Home » » FTUB ဖိတ်ကြားခြင်းကို MITU မှငြင်းပယ်

FTUB ဖိတ်ကြားခြင်းကို MITU မှငြင်းပယ်



Mituwq2အပြည်ပြည် ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ITUC) အစည်းအဝေး အတွက် မြန်မာနိုင်ငံ အလုပ် သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUB) အဖွဲ့၏ ဖိတ်ကြားချက်ကို မြန်မာနိုင်ငံ စက်မှုဇုန် အလုပ်သမားများ သမဂ(MITU) မှ ပယ် ချခဲ့သည်ဟု ဥက္ကဋ္ဌ ဦးရဲကျော်သူက ဆိုပါသည်။  

ကျွှန်တော်တို့ ယူဆ တာက ဒီ FTUB ဟာ မြန်မာ နိုင်ငံ အတွင်းမှာ အစုအဖွဲ့ ဖွဲ့စည်း ထားတဲ့ အနေ အထား မရှိဘူး လေ၊ ကျွှန်တော်တို့ MITU ကို ဖိတ်ကြား တာကလည်း ကျွှန်တော် တို့ဟာ FTUB ရဲ့ အစု အဖွဲ့ ပါလို့ ပြချင်တဲ့ သ ဘော ပေါ့နော် အဲဒါ ကြောင့် ဒီတွေ့ဆုံ ပွဲကို ကျွှန်တော်တို့ ငြင်းတာပါဟု MITU ဥက္ကဋ္ဌ ဦးရဲကျော်သူ မှ ပြော ပါ သည်။

အပြည်ပြည် ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ITUC) နှင့် ကမ္ဘာလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ ချုပ် (Global Unions Federations) တို့သည် လာမည့်ဒီဇင်ဘာလ (၆) ရက်နေ့ ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UNFCCI) ရုံးချုပ်၌ တွေ့ဆုံကြရန်ရှိပါသည်။ ဤအစည်းအဝေးသို့ မြန်မာ နိုင်ငံ စက်မှုဇုန် အလုပ်သမားများ သမဂ္ဂ (MITU) အား ဖိတ်ကြား ထားခြင်း ဖြစ်ပါသည်။ 

ITUC သည် မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်လှစ်ပြီး မြန်မာနိုင်ငံ၏ အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာပေါ်ထွန်းရေးကို ဆောင်ရွက်သော အစီအစဉ်ဖြင့် ဤခရီးစဉ်အား သွားရောက်ခြင်းဖြစ်ပါသည်။
MITU လက်အောက်တွင် မှတ်ပုံတင်ပြီးသား အခြေခံ သမဂ္ဂပေါင်း (၁၂) ဖွဲ့ရှိပြီး မှတ်ပုံ တင်ထားဆဲ အခြေခံ သမဂ္ဂ ပေါင်း (၈) ခု အပါဝင် စုစုပေါင်း အခြေခံ သမဂ္ဂပေါင်း (၂၀) ခန့်ရှိပါသည်။
ထို့ပြင် ဒဂုံ ဆိပ်ကမ်း မြို့နယ် အတွင်းရှိ ယူနီ ကာလာ ဗလာစာရုပ် စက်ရုံ၊ မြန်မာ့ မဏ္ဍိုင် ပလတ် စတစ် စက်ရုံ တို့မှ ကိုယ်စားလှယ်များနှင့် ဒဂုံ ဆိပ်ကမ်း မြို့နယ် အလုပ်သမား ကိုယ်စားလှယ် ခုံသမာဓိ ကောင်စီဝင် ဒေါ်စန်းစန်းဦး တို့ အားလည်း FTUB မှ ဖိတ်ကြား ထားသည်ဟု ဆိုပါသည်။ 

End SeptemberFTUB ဦးမောင်မောင်နှင့် ဦးသန်းလွင်တို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်

MITU သည် ITUC အဖွဲ့ကို သီးခြားတွေ့ဆုံလိုကြောင်း၊ FTUB စီစဉ်မှုဖြင့် မဟုတ်ဘဲ အိုင်အယ်အိုအစီစဉ်ဖြင့်တွေ့ ဆုံလို ကြောင်း MITU ဥက္ကဋ္ဌက ဆိုပါသည်။ 

မတက်ဖို့ ဆုံးဖြတ် တာကလည်း ကျွှန်တော် တစ်ယောက်တည်း ဆုံးဖြတ် ချက်နဲ့ မဟုတ်ဘူး၊ အလုပ် အမှုဆောင်
အားလုံးရဲ့ ဆုံးဖြတ်ချက်ပါ၊ ကျနော်တို့အဖွဲ့ဟာ ဒီမိုကရေစီကို အခြေခံတဲ့အတွက် အများဆန္ဒနဲ့အညီ
ကျွှန်တော်တို့ စုပေါင်းဆုံးဖြတ်တာ ဖြစ်ပါတယ်ဟု ကို ရဲကျော်သူမှ ပြောသည်။
MITU အဖွဲ့ဝင်သမဂများကို ယခု လအတွင်း၌ မြို့နယ် အဆင့် ဖွဲ့စည်း၍ မှတ်ပုံတင်ရန် ရှိပါသည်။ ဒဂုံဆိပ်ကမ်း၊ မှော် ဘီ၊ တောင်ဒဂုံ၊ လှိုင်သာယာ မြို့နယ် များ၌ မြို့နယ်အဆင့် ဖွဲ့စည်းနိုင်ပြီး တရားဝင် မှတ်ပုံ တင်နိုင်ရန် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်သည်။

MITU သည် မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ် AFFM နှင့် ညီအစ်ကို သမဂ္ဂဖြစ်ပါသည်။ FTUB ဦးမောင်မောင်သည် AFFM အဖွဲ့၏ (၈၅) ရာခိုင်နှုန်းကို ၄င်းတို့၏ FTUB လက် အောက်၌ ရှိနေကြောင်း နိုင်ငံတကာ အလုပ်သမား သမဂ္ဂများကို ပြောကြား ထားသော်လည်း အမှန်တကယ်မှာမူ အောက်တိုဘာလ (၈) ရက်နေ့၌ ကျင်းပသည့် တိုင်းနှင့်ပြည်နယ် အသီးသီးမှ အဖွဲ့ဝင် သမဂ္ဂများ အားလုံးပါဝင်သည့် AFFM မျက်နှာစုံညီ အစည်း၌ FTUB နှင့် မပါတ်သက်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပြီးဖြစ်ပါသည်။ 

FTUB ၏ အထက်ပါ တင်ပြချက်ကိုလည်း မှန်ကန်ခြင်းမရှိဟု AFFM ဥက္ကဌ ဒေါ်သန်းသန်းဌေးက ဆိုပါသည်။ AFFM အားအိုင်အယ်အိုမှ အသိအမှတ်ပြုထားပြီး အပြည်ပြည် ဆိုင်ရာ စားသောက်ကုန် လုပ်ငန်း သမဂ္ဂများ အဖွဲ့ချုပ် (IUF) ၏ အဖွဲ့ဝင် အဖွဲ့အစည်းလည်း ဖြစ်ပါသည်။ 

Written by ရွှေဟင်္သာသတင်းဌာန
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG