မှတဆင့် စတင်ချဉ်းနင်း ၀င်ရောက်ပြီး လဂျားယန်စခန်းကို ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။ မြန်မာအစိုးရသည် တရုပ်ပြည်နယ်စပ် လေယာဉ်ပျံသန်းခွင့်ကို တရုပ်တို့ထံ ယမန်နေ့တွင် ရွှေလီမြို့ ခွင့်တောင်းခဲ့သည်ဟု KIA တို့က ဆိုပါသည်။ ဤအချိန် မြန်မာဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ကြီးစိုးဝင်းကို တရုတ်ပြည်ကို ရောက်ရှိနေပြီး စစ်မြေပြင်သုံး လက်နက်များ သွားရောက်လေ့လာနေ ခြင်းဖြစ်ပါသည်။
 http://www.facebook.com/photo.php?v=581805165169408&set=vb.100000197881048&type=2&theater
Soe Win in China 01
ဗိုလ်ချုပ်ကြီးစိုးဝင်း တရုတ်ပြည်သို့ရောက်ရှိနေပြီး စစ်လက်နက်များလေ့လာနေစဉ်
တိုက်လေယာဉ်ကြောင့် ထိခိုက်ပျက်စီးမှု သိပ်မရှိလှဟု KIA မှ ဆိုပါသည်။ ဤသည် ဗန်းမော်- လိုင်ဇာ စစ်ဆင်ရေး လမ်း ကြောင်းမှ နာလုံကျေးရွာရောက် အစိုးရစစ်ဆင်ရေး အခြေအနေဖြစ်ပါသည်။ အလားတူ မြစ်ကြီးနား-လိုင်ဇာ စစ်ဆင်ရေး လမ်းကြောင်းမှ အစိုးရတပ်များသည် နမ်ဆန်ယန် အရောက်တွင် KIA နှင့် ပြင်းထန်ဖြစ်ပွားခဲ့ပြီး ရှေ့မတိုးနိုင်ဘဲ တန့်နေပါသည်။ ထို့အတူ စတန်ပါ -လိုင်ဇာ စစ်ဆင်ရေးလမ်းကြောင်းမှ အစိုးရတပ်များသည် ဖါယာကျေးရွာ အရောက်တွင် တိုက်ပွဲဖြစ်ပွားပြီး ရပ်တန့်နေခဲ့ပါသည်။
အစိုးရတပ်များသည် စစ်ဆင်ရေးလမ်းကြောင်းတခုတွင် အင်အားတထောင်ခန့် အသုံးပြုထားပြီး လမ်းကြောင်း (၃) ခု အင် အားသုံးထောင်ခန့်နှင့် စစ်ဆင်နေပါသည်။ အစိုးရသည် တရုတ်နယ်စပ်ကို အသုံးပြုလာသလို၊ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် ပူးတွဲစစ်ဆင်ရေးကိုပါ အသုံးပြုလာပါသည်။ ထို့အပြင် ဓါတုဒုံးကျည်နှင့် ထူးခြားသော အမြောက်ကျည်များပါ အသုံးပြုနေ ကြောင်း KIA ဖက်က ဆိုပါသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG