Home » » ဒီဇင်ဘာ ၂၆ ကချင်ပြည်နယ်မှ တိုက်ပွဲ အခြေအနေ

ဒီဇင်ဘာ ၂၆ ကချင်ပြည်နယ်မှ တိုက်ပွဲ အခြေအနေ



ကချင်ပြည်နယ် ဗန်မော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ် ခန်းကိုင်တောင် ပေါ်ရှိ အစိုးရ၏ အမြောက် တပ်ဖွဲ့ တို့သည် ကေအိုင်အေ တပ်မဟာ (၅) လက်အောက်ခံ ဘွမ်ဆောမ်တပ်စခန်း၊ မန်တဲ တပ်စခန်းနှင့် လဂျား ယန် တပ်စခန်းဘက်သို့ လက်နက်ကြီး များဖြင့် ပစ်ခတ်လျှက် ရှိကြောင်း ကေအိုင်အေ စစ်ရုံးချုပ်မှ အရာရှိ တဦး က ယနေ့ ညနေပိုင်းတွင် ပြောကြားခဲ့ပါသည်။

“မနေ့က ည ၉ နာရီအထိ လက်နက်ကြီးနဲ့ လဂျားယန်ကို ပစ်ခတ်သွားတယ်။ ဒီနေ့မနက် (၄) နာရီတုန်း က လည်း နေ့လည် အထိ အကြိမ် ၃၀ လောက် ၁၀၅ မမ၊ ၁၂၀ မမ နဲ့ ပစ်လိုက်ပြန်တယ်။ ကျည်ကုန် သွားလား မသိ ခဏရပ်သွားတယ်။ ဘယ် အချိန်ပြန်ပစ်မယ်တော့ မသိသေးဘူး။” ဟု ဆိုပါသည်။

မြောက်ပိုင်းတိုင်း တိုင်းမှူးသည် ဗန်းမော် -လိုင်ဇာ လမ်းကြောင်းရှိ လဂျားယန်တ၀ိုက်၌ တပ်စွဲနေသော ကေ အိုင်ေ အ တပ် စခန်း အားလုံးကို ဒီဇင်ဘာလ (၂၅)ရက်နေ့ကို နောက်ဆုံးထားပြီး ဆုတ်ခွာပေးရန် ရာဇာ သံပေးထားခဲ့ပါသည်။

ရာဇာသံကို ဒီဇင်ဘာလ ၂၃ ရက်နေ့ရက်စွဲဖြင့် ရေးထားသော်လည်း ထိုနေ့မှ ယနေ့အထိ လဂျား ယန်တ၀ို က်ရှိ ကေအိုင် အေစခန်းများရှိရာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေခဲ့ပါသည်။

“အဲဒီလဂျားယန်က အရင်ကဆို ကေအိုင်အေ တပ်စခန်းပေါ့။ ၁၉၉၄ အပစ်ရပ်တော့ အစိုးရတပ်ဖွဲ့တွေက ၁၉၉၈ ခုနှစ် လောက်မှာ အတင်းလာပြီးတပ်စွဲလိုက်တယ်။ ဒီလမ်းဟာတရုတ်ပြည်ကိုလည်း ၀င်ထွက်နေတဲ့ လမ်းဖြစ်တော့ လိုင်ဇာမြို့မှာ (လဝက) လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ထိုင်ဖို့ သူတို့တောင်းတယ်။ နောက် ဆုံးတော့ မြို့တွင်းဖြစ်တဲ့ လဝါမှာ နေခွင့်ပေးလိုက်တယ်။ နောက်တော့ လဂျား ယန်ကိုပါ စုပေါင်း တပ်ထား မယ် ဆိုတဲ့ သဘောနဲ့ လာတော့တာဘဲ။ အခုအထိနှင်လဲ မထွက်တော့ဘူး။” ဟု ဆိုပါသည်။

အစိုးရတပ်ဖွဲ့သည် လဂျားယန်စခန်း၌ လက်နက်ကြီးတပ်ဆင်ရန် ရည်ရွယ်ထားသည်ဟု KIA က ယူဆ ထား ပါသည်။ အ ကယ်၍ ထိုနေရာ၌ လက်နက်ကြီး တပ်ဆင်ထားပါက ကေအိုင်အေ၏ လိုင်ဇာ ဗဟိုဌာန ချုပ် စခန်းသည် အစိုးရလက် အောက်သို့ ကျရောက်နိုင်သော အနေအထား၌ ရှိပါသည်။

လိုင်ဇာကို စစ်ဆင်နေသော နောက်လမ်းကြောင်းတခုမှာ လဂျားယန်အနောက်ဘက်၌ရှိသော စတန်ပါ လမ်း ပိုင်း ရှိ ငှက် ပျောခြံတွင် ယနေ့မနက် (၇) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြစ်ကြီးနား - ဗန်မော် လမ်းကြောင်း တလျှောက်တွင်လည်း နေ့တိုင်း လိုလိုတိုက်ပွဲဖြစ်နေပါသည်။ အသေးစိပ်ကို မသိရသေးချေ။

အစိုးရသည် လမ်းကြောင်း (၃) ခု၌ လိုင်ဇာကို စစ်ဆင်နေပါသည်။ သို့သော် KIA ၏ ပျောက်ကျား ပစ်ခတ် မှုကြောင့် ရှေ့မတိုး နိုင်သေးကြောင်း KIA ကဆိုပါသည်။ လက်နက်ကြီးနှင့် စစ်ရဟတ်ယာဉ်၏ အကူကို ယူသော် လည်း ထိရောက်မှုမရှိပေ။ ၂၄ရက်နေ့ မနက် ၁၀ နာရီအချိန်၌ ခမရ (၃၉၀) နှင့် ခလရ (၂၉၈) တပ်ဖွဲ့ တို့၏ စစ်ဆင်မှုကြောင့် ကွမ်းရှောင် (Kum Shawng) တပ်စခန်းနှင့် ခမွတ် (Hka Mut Post) စခန်းမှ KIA တပ်များဆုတ်ခွာခဲ့ရသော်လည်း ညဦးပိုင်း၌ KIA ကပြန် လည် သိမ်းပိုက်ခဲ့ပြန်ပါသည်။ (ရွှေဟင်္သာ)
>>>ဆက်ဖတ်ရန်>>> >>

မိန်းမပျို ရောင်းစားနေတဲ့ မြန်မာ ၂ ဦး ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး


ထိုင်းမြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ စံခလဘူရီမြို့မှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေရတဲ့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ အမျိုးသမီး ၃ ယောက် အပါအဝင် မြန်မာအမျိုးသမီး ၁၈ ယောက်နဲ့အတူ လူပွဲစား မြန်မာနိုင်ငံသား ၂ ယောက်ကို ဒီဇင်ဘာ၂၅ ရက်နေ့ညက ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးနိုင် ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နယ်ဖက်ကနေ တရားမဝင်ခေါ်သွင်းလာတဲ့ မြန်မာအမျိုးသမီးတွေကို ထိုင်းနိုင် ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့နယ်မှာ ပြည့်တန်ဆာအလုပ်လုပ်ကိုင်နေရကြောင်း ဘန်ကောက် အခြေ စိုက် ထိုင်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ကို တိုင်ကြားလာတဲ့အတွက် ကွင်းဆင်းစုံစမ်းမှုတွေ ပြု လုပ်ပြီးေ နာက် အခုလို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးရုံးက အရာရှိ တစ်ဦးက RFA ကို ပြောပါတယ်။

ပြည့်တန်ဆာအလုပ်လုပ်ကိုင်နေရတဲ့ မြန်မာအမျိုးသမီးတွေကို နောင်လူးရပ်ကွက်အုပ်စုအတွင်းမှာ ဒီဇင် ဘာ ၂၅ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ဝင်ရောက်ရှာဖွေခဲ့ရာမှာ မနွေး ဆိုတဲ့ အသက် ၃ဝ အရွယ် မြန်မာ အမျိုးသမီးကို တွေ့ပါတယ်။ အသက် ၁၈ နှစ်မပြည့်သေးတဲ့ အမျိုးသမီး ၃ ဦးထံက သိရှိထားတာက မနွေး ကနေပြီး လာရှာတဲ့ ဧည့်သည်တွေကို တစ်ယောက်ကို ဘတ်ငွေ ၁၅ဝဝ နဲ့ လိုက်အိပ်ခိုင်းတယ်။ လာအိပ် တဲ့ ဧည့်သည်တွေ လာရှာပြီဆိုရင် မနွေးက ပြည့်တန်ဆာ အလုပ်လုပ်နေရတဲ့ အမျိုးသမီးတွေကို ထိန်းသိမ်း ထားတဲ့ ကိုသိန်းကျော် ဆိုတဲ့သူထံကို တဆင့်ပို့ပေးတယ်။ ကျနော်တို့က ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ကြောင်း သက်သေအထောက်အထားတွေနဲ့ မနွေး နဲ့ ကိုသိန်းကျော် တို့ကို ဖမ်းဆီးခဲ့တယ် လို့ ပြောပါ တယ်။

ထိုင်းနိုင်ငံကို ဘယ်လိုရောက်ရှိလာပြီး အခုလို အလုပ်လုပ်ကိုင်နေရတယ်ဆိုတာတွေ မေးမြန်းဖို့ အဲဒီမြန်မာ အမျိုးသမီးတွေကို ဘန်ကောက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဌာနကို ခေါ်ဆောင်သွားပြီး ပြီးရင် မြန် မာနိုင်ငံကို ပြန်ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

လူကုန်ကူးမှုလုပ်ကိုင်နေတဲ့ မနွေးနဲ့ ကိုသိန်းကျော်တိုနှစ်ဦးကိုတော့ လူကုန်ကူးမှု၊ ထိုင်းနိုင်ငံထဲ တရား မဝင်ခေါ်ဆောင်လာမှု စတဲ့ အမှု ၅ ခုနဲ့ တရားစွဲဆိုပြီး ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ခုနက ထိုင်းလူကုန်ကူးမှု တားဆီးကာကွယ်ရေးဌာနက အရာရှိက ပြောသွားပါတယ်။

RFA Burmese
>>>ဆက်ဖတ်ရန်>>> >>

အစိုးရတပ် လက်နက်ကြီး ပစ်ခတ်မှု ပြင်းထန်လာ၊ တိုက်ပွဲကြီးများ ဖြစ်လာနိုင်ဟု KIO ဆို


ချင်းမိုင်(မဇ္စျိမ) ။      ။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) တိုင်းမှူး သတိပေးစာ ပေးပို့ခဲ့ပြီး နောက်ပိုင်း အစိုး ရ ဘက်မှ စစ်အင်အားများ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဌာနချုပ် လိုင်ဇာအနီးသို့ ပိုမို တိုးမြှင့် လာပြီး လက်နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ်နေသဖြင့် စစ်ပွဲပြင်းထန်းလာမည့် အခြေအနေ ရှိနေသည်ဟု KIO နှင့် ကျောင်းသားတပ်မတော်က သုံးသပ်သည်။

ခရစ္စမတ်နေ့မှစ၍ ဗုဒ္ဓဟူးနေ့ထိ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ဘွမ်ဆန်တောင်နှင့် ခန်းကိုင်တောင်ရှိ အစိုးရ အမြောက် တပ်ရင်း ၃၆၄ မှ ၁ဝ၅ မမနှင့် ၁၂ဝ မမတို့ဖြင့် KIO တပ်ဖွဲ့များရှိရာ လဂျားယန်သို့ အကြိမ်ပေါင်း ၅ဝ ကျော် ပစ်ခတ် လာ၍ တိုက်ပွဲကြီးများ ဖြစ်လာနိုင်သည်ဟု KIO ပြောခွင့်ရ ဦးလနန် က ပြောဆိုသည်။ 

“ပြင်းထန်လာမယ့် အလားအလာရှိတယ်။ မနေ့ကလည်း တနေကုန် ပစ်တယ်။ ဒီမနက်လည်း ၄ နာရီလော က်ကနေ စပစ်တယ်ဆိုတော့။ သူတို့ လှုပ်ရှားမှုက လက်နက်ကြီးနဲ့ အရင်ပစ်တယ်။ လက်နက်ကြီးပစ်ပြီးမှ နောက်တဆင့် ခြေမြန်တပ်ဖွဲ့တွေ တက်လာတယ်” ဟု ဦးလနန် က မဇ္စျိမကို ပြောသည်။ 

KIA တပ်ဘက်မှ ခရစ္စမတ်နေ့မြတ်တွင် ရှေ့တန်းတပ်များအား ပစ်ခတ်မှု မပြုရန် ညွှန်ကြား ထားခဲ့သော် လည်း အစိုးရ တပ်ဘက်မှ ပန်ဝါဒေသရှိ KIA ၏ ရှေ့တန်းစခန်းအား လက်နက်ကြီး ပစ်ခတ်မှုများရှိခဲ့သလို ပန်ဝါမှ တရုတ်နယ်စပ် စခန်းသို့ လက်နက်များ တင်ပို့မှုများ ရှိခဲ့သည်ဟု ဦးလနန် က ဆိုသည်။ 

ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အင်အားဖြည့်တင်းလာခြင်းတို့ကြောင့် တိုက်ပွဲများ ပိုမိုပြင်း ထန် လာနိုင်မည် ဟု ကျောင်းသားတပ်မတော် ABSDF (NB) မှ တာဝန်ခံ ဦးလဆိုင်း ကလည်း ခန့်မှန်းသည်။ 

“တိုက်ပွဲတော့ ပြင်းထန်မယ်လို့ ကျနော်တို့ ခန့်မှန်းရတယ်။ မနေ့ကလည်း တနေ့ ခရစ္စမတ်နေ့မှာ တနေ ကုန် ပစ်တယ်။ အခုလည်း ဒီမနက်၊ ညလည်းည တောက်လျှောက်ပစ်နေတဲ့ အနေအထားဆိုတော့ လက် နက် ကြီးတွေ ရပ်စဲသွားရင် တော့ ထိုးစစ်ဆင်လာလိမ့်မယ်လို့ ခန့်မှန်းမိတယ်” ဟု မဇ္စျိမကို ပြောသည်။ 

ထို့ပြင် ပန်ဝါဒေသရှိ သံချောင်းကုန်း KIA ရှေ့တန်းစခန်းကိုလည်း အစိုးရဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ် ခံ ရသလို၊ ယမန်နေ့ ညနေပိုင်းက လိုင်ဇာအနီး ဘွမ်ဆန်တောင်အနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆို သည်။ 

အစိုးရတပ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် က လဂျားယန် တပ်စခန်း အတွက် အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်ရန်ရှိ၍ လမ်းကြောင်းရှိ KIA တပ်ဖွဲ့များ “ဒီဇင်ဘာလ ၂၅ ရက် နောက် ဆုံး ထား၍” ဖယ်ရှားပေးရန် ကချင်ပြည်နယ် ငြိမ်းချမ်းရေအကျိုးဆောင်အဖွဲ့ PCG မှတဆင့် ဒီဇင်ဘာလ ၂၃ ရက်နေ့စွဲဖြင့် သတိပေးထားခဲ့သည်။

KIO ဘက်မှလည်း “ဤသို့ စစ်ရေးနည်းဖြင့် ဖြေရှင်းရန် ရာဇသံပေး ခြိမ်းခြောက်လာမှုကို ဆွေးနွေးရေး အဖွဲ့က ကန့်ကွက်ပါကြောင်း” ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင် မင်းထံ KIO က ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် တုန့်ပြန်စာ ပို့လိုက်သည်။ 

“ကျနော်တို့ ကန့်ကွက်တယ်ဆိုတာ သူတို့ဆီက တုံ့ပြန်မှု တစုံတရာ မျော်လင့်လို့ မဟုတ်ပါဘူး။ ဦးအောင် မင်းကို ပေးပို့ခြင်းဖြင့် မြန်မာအစိုးရ တရပ်လုံးကို ကန့်ကွက်တဲ့သဘောပါ၊ အစိုးရဘက်က စစ်ရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ပုံစံ ဖြစ်လာတယ်။ ဒီကိစ္စကို ကန့်ကွက်တာပါ” ဟု KIO ပြောခွင့်ရ ဦးလနန် က ဆိုသည်။ 

“သူတို့က ကျနော်တို့ တပ်ဖွဲ့တွေကို ဆုတ်ပေးပါဆိုတာက ဒီတပ်ဖွဲ့က ကျနော်တို့ဗဟိုဌာနချုပ်ရဲ့ ရှေ့ကာ ကင်းတွေ ဖြစ်တယ်။ အဲဒီကာကင်းစခန်းတွေက ဗဟိုဌာနချုပ် လုံခြုံမှုအတွက် အဓိက တာဝန်ယူထားတဲ့ တပ်ဖွဲ့တွေပါ။ အဲဒီတပ်ဖွဲ့ကို ဆုတ်ခိုင်းတယ်ဆိုတာက ဒီဌာနချုပ်ကို လက်နက်ချခိုင်းတာနဲ့ အတူတူပဲ” ဟု ဆက်ပြောသည်။

မပခ တိုင်းမှူးစာ ထွက်လာပြီးနောက် လဂျားယန် ဒေသအတွင်း ဗျူဟာ ၃ ခု လက်အောက်ခံ တပ်ရင်းများမှ အင် အား ၅ဝဝ ခန့်သည် ထပ်မံ တိုးမြင့်လာသည်ဟု ဦးလဆိုင်း က ပြောသည်။ ထိုဗျူဟာများမှာ မိုးကောင်း အခြေစိုက် စကခ (၃)နှင့် စကခ (၂၁) လက်အောက်ခံ တပ်ရင်းများ ပါဝင်သည်ဟု ဆိုသည်။ 

“လဂျားယန်ဒေသမှာတောင် ဗျူဟာ ၃ ခုလောက်ရှိတော့ အင်အားတိုးလာတယ်။ လက်နက်ကြီးတွေ ပိုစိတ် ပစ်လာ တယ်။ သိပ်မကြာခင် သူတို့ဘက်မှ ထိုးစစ်ဆင်မယ်လို့ ကျနော်တို့ ခန့်မှန်းမိနေတယ်။ ကျနော်တို့ ဆီကို ထိုးလာတမျှ တော့ ကျနော်တို့ ခုခံသွားမှာပဲ။ ခုခံစစ်ပဲ” ဟု ဦးလဆိုင်း က ဆိုသည်။ 

ထို့ပြင် လဂျားယန်ကျေးရွာမှ လေးမိုင်ဝန်းကျင် မွန်းလွဲချောင်းရိုးတလျှောက်ရှိ ရှမ်းရွာများဖြစ်သော မန်မောင်၊ မန်တဲ နှင့် မန်ကွေ့ကျေးရွာများတွင်လည်း အစိုးရစစ်တပ်ဖွဲ့များ ရောက်ရှိနေသဖြင့် ရွာသား များအား တိမ်းရှောင်မှုများ ရှိနေသည်ဟု ဆိုသည်။ 

ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း က လာမည့် ၂ဝ၁၃ ခုနှစ် ဇန်နဝါ ရီလ အတွင်း ရှမ်းပြည်နယ် မူဆယ်မြို့ သို့မဟုတ် ကချင်ပြည်နယ် ဗန်းမော်မြို့ တနေရာတွင် တွေ့ဆုံ ရန် ဒီဇင်ဘာလ ၁၃ ရက်နေ့က ကမ်းလှမ်းစာပေးပို့ ထားသော်လည်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသဖြင့် KIO ဘက်မှ တရားဝင် တုံ့ပြန်ခြင်း မရှိသေးကြောင်း ဦးလနန်က ပြောသည်။

ဖနိဒါ  | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၆ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၀၇ မိနစ်   
>>>ဆက်ဖတ်ရန်>>> >>

ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ဆိုသည့် စကားဖြင့် ၀ါဒဖြန့်မည် ဆိုလျှင်


မပြောရင်လည်းမပြီး မတီးရင်လဲ မြည်မည် မဟုတ်တော့ နည်းနည်းတော့ ပြောပြရအုံးမည်။ ရွှေတိဂုံဘုရား ခွေးတက် တာတော့ မမြင်ဘဲ အိုဘားမား ဖိနပ်ချွတ်ပြီးတက်တာကို ဂုဏ်ယူဝံ့ကြွားနေသော အမျိုးကောင်း သား များ ဘယ်အချိန်မှ အသိတရားရမည် မသိ။ ရန်ကုန်၊မန္တလေး စစ်ဘေး မကူးသေးတော့ စိမ်းစိမ်းမြင် တိုင်း တပ်မတော်ကို အပုပ်ချတတ်သည့် ၈၈မှာ မြောင်းထဲဝင်ပြီး နှာခေါင်းက ပေသည့် ဗွက်နံ့မပြောက်ေ သာ သူများအား ဆိုလိုသည်။

စစ်တပ်က အုပ်ချုပ်ခဲ့သည့် ကာလကြာတော့ စစ်တပ်ကို အပုပ်ချသည့် အကျင့်ပါနေသည့်အတွက် တပ်မေ တာ် ကိုတောင်မှ ဘာဆိုလိုမှန်း မသိကြ။ တစ်ယောက်က ဆိုသေးသည်။ ငါတို့က စစ်ဆိုရင် ရေတောင် ရေစစ် နဲ့ မသောက်ယုံမက စစ်ပါတဲ့ အသုံးအနှုံးဆို မုန်းလွန်းလို့ ဆိုသတဲ့။ ခင်ဗျား အပျိုမစစ်ဘူးလား မေးမှ စစ်မှ စစ်၊ စစ်မှစစ် ဆိုပြီး ကြုံးအော်သည့် သူများလည်း ရှိသေးသည်။

တပ်မတော်ဆိုသည်မှာ ကြည်း၊ရေ၊လေ အင်အား ပေါင်းစပ်ဖွဲ့စည်းထားသည့် လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။ ပြောက်တိပြောက်ကြား တောကြိုတောင်ကြားမှာ လူမလေး ခွေးမခန့် ဆက်ကြေးတောင်းယုံ၊ သေ နတ်ေ လး ကိုင်ဖူးယုံဖြင့် ကချင် တပ်မတော်ကြီးဆိုပြီး လုပ်ချင်သည့် ဖားခြေရာခွက်ထဲက နွားမစင် ပိုးတွေကလည်း တစ်မျိုး။ ထို တစ်မျိုးများကို အိမ်က အမျိုးမပါသည့်အတွက် တိုက်ကြ၊ ခိုက်ကြ ဆိုပြီး လုပ်ပေး သည့် ထမီစ ခေါင်းပတ်ထားသူတွေကလည်း တစ်မျိုး။ ဂျာနယ်တိုက်ကြီး ၀င်မစီးပြီးရော စစ်သ တင်းလေး ကလည်း ရေးအုံးမှ ဆိုပြီး ပြည်တွင်းစစ်ကို အဓွန့်ရှည်ချင်သည့် ဒုက္ခမဏ္ဍိုင်ကြီးကလည်း တစ်ဖုံမို့ ပြည် သူတွေ မငြိမ်းချမ်းရသေး။

တပ်မတော်သည် ပြည်သူထဲက ပေါက်ဖွားလာသည်။ ဘင်္ဂလီ အင်အားရှိမှ ကုလား အင်အားတောင့်မည် ဆို သည့် မြအေးတို့ကတော့ တပ်မတော် မရှိမှ ဘင်္ဂလီမြို့ပေါ်ရောက်မည်မို့ ၈၈ ထောင်ထွက်များနှင့် ပူးပေါင်း ကာ အသံမျိုးစုံထွက်၏။ တပ်မတော်ကို အပုပ်ချဖို့ ဗိုလ်ချုပ်အောင်ဆန်းကို ရှေ့က ဗိုလ်ချုပ် ရာထူး ဖြုတ်ပြီး ဦးအောင်ဆန်းပါ လုပ်တဲ့ မင်းကိုနိုင်လို ထောင်ထမင်းစားပြီး ချမ်းသာသည့် ကောင်များကလည်း နိုင်ငံ အနှံ့ ၀ါဒဖြန့်နေကြလေသည်။

တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ မဟုတ်။ ပြည်သူသာ အမိ၊ ပြည်သူသာ အဖဖြစ်သည်။သူ့ခေတ် သူ့အခါ တိုင်းပြည်ကို ကာကွယ်ဖို့ တပ်မတော်ဖွဲ့ပြီး လက်နက်ကိုင်မတိုက်လျှင် လွတ်လပ်ရေး ဘယ်က ရမ လဲ ဆိုသည်ကို မစဉ်းစား။ ရန်ကုန် တစ်ကွက်ကျန်သည်အထိ တစ်ပြည်လုံး စစ်မီးတောက်ချိန်တွင် တိုင်ြး ပည် ကို ဘယ်သူ ကယ်ခဲ့လဲဆိုသည်ကိုလည်း မတွေး။ ယနေ့ထိ ခေါင်းရှောင်မြဲ ခေါင်းဆောင်ကြီးနှင့် တစ်နိုင် ငံလုံး တစ်စစီ ကွဲထွက်ပြီး အုပ်ချုပ်ခွင့်ပေးမှ ငြိမ်းချမ်းမည်ဆိုသည်ကို အခုထိ သဘော မပေါက် ကြသေးသည့် ငတုံး များအား နာရင်းသာ နာနာလေးအုပ်ပေးချင်သည်။

အမိ အဖ လို ထိုင်ကန်တော့ နေရမည် မဆိုလို။ တိုင်းပြည် အတွက် လိုအပ်သည့် အချိန်တိုင်းမှာ မားမား မတ် မတ် ရပ်ပေးဖို့ လိုအပ်သည့် တပ်မတော်ကို နေရာ တစ်ခုတော့ ပေးရမည်။ အပေါ်ကို တက်သည် လည်း မ ဟုတ်၊ အောက်မှာ ဆင်းသည်လည်း မဟုတ်သည့် ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ဆိုပြီး အော်နေ သည့် ဇော်ကန့်လန့် သံယောင်များအား ပြောလိုက်ချင်သည်။ ဘုရားရှင်က မိမိကိုယ်သာ ကိုး ကွယ်ရာ ဟု မိန့်ခဲ့သည်။ ၀ါဝါမြင်တိုင်း ဆနွင်းမှုန့် နဖူးမှာ တို့သည့် သံယောင်များ ပြည်သူသာ အမိ၊ ပြည်သူ သာအဖ ဆိုပြီး အမှန် တကယ် ယုံကြည်လက်ခံပါက ဒေါ်စန္ဒမင်း တရားဝင်ဖြစ်ချင်သည့်ဟာများကို အိမ်ဦး ခန်း တင်ပြီး ထိုင်ကန်တော့ ကြလေ။
>>>ဆက်ဖတ်ရန်>>> >>

လေယာဉ်ပျက်ကျမှုမှ နောက်ဆက်တွဲ ဆောင်ရွက်ချက်များ


အဲပုဂံလေယာဉ်ပျက်ကျမှု မှတ်တမ်း Black Box နှစ်ခုကို စင်ကာပူနိုင်ငံသို့ ပို့ဆောင်စစ်ဆေးေ နပြီဖြ စ်ကြောင်း ယနေ့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အဲပုဂံမှ တာ ၀န် ရှိသူများက ပြောကြားခဲ့သည်။
တာဝန် ကျေပွန်စွာ ဆောင်ရွက်ခဲ့သူ လေယာဉ်မယ် မခိုင်ဆုနိုင်

အဆိုပါ စစ်ဆေးမှုသည် သုံးပတ်ခန့်သာ ကြာမြင့်နိုင်ပြီး ယင်းစစ်ဆေးမှု ပြီးမှသာ လေယာဉ်ပျက်ကျရခြင်း အကြောင်း အရင်းကို သိရမည်ဟု အဲပုဂံမှ တာဝန်ရှိသူများက ပြောသည်။ အဆိုပါ လေယာဉ်ကို ၁၉၉၁ ခုနှစ် တွင် ထုတ်လုပ်ခဲ့ပြီး အဲပုဂံမှ ၂၀၀၅ ခုနှစ်တွင် ၀ယ်ယူပြေးဆွဲ ခဲ့ခြင်း ဖြစ်ပြီး ပျံသန်းချိန် နာရီပေါင်းမှာ ၂၇၃၇၈ နာရီ ပျံသန်းပြီးဖြစ်၍ အကြိမ်ပေါင်း ၃၂၅၈၄ ကြိမ် ဆင်းသက်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။
(Popular Myanmar)

အထောက်အပံ့

အမေရိကန်သံရုံး၏ ဆန္ဒအရလေယာဉ် ပျက်ကျရာတွင် ပါဝင်သော အမေရိကန်နိုင်ငံ သားနှစ်ဦးအား Private Jet ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ပေး ခဲ့ပြီး ။ ကျန်နိုင်ငံ သားများ အတွက် မေရိကန်ဒေါ် လာနှစ်ထောင်နှင့် မြန်မာ ကျပ်ငွေ သုံးသိန်း လတ်တလော သုံးစွဲရန် ကူညီေ ထာက်ပံ့ပေး ထားကြောင်း Air Bagan လေကြောင်းလိုင်း၏ မန်နေဂျင်းဒါရိုက်တာ ဦးထူးသက်ထွေးက ယနေ့ပြုလုပ်သော သတင်းစာရှင်း လင်းပွဲတွင်ပြောကြား ခဲ့သည်။ (Messenger News )

ခရီးစဉ်တွင် ပါခဲ့သည့် နိုင်ငံခြားသား တစ်ဦး၏ မှတ်ချက်

Myanmar is beautyful but dangerous don't take flight, take the train ဟုဂျာမန်ပြန်ရောက်ရင်ပြောမည် ဟု လေယဉ်ပျက်ကျစဉ် အသက်မသေပဲကျန်ခဲ့ သူဂျာမန် သတင်းထောက် တစ်ဦ ကပြောသည်။
သတင်း-(ကိုအောင်သူရ)

အသက်သေသော်လည်း တာဝန်ကျေပြီး မြန်မာပီသခဲ့တဲ့ မြန်မာ တိုးရစ်ဂိုက်မလေး

ညီသစ်ရေ သေသွားတဲ့ အမျိုးသမီးနဲ့ အတူ ထိုင်လာတာလဲ တိုးဂိုက်ပဲ။ လေယာဉ်ပေါ်ရောက်မှ သိကြ တာပေါ့။ ဖြစ်တော့ သူ့ဘေးက အမကြီးကို အမ ထွက်ထွက်ဆိုပြီး တွန်းပေးလိုက်သေးတယ်တဲ့။ ရှေ့က အမ က လဲ သူပါလာတယ် ထင်နေတာ မီးခိုးတွေနဲ့လဲဆိုတော့ သိပ်မမြင်ရဘူးပေါ့။ ပီးမှ ကျန်ခဲ့တာ သူဖြစ်နေ တာ။ အဲဒါကို လွှတ်လာတဲ့ တိုးဂိုက်အမကိုယ်တိုင် ပြောပြခဲ့တာ။ အသံဖိုင်လဲ ရှိတယ်။ ပြောချင် တာက ကျွန်တော်တို့ မြန်မာတွေ အရေးဟဲ့ အကြောင်းဟဲ့ဆိုရင် ရိုင်းပင်းကူညီ တိုက်တွန်းတတ်တဲ့ သူ့စိတ်ကို ချီးကျူးမိတယ်။ သေမလောက် ဒုက္ခရောက်နေချိန်မှာ သူများကို တိုက်တွန်းနိုင်သေးတယ်ဗျ။ ဒီလို ကောင်းတဲ့လူတွေ ရှိပီး သေသွားမဲ့ အစား ဘေးထိုင်ဘုပြောတွေ သေရမှာ။ ကယ်ဆယ်ရေး လုပ်သူတွေက ပစ္စည်း လုတယ်ဆိုပီး ဖွတဲ့သူတွေပေါ့။ သူဆိုရင် အနားတောင် ကပ်ရဲပါ့မလား
nyithit ရဲ့ post မှာ တွေ့တဲ့ ကွန်မန့်နဲ့ facebook ကရတဲ့ ဓာတ်ပုံ ပိုင်ရှင်များကို ကျေးဇူးပါ ဗျာ...............

>>>ဆက်ဖတ်ရန်>>> >>

တက္ကသိုလ် အရံ တပ်ရင်းကို တက္ကသိုလ် ကျောင်းသား များဖြင့်သာ ပြန်လည် ဖွဲ့စည်း ရန် ပညာရေး ဝန်ကြီးဌာန က တင်ပြ


မန္တလေးနှင့် ရန်ကုန် တက္ကသိုလ် အရံ တပ်ရင်းကို တက္ကသိုလ် ကျောင်းသား များဖြင့်သာ ပြန်လည် ဖွဲ့စည်း ရန် ပြည်ထောင်စု အစိုးရ အဖွဲ့ကို ပညာရေး ဝန်ကြီးဌာန က တင်ပြ ထားကြောင်း မန္တလေးတိုင်း ဒေ သကြီး ၊ လူမှုရေး ဝန်ကြီး ဒေါက်တာ ဝင်းလှိုင်က ပြောကြားသည်။( The Voice)
ကျောင်းသားများ ၈၈ ကြောင့် ဒါမျိုး စာသင်ခန်းမျိုး ပြန်ရောက်စေချင်ပါသလား

ကဲဒါဖြင့်ရင် ဗကသတို့၊ ၈၈ တို့ကကော ဒီတပ်ရင်းတွေမှာ ဘာဝင်လုပ်ကြအုံးမလဲ။ ကျောင်းသားနဲ့ ကျောင်း သား မဟုတ်တဲ့ သူပုန်သာသာကောင်တွေကို ခွဲထုတ်ဖို့တော့ လိုနေပါပြီ။ ကျောင်းသားဘ၀မှာ ကထဲက စည်းကမ်းရှိအောင်၊ စည်းကမ်းကို လိုက်နာတတ်အောင် သင်ပေးမှ နောင်တစ်ချိန်မှာ ခေါင်းဆောင်ကောင်း တွေ ဖြစ်လာကြမှာ ဖြစ်ပါတယ်။ အခုတော့ ဗကသတွေ၊ ၈၈တွေ လို ကျောင်းပြီးအောင် မတက်တဲ့ ကျောင်းသားတွေက ကျောင်းသားအရေး လုပ်နေတာလောက် မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ကျောင်းသားတွေ ဘ၀ စုတ်ပြတ်တာ မရှိဘူး။
>>>ဆက်ဖတ်ရန်>>> >>

ဗိုလ်ချုပ်အောင်ဆန်းရှေ့က ဗိုလ်ချုပ်ရာထူးကို ဖြုတ်ချင်တဲ့ မင်းကိုနိုင်


======================================
အတိုက်အခံလုပ်တာလည်း လုပ်၊ အစိုးရကို ပုပ်ခတ်တာလည်း ပုတ်ခတ်၊ ဒါပေမယ့် ဗိုလ်ချုပ်ကိုတော့ သူ့ဘာသာ နေပါစေ မောင်မင်းကိုနိုင်လို့ ပြောလိုက်ချင်စေတဲ့ စကားများကတော့
=======================================

ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလန်သွားပြီးတော့ နန်းရင်းဝန်အက်တလီနဲ့ စာချုပ်ချုပ်တယ်လို့ ပြောတယ် ဆိုရင်တောင်မှ ကျနော်တို့က အဲဒါ ဗိုလ်ချုပ်မဟုတ်ဘူး။ ဦးအောင်ဆန်းဆိုတာကို ကျနော်တို့ သဲသဲကွဲကွဲ ဖြစ်ဖို့လိုပါတယ်။

ဘာကြောင့်ဦးအောင်ဆန်းလို့ ပြောရလဲဆိုတော့ ရွေးကောက်ပွဲရှိတဲ့အခါမှာ သူဟာ ယူနီဖောင်းကြီးနဲ့ အပွင့်ကြီး နဲ့ မျက်နှာပြောင်တိုက်ပြီးတော့ လွှတ်တော် ထဲကို ဝင်မထိုင်ခဲ့ပါဘူး။ သူ့ယူနီဖေါင်းကို အပြီးအပိုင် ချွတ် လိုက် ပါတယ်။

အရပ်ဝတ် အရပ်သားစစ်စစ် ဦးအောင်ဆန်းဘဝနဲ့ သိမ်ဖြူမဲ ဆန္ဒနယ် ကနေပြီးတော့ အများနည်းတူ ဝင်ပြိုင် ပါတယ်။ အဲသည့်ဦးဆောင်ဆန်းကနေ လက်မှတ် သွားထိုးတာပါ။ေ တ်ာတော်ရှင်းပါတယ်။

ဖဆပလအဖွဲ့ချုပ်ရဲ့ ဥက္ကဌအနေနဲ့ပါ။ဖဆပလအဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ဆန်းရေးထိုးခဲ့တဲ့ အောင်ဆန်း အက်တ လီ ပါ။

(မင်းကိုနိုင်)
>

မီးလောင်ဗုံး ဟု ပြောခဲ့သည်မှာ မှားယွင်းကြောင်း ဒေါက်တာခင်မောင်ညို ၀န်ခံပြောကြား


လက်ပံတောင်းတောင် အရေးအခင်းတွင် ရဲတပ်ဖွဲ့ က မီးလောင်ဗုံးများ သုံးစွဲခဲ့ခြင်း ဖြစ်နိုင်သည် ဟု ကြို တင် ခန့် မှန်း ပြောကြားခဲ့ သည့်အတွက် အထူးပင် စိတ်မကောင်း ဖြစ်မိကြောင်း ဒေါက်တာ ခင်မောင်ညို က ယနေ့  ထုတ်ဖော် ပြောကြားလိုက်သည်။
ယင်းကိစတွင် မိမိအနေဖြင့် ရရှိသမျှ အထောက်အထားများကို အခြေခံ၍ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ အလဲ ဗင်း မီဒီယာ၊ ဒီဗွီဘီနှင့် အခြား မီဒီယာအချို့  က မိမိထံ လာရောက်၍ သဘောထားထင်မြင်ချက် တောင်း ခံ ခဲ့ကြောင်း၊ ထိုသို့  ပြောကြားရာတွင် မိမိအနေဖြင့် ရရှိသမျှသော ဓါတ်ပုံများ၊ ဗီဒီယိုများ စသ ည် တို့ ကို လေ့လာ ကြည့် ရှု၍ ခန့် မှန်းပြောကြား ခဲ့ ခြင်း ဖြစ်ကြောင်း၊ သို့ ရာတွင် ခန့် မှန်းပြောကြား ရာတွင် လည်း တစ် သက်လုံး သင်ယူလေ့လာခဲ့သော ဓါတုဗေဒ သဘောတရားများ၊ သီအိုရီများ စသည်တို့ နှင့် ချင့် ချိန် ၍ ပြောကြားခဲ့ ကြောင်း၊ လက်တွေ့  အသုံးပြုခဲ့သော ဗုံးအစအနများ၊ ဗုံးနမူနာများ စသည်တို့ ကို ကြည့် ရှု စစ်ဆေးနိုင်ခြင်း မရှိသဖြင့် မှားယွင်းနိုင်သည် မှာလည်း မှန်ပါကြောင်း၊ ထိုအချိန်တွင် အစိုးရ ဘက် မှ သတင်း ထုတ်ပြန်ချက် အားနည်းနေသဖြင့် ရရှိသမျှ သတင်းအချက်အလက်များကို အခြေခံရခြင်း ဖြစ်ကြောင်း အငြိမ်း စား ဓါတုဗေဒ ပါမောက ဒေါက်တာ ခင်မောင်ညိုက ပြောကြားသည်။
ဒေါက်တာခင်မောင်ညို၏ ပြောကြားချက်သည် အခြေအနေ ပိုမိုဆိုးဝါးသွားစေရန် မီးလောင်ရာ လေပင့် မဖြစ်ခဲ့ ဘူး လား ဟု မေးမြန်းရာ မိမိအနေဖြင့် ထိုမျှ အထိ မျှော်မှန်းထား ခဲ့ခြင်း မရှိခဲ့ ကြောင်း၊ တတ်သည့် ပညာ မနေသာ ဆိုသလို အမေး ရှိလာ၍ ဖြေကြားခဲ့ရခြင်း ဖြစ်ကြောင်း၊ မိမိမှ မီးလောင်ဗုံး ဖြစ်နိုင်သည ဟု သာ ပြောကြား ခဲ့ခြင်း ဖြစ်ပြီး မျက်ရည် ယိုဗုံး မဖြစ်နိုင် ဟူ၍လည်း ပြောကြား ခဲ့ကြောင်း၊ ယင်းပြောကြား ချက် များေ ကြာင့် အခြေအနေ ပိုမို ဆိုးဝါးစေခဲ့ပြီး သံဃာများ၏ ဒေါသကို နှိုးဆွသလို ဖြစ်စေခဲ့သည် ဆို လျှင် မိမိ ၏ ပညာရပ်ဆိုင်ရာ မှားယွင်းမှု ဟု ပြောကြားလိုကြောင်း ၄င်းက ဖြေကြားသည်။
ဆက်လက် ၍ ဒေါက်တာခင်မောင်ညိုက နိုင်ငံ တကာတွင် မျက်ရည်ယိုဗုံး မီးမလောင် ဟု ပြောခဲ့ရြ ခင်းမှာ လည်း နိုင်ငံ တကာ အဓိကရုဏ်းများကို ထောက် ရှု၍ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ ဓါတုဗေဒ သေ ဘာ တရား တွင် မီးလောင်အောင် ဖော်မြူလာ ထုတ် လျှင်လည်း ရပါကြောင်း၊ မီးခိုး ဗုံး ဆိုသော်လည်း မီးေ လာင် နိုင်သည့် မီးခိုးဗုံးများ ထွက်ပေါ်နေသည်ကိုလည်း သိရှိပါကြောင်း၊ မိမိ၏ ခန့် မှန်းချက် စောစီးစွာ ပေါ် ထွက် လာခဲ့ခြင်းမှာလည်း မီဒီယာများက လာရောက်မေးမြန်းသဖြင့် မိမိ သိရှိနားလည်ထားသမျှ ပညာရပ် ဆိုင်ရာ များကို အခြေခံ၍ ပြောကြားခဲ့ခြင်းသာ ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
ယခုအခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ယင်းကိစကို စစ်ဆေးေ ဖာ် ထုတ်နေပြီ ဖြစ်ရာ မိမိ၏ ပြောကြားချက်များကြောင့် ကော်မရှင်အပေါ် ယုံကြည်မှု အား နည်းစေမည်ကိုလည်း မလိုလားကြောင်း၊ ကော်မရှင်မှာ လက်တွေ့  အသုံးပြုခဲ့သည့် ဗုံးစဗုံးနများကို သိပံ နည်း ကျ စစ်ဆေးေ ဖ်ာထုတ်မည် ဖြစ်၍ မိမိ၏ ခန့် မှန်းပြော ကြားချက်ထက် ပိုမို၍ တိကျခိုင်မာမည် ဟု ယုံကြည် ထားကြောင်း၊ မိမိအနေဖြင့် လေ့လာထားသော ပညာရပ်ဆိုင်ရာ ဗဟုသုတအပေါ်တွင် အခြေခံ၍ ပြည် သူ များ သိရှိနားလည် စေရန် နိုင်ငံတကာတွင် မျက်ရည်ယိုဗုံး သုံးကြသော်လည်း မီးလောင်ခြင်း မရှိ သည် ကို ထင် ရှားစေရန် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
ရေနှင့် မီးစုန်း ဓါတ်ပြုလျှင် မီးလောင်ကျွမ်းသည် ဟူသည်ကို သိပါသလား ဟု မေးမြန်းရာ ဒေါက်တာ ခင်မောင် ညိုက မှန်ပါကြောင်း၊ မီးစုန်းသည် ရေနှင့်တွေ့လျှင် သေချာပေါက် မီးလောင်ကြောင်း၊ မီးစုန်းပါ ၀င်မှု အချိုး အစား အနည်းအများပေါ်မူတည်၍ မီးလောင်ကျွမ်းမှု အနည်းအများ ဖြစ်စေတတ်ကြောင်း၊ ယင်း ကာ လက မိမိအနေဖြင့် မီးစုန်းဓါတ် ပါဝင်နိုင် သည်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိကြောင်း၊ ယင်းအ တွက် မိမိအား မှားယွင်းသည် ဟု ပြောလျှင်လည်း ခံရမည်သာ ဖြစ်ကြောင်း၊ မိမိ၏ ပြောကြားချက်များ အလွန် အကျွံ ဖြစ်ခဲ့သည် ဟု ဆိုပါက ထိုအချိန်က တွေ့  ရှိရသော သတင်းဓါတ်ပုံများကို ကြည့်၍ ဖြစ်ပေါ် လာေ သာ စိတ်ခံစားမှုကြောင့် ဖြစ်ခဲ့သည် ဟု ပြောကြားလိုကြောင်း၊ မိမိ၏ပြောကြားချက်များကြောင့် လူအ များ ၏ ဒေါသကို ပိုမိုဖြစ်စေခဲ့သည် ဟု ဆိုပါက မိမိအနေဖြင့် ပညာရှင် တစ်ယောက်၏ စိတ်ခံစားမှု ဟူ ၍ သာ နားလည်ပေးစေလိုကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်၏ ကော်မရှင်မှ စစ်ဆေးတွေ့ ရှိချက်သာ အ စစ် အမှန် ဟု မိမိအနေဖြင့် လက်ခံမည် ဖြစ်ကြောင်း၊ မပြည့်စုံသော အထောက် အထားများကို အခြေခံ ၍ ခန့် မှန်းပြောကြားလျှင် မိမိကဲ့သို့ ပင် မှားယွင်းနိုင်ပါကြောင်း၊ ပညာရှင်များသည် တိကျခိုင်မာမှသာ ပြောကြား သည်ဟူသော ဆိုရိုးကို မိမိလက်ခံပါကြောင်း၊ စောစီးစွာ ထုတ်ဖော်ပြောကြားခဲ့ခြင်း အတွက် မိမိအနေဖြင့် စိတ်မကောင်း ဖြစ်ရပါကြောင်း အကျယ်တ၀င့် ရှင်းလင်း ပြောကြားသည်။
လက်ပံတောင်းတောင်အရေးတွင် ရဲတပ်ဖွဲ့ ဝင်များက ရေဖြင့်ပက်ဖျန်းပြီးမှ မီးခိုးဗုံးများ အသုံးပြုခဲ့သည်ဟု သက်ဆိုင် ရာက ထုတ်ပြန်ထားသည်။ ယင်းဖြိုခွင်းမှုကြောင့် သံဃာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။ ယ ခုအခါ ဒဏ်ရာဆိုးဝါးသော ဦးတိကမှာ ထိုင်းနိုင်ငံသို့  ပို့ ဆောင်၍ ဆေးကုသမှု ခံယူလျက် ရှိသ ည်။ ထိုင်းနိုင်ငံမှ ဆရာဝန်များက မီးခိုးဗုံးနှင့် ရေ ထိတွေ့  ဓါတ်ပြုခြင်းကြောင်း လောင်ကျွမ်းရခြင်း ဖြစ်ကြော င်း ကောက်ချက် ချထားသည်။
by ပလေတို ဒီမို on Wednesday, December 26, 2012 at 2:50pm ·
>>>ဆက်ဖတ်ရန်>>> >>

ဆီးရီးယားတွင် ပေါင်မုန့်ဝယ်ရန် တန်းစီနေသည့် လူတန်းကြီးအား လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူ ၂၀၀ ခန့်သေဆုံး


ဒီဇင်ဘာလ ၂၂ ရက်နေ့က ဆီးရီးယားနိုင်ငံတွင် ပေါင်မုန့်ရောင်းနေသည်ကို တန်းစီနေသည့် လူတန်းကြီး အား လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀၀ ခန့်သေဆုံးပြီး ဆီးရီးယားနိုင်ငံတွင်လေကြောင်း တိုက်ခိုက် မှုကြောင့် အသေအပျောက်အများဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။
ဗီဒီယိုပြကွက်များတွင် အပျက်အစီးပုံများနှင့်အတူ သွေးစွန်းနေသော အလောင်းများစွာတို့ လမ်းပေါ်၌ စုပုံနေ သည်ကို တွေ့မြင်ရသည်။ အလောင်းများထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များစွာတို့ ပါဝင် သည်။ ဟောဖာယာမြို့ရှိ ပေါင်မုန့်ဆိုင်တစ်ခုအား ဆီးရီးယား စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ် ခဲ့ခြင်ြး ဖစ်ပြီး လူပေါင်းရာနှင့်ချီလျက် ဒဏ်ရာရရှိခဲ့သည်။
နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ယခုနှစ်ဆန်းက မုန့်ဆိုင်များအား တိုက်ခို က်မှုတို့ကို အပြစ်တင်ခဲ့ဖူးပြီး ဆီးရီးယားစစ်တပ်သည် သူပုန်တို့၏ နေရာအတိအကျကို တွက်ချက် နိုင်ခြင်း မရှိဟု ဆိုသည်။
၂၁ လကြာခဲ့ပြီဖြစ်သည့် ပြည်တွင်းစစ်အတွင်း လွန်ခဲ့သည့်သီတင်းပတ် ကမှ ဟောဖာယာမြို့ကို သူပုန်များ က သိမ်းယူခဲ့ခြင်းဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် ယင်းပေါင်မုန့်ဆိုင်၌ လူပေါင်း ၁,၀၀၀ ကျော် တန်းစီနေကြောင်း သိရသည်။ ဆီးရီးယားနိုင်ငံတစ်ဝန်းတွင် လောင်စာဆီနှင့် ဂျူံမုန့်ရှားပါးမှုကြောင့် ပေါင်မုန့်ထုတ်လုပ်ရေးမှာ အဟန့်အတားဖြစ်လျက်ရှိပြီး လူများသည် ပေါင်မုန့်ဝယ်ရန်အတွက် နာရီပေါင်းများစွာ တန်းစီရကြောင်း သိရသည်။

၁၈ နှစ်အထက်များသာ ဖတ်ရန် ဗဟုသုတ သတင်းဓာတ်ပုံ ( ထပ်ပြောပါမည် ၁၈ နှစ်အထက်သာ)

ထပ်ပြီးတော့ ပြောပါအုံးမည်။ အသက် ၁၈ နှစ်အထက်များအတွက် ဗဟုသုတ အဖြစ် တင်ပေးခြင်း ဖြစ်ပါသည်။
အောက်က ပထမဆုံးပုံကို ကြည့်ပါ။ စင်္ကာပူက ၁၉ နှစ်အရွယ်ကလေးမလေးမှ သူမရဲ့ ၀တ်ပြီးသား အတွင်း ခံ ကို ရောင်းချပြီး ကျောင်းစားရိတ်သာမက အပိုဝင်ငွေများစွာ ရရှိခဲ့သည့် လုပ်ငန်းဖြစ်သည်။ 
ထိုမိန်းကလေးထက် ပိုမိုဆိုးရွားစွာ အရောင်းအ၀ယ် လုပ်သည့် ကောင်မလေးတစ်ယောက် အကြောင်း ပင်ဖြစ်သည်။ သူမ၏ စာမျက်နှာတွင် ဖော်ပြထားချက်များအရ အကြွေးလာတောင်းတာတွေ မခံနိုင် သည့် အတွက် ထိုအလုပ်ကို သူမလုပ်သည်တဲ့။ သူမက e bay ကတစ်ဆင့် လေလံတင်ခဲ့ခြင်း ဖြစ်သည်။ ဗဟုသုတ ပင်ဖြစ်သည်။ ကဲ.. ဒေါ်စန္ဒာမင်းတစ်ယောက် အဆို အောင်မြင်ပြီးသည့်နောက်တွင်တော့ ဒါမျိုး မဖြစ်လာဘူးလို့ ဘယ်သူမှ မပြောနိုင်။


ဒါကတော့ နောက်တစ်မျိုး












??????? Select ????????????...
>>>ဆက်ဖတ်ရန်>>> >>

စင်္ကာပူနိုင်ငံက ကျောင်းသားဆိုးနှင့် ဆရာဆိုးများ၏ ဇာတ်လမ်းများ


စင်္ကာပူနိုင်ငံရဲ့ ထိပ်တန်းဥပဒေကျောင်းက ကျောင်းသားများဟာ  သူတို့ရဲ့ ပရော်ဖက်ဆာကြီး တစ်ယောက် မှ ဘွဲ့မ ရသေးတဲ့ ကျောင်းသူလေးတစ်ဦးကို ကာမရယူပြီး တုန့်ပြန်တဲ့အနေနဲ့ ထိပ်ဆုံး အဆင့် သတ်မှတ် ချက်ေ တွ ပေးခဲ့တာကို ကြားတော့ အရမ်းအံ့သြသင့်ခဲ့ကြပါတယ်။
ပထမဦးဆုံး NUS က ဆရာ Tey Tsun Hang ၄၁ နှစ်ဟာ Mont Blanc Pen တွေ iPod touch တွေ နဲ့ ရှမ်အကျီင်္ အကောင်းစားတွေကို ကျောင်းသား တစ်ဦးဖြစ်သူ Darinne Ko ၂၃ နှစ်ဆီက အဆင့် သတ်မှတ်ချက် ကောင်းတွေ ရဖို့ အလဲလှယ်အဖြစ် လက်ခံရယူခဲပါတယ်။
ဒီလို ယောက်ျားလေး ဆရာတင် မဟုတ်သေးပါဘူး။  Eat, Pray ,Love ဆိုတဲ့ စာအုပ်နဲ့ ကျောင်းသားေ လး ကို ဆွဲဆောင်ခဲ့တဲ့ အသက် ၃၂ နှစ် အရွယ် ဆရာမ တစ်ဦးရဲ့ အမှုကလဲ ရှိပါသေးတယ်။ ထိုသို့ လက်ေ ဆာင်ေ တွ ပေးပြီး ၁၅ နှစ်အရွယ် ကျောင်းသားလေးနဲ့ ၃၂ နှစ်အရွယ် ဆရာမ တို့ ချစ်ရည်လူး ပျော်မြူးခဲ့ တာကြောင့် ကောင်လေး မိဘတွေသိသွားချိန်မှာ အမှုဖြစ်လို့ ဆရာမခင်ဗျာ ထောင်တစ်နှစ် ကျခဲ့ ပါသတဲ့။
ဒါ့ပြင် နောက်ထပ် အသက် ၃၂ နှစ်အရွယ် ကျောင်းဆရာမ တစ်ဦး ဟာလည်း ၁၃ နှစ်အရွယ် ကျောင်း သားလေးနဲ့ လှေ ကားအောက်တွေ၊၊ ပန်းခြံတွေမှာ မဖွယ်မရာတွေ လုပ်ခဲ့တာကြောင့် နောက်လမှ အမှုကို ကြား နာဖို့ ရှိနေပါသေးတယ်။
ဒီလို အမြဲတမ်းဆရာ အဖြစ် ခန့်အပ်ထားတဲ့ သူတွေပဲ ကျောင်းသား ကျောင်းသူတွေနဲ့ နီးနီးကပ်ကပ် နေရ တာ မဟုတ်ပါဘူး။  အစမ်းခန့် ကျောင်းဆရာ နှစ်ဦးဟာလည်း သူတို့ရဲ့ ကျောင်းသူလေးများနဲ့ ပလူးပလဲ လုပ် ခဲ့ တာကြောင့် သူတို့လည်း တရား ရင်ဆိုင်ကြရအုံးမှာပါ။
အသက် ၂၆ နှစ်ရွယ် တစ်ယောက်ကတော့ ၁၃ နှစ်ကျောင်းသူလေးနဲ့ လှေခါးအောက်နဲ့ လူမြင်ကွင်းများမှာ တွေ့ခဲ့ပြီး တစ်ခြားတစ်ယောက်ဖြစ်တဲ့ အသက် ၃၀ နှစ်အရွယ် အခြားတစ်ယောက်လည်း အတူတူပါပဲတဲ့။
ဒါကြောင့် လိင်မှုပွေတဲ့ ခြင်္သေ့မြို့တော်လို့ တင်စားခေါ်ဝေါ်ကြတာ။ ကဲ။ ထားအုံးမလား စင်္ကာပူကျောင်း။

၂၆-၁၂-၂၀၁၂ ကေအိုင်အေတို့ ပြောသည့် ခရစ်စမတ်အပြီး နောက်တစ်ရက် တိုက်ပွဲ အခြေအနေ


ဒီဇင်ဘာလ(၂၅)ရက် မနက်(၁၁)နာရီအချိန်မှ ညနေ(၄)နာရီအထိ ဒေါ့ဖုန်းယန်၊ ခန်းကိုင်တောင် အမြောက် တပ် စခန်းမှ ၁၀၅ မမ ဟော်ဝင်ဇာအမြောက်ဖြင့် လဂျားယန်ဘက်သို့ (၂၁)ကြိမ် ပစ်ခတ် တိုက်ခိုက် ခဲ့သည်။
ဒီဇင်ဘာလ(၂၆)ရက် မနက် ဝေလီဝေလင်းချိန်မှစတင်ကာ ခန်းကိုင်တောင် အမြောက်တပ်စခန်း၊ ဘွမ်ေ ဆာမ် တပ်စခန်း၊ မန်တဲ(Man Sai)တပ်စခန်းတို့မှ ၁၀၅ မမ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် KIA တပ်မဟာ (၅)နှင့် လဂျားယန်ဘက်သို့ ယခုအချိန်အထိ အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်နေသည်။
ပန်ဝါဒေသ နယ်ခြားမှတ်တိုင်(၆)အနီးရှိ KIA တပ်စခန်းတည်ရာ သံချောင်းကုန်းသို့ ဒီဇင်ဘာ လ(၂၅)ရက်နေ့ တွင် မြန်မာအစိုးရစစ်တပ် ခလရ(၇၇) (၁၃) (၁၀) တပ်ဖွဲ့များက လက်နက်ကြီး၊ လက် နက် ငယ်များဖြင့် ပစ်ခတ်နေခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ(၂၆)ရက်နေ့မှစတင်၍ ပန်ဝါဒေသရှိ KIA တပ်စခန်းများကို မြန်မာအစိုးရတပ်ဖွဲ့က ထပ်မံ ထိုးစစ် ဆင် စခန်းသိမ်းတိုက်ပွဲဖေါ်ဆောင်ရန် စီမံနေကြောင်း သိရှိရသည်။ ထိုသို့ စီမံချက် လုပ်ဆောင် ရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်း ကလည်း ၎င်း၏ပြည်သူ့ စစ်အဖွဲ့ဝင်များကို ပူးပေါင်းပါဝင် စေရန် စိတ်အားထက်သန်စွာ လှုံ့ဆော်လျက်ရှိကြောင်း သိရှိရသည်။
>>>ဆက်ဖတ်ရန်>>> >>

လူမှုရေး ဝက်ဘ်ဆိုက်မှ စတင်ခဲ့သည့် တောင်ကိုရီးယား နိုင်ငံမှ ဖူးစာရှင် ရွေးချယ်ပွဲကြီး


Facebook ဝက်ဘ်ဆိုက်မှ အသင်းဝင်များက စုစည်း ကျင်းပသော တောင်ကိုရီးယား နိုင်ငံရှိ ''အထီးကျန် သူ တို့ ၏ ဖူးစာရှင် ရွေးချယ်ပွဲ'' အခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်က ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားသို့ တက် ရောက်လာသူ အများစုမှာ အမျိုးသားများ ဖြစ်နေကြောင်း တွေ့ရ သည်။ အဆိုပါ အခမ်း အနား ဖြစ်ပေါ် လာရ ခြင်းမှာ ပြီးခဲ့သည့် လ က လူငယ် အမျိုးသား နှစ်ဦးသည် အထီးကျန် သူတို့အတွက် ဖူးစာရှင် ရွေးချယ် ပွဲ အဖွဲ့ကို လူမှုရေး ဝက်ဘ်ဆိုက် တစ်ခုတွင် အပျော် သဘောဖြင့် စတင်ဖွဲ့စည်း ခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ၎င်း အဖွဲ့ အတွင်းသို့ နောက်ပိုင်းတွင် င်္Facebook ဝက်ဘ်ဆိုက် သုံးစွဲသူ ၃၆ဝဝဝ ဦး ဝင်ရောက် လာခဲ့ ကြသည်။
သို့သော် အခမ်းအနားသို့ ကြင်ဖက် ရှာလိုသူ ၃၅ဝဝ ဦးတက်ရောက် ပါဝင် ဆင်နွှဲ ခဲ့ကြသည်။ ၎င်းတို့အနက် အများစုမှာ အသက် ၂ဝ မှ ၃ဝ ကြား အမျိုး သားများ ဖြစ်ကြသည်။ ၎င်း အခမ်းအနားတွင် တဖြည်းဖြည်းနှင့် အမျိုးသား များဖြင့် ဖွဲ့စည်း လာခဲ့သည်ဟု ဆိုးလ်မြို့မှ ရဲအရာရှိ တစ်ဦးက အေအက်ဖ်ပီ သတင်း ဌာနသို့ ပြောကြားခဲ့သည်။
ချစ်မေတ္တာ အတွက် စွန့်စားလိုသူ များသည် နှစ်နာရီကြာ ကျင်းပခဲ့သော အဆိုပါ အခမ်းအနားတွင် အလွန် အေးလှသော အအေးဒဏ်ကို အန်တု၍ ပါဝင် ဆင်နွှဲ ခဲ့ကြသည်။ အမျိုးသား၊ အမျိုးသမီး နှစ်ဖက်ခွဲ၍ ညနေ ၃ နာရီတိတိ အချိန်တွင် တွေ့ဆုံရမည် ဖြစ်သည်။ အမျိုးသမီး များက ကြင်ဖက် အမျိုးသား များအား အနီနှင့် အဖြူရောင် ဝတ်စုံများကို ဝတ်ဆင်ရန် စေခိုင်း ခဲ့ကြကြောင်း သိရသည်။ သို့သော် ၎င်း အခမ်းအနားတွင် အမျိုးသမီး အနည်းငယ်သာ တက်ရောက်ခဲ့ကြ၍ အထီးကျန်သူ အမျိုးသားများမှာ စိတ်ပျက် ခဲ့ရကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရသည်။
http://www.myawady.net.mm/allnews/global/item/2800-2012-12-26-09-53-40
>>>ဆက်ဖတ်ရန်>>> >>

ဂျော့ဆိုရော့ထိန်းချုပ်တဲ့ ကမ္ဘာ့သစ်အစီအစဉ်နဲ့ မြန်မာ့အရေး

နံနက်မိုးသောက် မျက်စေ့ကိုဖွင့် နားကိုစွင့်လိုက်တာနဲ့ မြန်မာအပါအ၀င် ကမ္ဘာတစ်လွှားမှ နောက်ဆုံးရ သတင်း အစုံအလင်ကို ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ အင်တာနက်ကတစ်ဆင့် နေ့စဉ်ကြားမြင် နေရမှာဖြစ် ပါတယ်။ ကမ္ဘာ့နေရာဒေသအသီးသီးမှ ဖြစ်ပေါ်တိုးတက်မှုတွေ၊ ပျက်စီးဆုတ်ယုတ်မှုတွေ အမျိုးစုံ လင်ကြား သိရမှာဖြစ် ပါတယ်။ များသောအားဖြင့် ကပ်ဘေးအန္တရာယ်များ၊ ညှိနှိုင်းမရသော ပဋိပက္ခများ၊ အဖြေရှာ မရေ သာ ဆွေးနွေးမှုများ၊ ဖျန်ဖြေ၍မရနိုင်သော တိုက်ခိုက်သတ်ဖြတ်မှုများ စတဲ့ အကြောင်း အရာများ က သာ ပို များပါတယ်။ နိုင်ငံတစ်ခုအတွင်းပင်၊ မျိုးနွယ်တူအချင်းချင်းပင် ငြိမ်းချမ်း အေးဆေးစွာ လက်တွဲေ နထိုင် လို ပါလျက် မငြိမ်းချမ်းနိုင်ဘဲ ဖြစ်နေရသည်မှာ ထိုသူများ၏အသိဉာဏ်ကို မည်သည့် တိမ်သလ္လာ များ က ဖုံးအုပ်ထား၍နည်း။ သို့တည်းမဟုတ် မည်သည့်ဘေးပယောဂများ ၀င်ရောက်ပူးကပ်နေ၍နည်း။ အဖြေ ရှာနိုင် ရန် ခက်ခဲလှပါတယ်။ 
တိုက်တိုက်ဆိုင်ဆိုင်ပင် ဝါရှင်တန်အခြေစိုက် ထောက်လှမ်းရေးနဲ့ နိုင်ငံတကာရေးရာ အထူး သတင်းေ ထာက် ဝိန်းမက်ဆန်ရေးသားတဲ့ ဂျော့ဆိုရော့ထိန်းချုပ်သည့် ကမ္ဘာ့အစီအစဉ်သစ် (“A Soros-Made ‘New World Order’ Takes Shape at the US”) ဆောင်းပါးအား NSNBC သတင်း ၀ဘ်ဆိုက်မှာ နိုဝင်ဘာလ ၂၄ ရက်ေ န့က ဖော်ပြထားတာကို ဖတ်ရှုလိုက်ရပါတယ်။ ဆောင်းပါးမှာ ဂျော့ဆိုရော့ရဲ့ ဘဏ္ဍာရေး အထောက် အကူပေးရေးအဖွဲ့၊ “အန်ဂျီအို”နဲ့  နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းများကွန်ရက်ဟာ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်ရုံးနဲ့ ကုလသမဂ္ဂအထူးအေဂျင်စီများ အတွင်းရှိ လုပ်ငန်း တာဝန်များကို ထိန်းချုပ်လျက် ကမ္ဘာ့အထက်တန်းလွှာများနဲ့ ၀.၁ ရာခိုင်နှုန်းသာရှိတဲ့ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်များရဲ့ အကျိုးစီးပွားအတွက် ကမ္ဘာ့မြေပုံကိုပြန်လည်ရေးဆွဲဖို့ ရည်မှန်းချက် ထားရှိကြောင်း ဖော်ပြထားပါတယ်။ 
တစ်ချိန်က ပွင့်လင်းမြင်သာမှုရှိခဲ့တဲ့ ကုလသမဂ္ဂဟာ ယခုအခါ ဗျူရိုကရက်ဆန်လာပါတယ်။ ဆိုရော့နှင့် ဆက် စပ် မှု ရှိတဲ့ “အန်ဂျီအို”အဖွဲ့ဝင်များနဲ့ ဖို့ဒ်၊ ရော့ဖဲလားဖောင်ဒေးရှင်းကဲ့သို့အဖွဲ့များ၊ စီအိုင်အေ အရာ ရှိများ၊ အရာရှိဟောင်းများနဲ့ အဖွဲ့အစည်းကိုယ်စားလှယ်များပါဝင်တဲ့ အနောက်အုပ်စု သံတမန် များ ဟာ တံခါးပိတ်ဆွေးနွေးပွဲများပြုလုပ်ကာ အရေးပါတဲ့ဆုံးဖြတ်ချက်များကို ချမှတ်ကြ ကြောင်း၊ ယနေ့ကာ လမှာ ကုလ သမဂ္ဂအေဂျင်စီများနဲ့ အဖွဲ့ဝင်များစွာကို ပုဂ္ဂလိကချမ်းသာ ကြွယ်ဝသူ များက ငွေကြေးေ ထာက် ပံ့ကူညီထားတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အရေးပါတဲ့ လက်ထောက်အများစုဟာ အမေရိကန်နိုင်ငံသား များဖြစ်ပြီး နေတိုး အဖွဲ့နဲ့ မဟာမိတ်နိုင်ငံများရဲ့ အကျိုးစီးပွားကို ပိုမိုအလေးထားသူများဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများ ကလွဲလို့ ကုလသ မဂ္ဂအေဂျင်စီ အသီးသီးမှာ ဆိုရော့နှင့် အဖွဲ့ဝင် များ၊ စီအိုင်အေ များက လွှမ်းမိုးထားပါတယ်။ ဟန်ဂေရီနိုင်ငံသား ဘီလျံနာဂျော့ဆိုရော့အနေနဲ့ နာဇီ တပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းခဲ့ ဖူးသူဖြစ်ပြီး လက်ရှိမှာ ငြိမ်းချမ်းမှုထိန်းသိမ်းရေးလုပ်ငန်းကိုလည်း အဓိက ပစ်မှတ်ထား လျက်ရှိပါတယ်။
၎င်းအစီအစဉ်သစ်အရ ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက်(Global Compact)ကို အကောင် အထည်ဖော် ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များမှ တစ်ဆင့် အထောက်အကူပေးလျက်ရှိပါတယ်။ ကုလသမဂ္ဂမှာ တံခါးပိတ်ေ ဆွးနွေးပွဲများ ကျင်းပပြုလုပ်လျက်ရှိပြီး အဖွဲ့ဝင်နိုင်ငံများအပေါ် သေးငယ် သော အစိတ်အပိုင်း များ ပိုင်းခြား ခွဲခြားရေး စာတမ်းဖတ်ပွဲများကို ကုလသမဂ္ဂကြိုတင်ကာကွယ်ရေး လုပ်ငန်းဆိုင်ရာ အေဂျင်စီ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းရေးမူဘောင်(Framework Team-FT)ပါ ညွှန်ကြားချက်များအရ ဆောင် ရွက်ခြင်ြး ဖစ်ပါတယ်။ FT မှာကုလသမဂ္ဂရုံးအသီးသီးနှင့် အထူးအေဂျင်စီ ၂၈ ခုမှ ကိုယ်စားလှယ် များပါ ၀င်ကြပါတယ်။ 
FT ရဲ့လုပ်ငန်းတာဝန်အများစုကို အမေရိကန်နိုင်ငံသူ ဂေးရော့စ်ဘလန်ကူးမားက ဦးဆောင် လျက်ရှိ ပါတယ်။ ဆိုရော့နဲ့ ၎င်းရဲ့ “အန်ဂျီအို”များ၊ စီအိုင်အေနဲ့ နိုင်ငံတကာဘဏ်လုပ်ငန်းရှင်များဟာ နိုင်ငံတ ကာကော် ပိုရေးရှင်းများ၊ အမေရိကန်နဲ့ နေတိုးအဖွဲ့တို့ရဲ့လိုအပ်ချက်များ ဖြည့်ဆည်းရေး အတွက် ကမ္ဘာ့ြေ မပုံပြန်လည်ရေးဆွဲရန် အလေးထားဆောင်ရွက်လျက်ရှိပါတယ်။ ဆွေးနွေးပွဲအများစု မှာ လစ်ဗျား၊ ဆူဒန်၊ ဆီးရီး ယားနှ င့် အခြားနိုင်ငံများမှာ နိုင်ငံတကာကြားဝင်စွက်ဖက်ရေးဆိုင်ရာ အကာ အကွယ်ပေးေ ရး(Responsibility to Protect-R2P)ကို တွန်းအားပေးခဲ့သူ အီလီဝီဆဲ အပေါ်မှီခို အားထားလျက်ရှိပြီး ၎င်းဟာ နိုင်ငံအသီးသီးရှိ အလုပ်အကိုင်အခွင့်အလမ်းများအတွက် ကုလသမဂ္ဂကို အကြံပေးလျက်ရှိပါတယ်။ 
FT အဖွဲ့ဟာ သမ္မတအိုဘားမားရဲ့ သတင်းအချက်အလက် အကြံပေး ကတ်စ်ဆန်စတိန်း၊ ၎င်းရဲ့ဇနီး အမေရိ ကန်အမျိုးသားလုံခြုံရေးကောင်စီက စမန်သာပါဝါနဲ့ အဲလ်ဘတ် အိုင်စတိုင်း အင်စတီ ကျူရှင်းက အယူ အဆရေးရာပညာရှင် ဂီးရ်ရှပ်(ပ)တို့ရဲ့ အယူအဆများကိုလည်း ကျင့်သုံးလျက်ရှိပါ တယ်။ FT အဖွဲ့ ဟာ အနောက်အုပ်စုလိုလားတဲ့ အစိုးရများရှိရာ ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ ကမ္ဘာ တစ်ဝန်းရှိ လှုပ်ရှား တက်ကြွ သူများ ကို လေ့ကျင့်ပေးလျက်ရှိပါတယ်။ အဓိကအားဖြင့် အဆိုပါ အစိုးရ တွေအပေါ် ဆန့်ကျင်ဆန္ဒပြုမှု မပြုစေေ ရး လှုပ်ရှားတက်ကြွသူများကို အကြံပေးပါတယ်။ ဒီအဖွဲ့ရဲ့ လုပ်ငန်း တစ်ရပ်လုံးကို ဆိုရော့ရဲ့ငွေကြေးအကူအညီနဲ့ ထောက်ပံ့ပေးလျက်ရှိပါတယ်။ 
FT အဖွဲ့ရဲ့ အဓိကလုပ်ငန်းတစ်ရပ်မှာ ရှိရင်းစွဲနိုင်ငံငယ်များကို သေးငယ်တဲ့အစိတ်အပိုင်း အသီးသီးအဖြစ် ပိုင်းခြား ခွဲခြမ်းရေးပဲဖြစ်ပါတယ်။ လတ်တလောပြုလုပ်ခဲ့တဲ့ “Nepal in Transition” ခေါင်းစဉ်နဲ့ပြုလုပ်တဲ့ ဆွေးနွေး ပွဲမှာ ၎င်းတို့ရဲ့မဟာဗျူဟာကို ရှင်းလင်းစွာတွေ့ရပါတယ်။ နီပေါနိုင်ငံကို ဖက်ဒရယ် အစိတ် အပိုင်းများ အဖြစ် ပိုင်းခြားခွဲခြားခြင်းမပြုမီ ပထမအဆင့်အဖြစ် ဖက်ဒရယ်ဝါဒသဘော ကို လေ့လာ ဆန်းစစ်တဲ့သဘောဖြစ်ပါတယ်။ 
ဒီ “နီပေါနိုင်ငံ” ပိုင်းခြားခွဲခြမ်းရေးမဟာဗျူဟာကို နီပေါရှိ ကုလသမဂ္ဂမစ်ရှင်ကို ဦးဆောင်တဲ့ အတွင်းရေး မှူးချုပ် ရဲ့ အထူးကိုယ်စားလှယ်အီအန်မာတင် က ခေါင်းဆောင်ခဲ့ပါတယ်။ နီပေါရှိအဖွဲ့ အစည်းများ၊ နိုင်ငံ သား များ၊ ဒါလစ်နဲ့ မွတ်စလင်ကဲ့သို့လူမျိုးများကို အခြေခံကာ ပြည်ထောင်စုသမ္မတ နိုင်ငံတစ်ရပ်အဖြစ် ကူးပြောင်းေ ရးဖြစ်ပါတယ်။ မာတင်ဟာ ဘော့စနီးယား-ဟာဇီဂိုးဗီးနားနဲ့ လစ်ဗျား နိုင်ငံတို့ကိုဖြိုခွဲပြီး ဖက်ဒ ရယ် စနစ်တည်ထောင်ရာမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။ လစ်ဗျားအရှေ့ပိုင်း ဆိုင်ရီနိုင်ကာပြည်နယ်ဟာ ခွဲထွက်ြ ပီး ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုခဲ့ပါတယ်။ 
နီပေါအရေးမှာ ကုလတာဝန်ရှိသူအချို့ဟာ မော်ဝါဒီတွေကိုဖယ်ရှားပစ်ရန် လိုအပ်ကြောင်း ပြောကြား ခဲ့ပါတယ်။ ၎င်းကွန်းဖရင့်မှာ စီအိုင်အေနဲ့ ချိတ်ဆက်တဲ့ တောင်အာရှရေးရာ အမေရိကန် လက်ထောက်နို င်ငံခြားေ ရးဝန်ကြီး ရောဘတ်အိုဘလိတ် ပါဝင်ခဲ့ပြီး သူဟာ ၂၀၁၂ ခုနှစ် မော်လ်ဒိုက် အာဏာ သိမ်းမှု ကိုကြိုးကိုင်ခဲ့ကြောင်း သတင်းထွက်ခဲ့သူဖြစ်ပါတယ်။ မော်လ်ဒိုက်ကို ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများအဖြစ် ပြိုကွဲသွားစေပြီး တရုတ်နိုင်ငံကို ဝိုင်းပတ်ပိတ်ဆို့ရေး အမေရိကန်ရဲ့ မူဝါဒ တစ်စိတ်တစ်ပိုင်းအဖြစ် မော်လ်ဒိုက်နိုင် ငံတောင်ပိုင်းမှာ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခု တပ်စွဲခွင့် ရရှိစေခဲ့ပါတယ်။ 
သီရိလင်္ကာဟာလည်း ဖက်ဒရယ်ကျင့်သုံးရေး လမ်းကြောင်းပေးနိုင်ငံရေးသမားများ ပစ်မှတ်ဖြစ် လာခဲ့ပါ တယ်။ ၂၀၀၈ ခုနှစ် အမေရိကန်သမ္မတလောင်း မဲဆွယ်စည်းရုံးစဉ်ကာလမှာ ဟီလာရီ ကလင်တန်နဲ့ အိုဘား မား တို့ဟာ သီးခြားပြည်နယ်ထူထောင်ရေး ကြိုးပမ်းနေတဲ့ တမီးလ်ကျားသူပုန်တွေ ဆီက မဲဆွယ် စည်းရုံးေ ရး ရန်ပုံငွေ အများအပြားရခဲ့တယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တမီးလ် ကျားသူပုန် အဖွဲ့ ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ယခင်ကသတ်မှတ်ထားပေမယ့် ယခုတော့ ကျေးဇူးဆ ပ်တဲ့အနေ နဲ့ အိုဘားမား အစိုးရ၊ ဆိုရော့နဲ့ နော်ဝေနိုင်ငံရှိ နိုင်ငံတကာငြိမ်းချမ်းရေးအဖွဲ့တို့က သီရိလင်္ကာမှာ ဆင်ဟာ လီစ်၊ တမီးလ်နဲ့ မွတ်စလင် ဖက်ဒရေးရှင်းတစ်ရပ် တည်ထောင်ကျင့်သုံးနိုင်ရေး တွန်းအားပေးခဲ့ပါတယ်။ 
နော်ဝေနိုင်ငံသားအများအပြားဟာ သီရိလင်္ကာမှာ ဖက်ဒရယ်စနစ်ကျင့်သုံးရေး နောက်ကွယ်က တွန်း အားပေး လျက်ရှိပါတယ်။ ဆိုရော့ရဲ့အားကိုးယုံကြည်တဲ့ ဒေါက်တာဂျိုဟန်ဂါတွန်က အဓိက ဖြစ်ပါ တယ်။ ဆိုရော့ ရဲ့ အန်ဂျီအိုအဖွဲ့အစည်းများဟာ နိုင်ငံတကာဆက်ဆံရေး အစီအစဉ်များနဲ့အတူ အဓိက ကျတဲ့ တက္က သိုလ် ကြီးတွေမှာ ပိုင်းခြားခွဲခြမ်းရေးအစီအစဉ်များကို လေ့လာမှုတွေပြုလုပ်နေကြတာ ဖြစ်ပါတယ်။ 
မြန်မာနိုင်ငံဟာလည်း ဖက်ဒရယ်ဝါဒီများနဲ့ ပိုင်းခြားခွဲခြမ်းရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များရဲ့ ပစ်မှတ်ဖြစ် လာခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ ဆိုရော့ရဲ့ ရည်မှန်းချက်က မြန်မာနိုင်ငံကို မျိုးနွယ်စုအခြေပြု နိုင်ငံငယ်များ အဖြစ် ခွဲခြားပစ်ဖို့ဖြစ်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် နေရာအချို့မှာ အမေရိကန်စစ်အခြေစိုက် စခန်း တည်ေ ဆာက်နို င်ရေး အထောက်အကူဖြစ်လာနိုင်ပြီး တရုတ်နိုင်ငံတောင်ပိုင်းကို ထိရောက်စွာ နှောင့်ယှက်နို င်မှာဖြစ် ပါတယ်။ မြန်မာနဲ့တရုတ်နိုင်ငံအတွင်း သြဇာလွှမ်းနိုင်ဖို့ လူ့အခွင့်အရေး ချိုးဖောက် မှုပြဿနာေ တွကို ဆိုရော့က လက်ကိုင်အသုံးပြုလျက်ရှိပါတယ်။ 
အီးယူ၊ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်နဲ့ ဆိုရော့ရဲ့မဟာမိတ်အဖွဲ့ရဲ့ အန္တိမ ရည်မှန်း ချက်က အိန္ဒိယ၊ ရုရှား၊ အင်ဒိုနီးရှားနဲ့ တရုတ်နိုင်ငံတို့ကို နိုင်ငံငယ်များအဖြစ် ပိုင်းခြား ခွဲခြမ်းပစ်ေ ရးပဲဖြစ်ပါတယ်။ ဒါတွေကတော့ NSNBC လေ့လာရှာဖွေ တွေ့ရှိမှုတွေပဲ ဖြစ်ပါတယ်။ ဒီသတင်းဌာနကို ၂၈-၈- ၂၀၁၁ ရက်နေ့မှာ “အမှန်တရားကို ထိန်းချုပ်ဖုံးကွယ်ထားသော အသင်း အဖွဲ့ပိုင်နဲ့ အစိုးရ ပိုင်မီဒီယာများ အဆုံးသတ်စေရန်” ရည်ရွယ်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒေသ အသီးသီးမှ သတင်းေ ထာ က်များ၊ စာပေပညာရှင်များနဲ့ ကျွမ်းကျင်ပညာရှင်များထံက သတင်း ဆောင်းပါးများကိုရယူ ထုတ်ဝေေ နတာဖြစ် ပါတယ်။ ကမ္ဘာတစ်ဝန်းနေ့စဉ်တိကျတဲ့ သတင်းပေးပို့ချက် တွေ၊ ကျယ်ပြန့်နက်ရှိုင်းတဲ့ အကဲဖြတ် ဆန်းစစ်ချက်တွေနဲ့ ထင်မြင်ယူဆချက်တွေကို စာဖတ်သူတွေထံ အရောက်ပို့လိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတယ်လို့ သိရပါတယ်။ 
ကောင်းပါပြီ။ ကျွန်တော်တို့မြန်မာပြည်အတွင်းမှာရော၊ ဆိုရော့ရဲ့ ကုလနဲ့ အန်ဂျီအိုတွေ၊ အရေခြုံပုဂ္ဂိုလ်တွေ အားလုံး နီးနီး ရောက်နှင့်ပြီးသားဆိုတော့ သူတို့တွေ ဘယ်လောက်အထိ ခရီးပေါက် နေပါပြီလဲ။ နိုင်ငံတော်ရဲ့  မဏ္ဍိုင် ၃ ရပ်ထဲမှာ၊ အစိုးရနဲ့ဆန့်ကျင်ဘက်တွေအကြားမှာ၊ နိုင်ငံရေး ပါတီတွေ အချင်းချင်း အကြား မှာ၊ နိုင်ငံရေးပါတီတစ်ခုချင်းအတွင်းမှာ၊ တိုင်းရင်းသားလူမျိုးစုတွေ လက်နက်ကိုင် အဖွဲ့တွေ အကြားမှာ ဆိုရော့ရဲ့ နိုင်ငံပိုင်းခြားခွဲခြမ်းရေး အစီအစဉ်တွေ ဘယ်လောက် အောင်မြင်ေ နပြီလဲ ဆိုတာ သုံးသ ပ်ကာကွယ်ရတော့မယ့် အချိန်ဖြစ်ပါတယ်။ 
ရှေး ဘိုးဘေးဘီဘင်တွေ လက်ထက်ကတည်းက ပေါင်းစည်းနေထိုင်လာခဲ့တဲ့ တိုင်းရင်းသား အချင်းချင်း မယုံကြည်ဘဲ ဒီလို အကြံကြီးတဲ့ ပြည်ပနိုင်ငံ၊ အဖွဲ့အစည်းတွေရဲ့ လှည့်ကွက်ထဲမှာ မဆင်မခြင်ယုံကြည်ပြီး လည်စင်း ခံသွားကြမှာလား။ တိုင်းရင်းသားအချင်းချင်း  တိုက်ခိုက်မှုတွေဟာ သူတို့ရဲ့ လက်နက်ခဲယမ်းများ ရောင်း ချရ မယ့်ဈေးကွက်အဖြစ်ခံကြမှာလား။ လူမျိုလို့ လူမျိုးပျောက်မယ့် အရေးတွေကို လျှော့တွက်ေ နကြမှာ လား။ အချင်းချင်း မညီမညွတ်ဖြစ်နေချိန်မှာ နောက်တိုးလာတဲ့ တိုင်းရင်းသားတွေရဲ့ ငြိမ်သက်စွာ စစ်ရေြး ပင် ဆင်မှုတွေကို ထည့်မတွက်ကြတော့ဘူးလား။ ဒီလိုပဲ နိုင်ငံအတွင်းမှာ လက်နက်ကို င်တိုက် ခိုက် မှုေ တွ၊ ဆန္ဒပြမှုတွေ၊ လူမျိုးရေးပဋိပက္ခတွေ အရှိန်မြှင့် လုပ်ဆောင်လာတာနဲ့ မြန်မာနိုင်ငံကြီး ဒီမိုကေ ရစီ အပြည့်အ၀ ရသွားမှာလား။ ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ့ “ကြက်လည်းမော ယာလည်းညက်” တဲ့ အချိန်မှာ ဆိုရော့ရဲ့ ကမ္ဘာသစ်အစီအစဉ် အောင်မြင်သွား နိုင်သလားဆိုတာ အသိဉာဏ်လေးတစ်ချက်လက်ပြီး အားလုံးစည်းလုံးသင့်ကြပါပြီ။
 အောင်ဘာလေ
>>>ဆက်ဖတ်ရန်>>> >>

မပခတိုင်းမှူး၏ စာကို ကေအိုင်အို ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ကန့်ကွက်


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၏ စာကို စစ်ရေးနည်းဖြင့် ဖြေရှင်းရန် ခြိမ်ြးေ ခာ က်မှု ဟု ကေအိုင်အိုက ယူဆသည်။ သို့သော် ထိုစာမှာ ကေအိုင်အေအား တပ်မတော်က တိုက် ရန် အစီအစဉ် မရှိသောကြောင့် ပေးပို့ခြင်းဖြစ်ပြီး နှစ်ဖက်ကြား နားလည်မှုလွဲနေ၍ တရားဝင်စကား အမြန်ပြော သင့်ပြီဖြစ်ကြောင်း အပစ်အခတ်ရပ်စဲရေး ဒါရိုက်တာက အကြံပြု
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) တိုင်းမှူးက လဂျားယန်တပ်စခန်းသို့ အုပ်ချုပ်မှုကိစ္စဆောင်ရွက်ရန် လမ်းကြောင်း တစ်လျှောက်ရှိ ကေအိုင်အေတပ်ဖွဲ့များအား ဒီဇင်ဘာ ၂၅ ရက် နောက်ဆုံးထား၍ ဆုတ်ခွာေ ပးရန် သတိပေး အကြောင်းကြားခြင်းအပေါ် ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က ကန့်ကွက်ကြောင်း ဦးအောင်မင်းထံသို့ ဒီဇင်ဘာ ၂၄ ရက်တွင် အကြောင်းကြားသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်က ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့၊ Peace-talk Creation Group (PCG) ဥက္ကဋ္ဌ ဦးယွပ်ဇော်ခေါင်ထံသို့ ဒီဇင်ဘာ ၂၃ ရက်တွင် သတိပေးအကြောင်းကြားစာ တစ်စောင်ပို့ခဲ့သည်။ ထိုစာတွင် လဂျားယန်တပ်စခန်းအတွက် အုပ်ချုပ် မှု ကိစ္စများ ဆောင်ရွက်ရန် လမ်းကြောင်းအတိုင်း တပ်များဝင်ရောက်ရန်ရှိကြောင်း၊ ထို့ကြောင့် လမ်းကြောင်း တစ်လျှောက်ရှိ ကေအိုင်အေအဖွဲ့များအား ဒီဇင်ဘာ ၂၅ ရက် နောက်ဆုံးထား၍ နောက် ဆုတ်ေ ပးရေး ကေအိုင်အေအဖွဲ့ထံသို့ သတိပေးသွားပါရန် အကြောင်းကြားပါသည်ဟု ဖော်ပြထားသည်။
အဆိုပါအကြောင်းကြားသည့်စာအပေါ် ကေအိုင်အိုဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က ကန့် ကွက်ကြောင်း ဒီဇင်ဘာ ၂၄ ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းထံသို့ အကြောင်းကြားစာပို့သည်။ စာတွင် ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ေ ဆာင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုဆွေးနွေးရေးအဖွဲ့တို့သည် တွေ့ဆုံဆွေးနွေးသော နည်း လမ်းဖြင့် ညှိနှိုင်းကြိုးပမ်းဆောင် ရွက်နေချိန်ဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် ထိုသို့ အပြန်အလှန် ဆက် သွယ် ညှိနှိုင်းနေစဉ် ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်က ဒီဇင်ဘာ ၂၃ ရက်တွင် PCG မှတစ်ဆင့် လဂျားယန် တပ်စခန်းသို့ အုပ်ချုပ်မှုကိစ္စဆောင်ရွက်ရန် လမ်းကြောင်းတစ်လျှောက်ရှိ ကေအိုင်အေအဖွဲ့များအား ဒီဇင်ဘာ ၂၅ ရက် နောက်ဆုံးထား၍ ဆုတ်ပေးရန် သတိပေးလာခဲ့သည်။ ဤသို့စစ်ရေးနည်းဖြင့် ဖြေရှင်းရန် ရာဇသံပေးခြိမ်းခြောက်လာမှုကို ကေအိုင်အိုဆွေးနွေးရေးအဖွဲ့က ကန့်ကွက်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်ဟုဖော်ပြထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ 7Day News က ငြိမ်းချမ်းရေးစင်တာမှ အပစ်အခတ်ရပ်စဲရေးဒါရိုက်တာ ဦးမင်းေ ဇာ်ဦး သို့ ဆက်သွယ်မေးမြန်းရာတွင် “ဒီကိစ္စနှင့်ပတ်သက်ပြီး ဒီနေ့ တပ်ဘက်က အရာရှိ တစ်ေ ယာက် ကိုမေးကြည့်တယ်။ သူက တပ်အနေနဲ့ ဆက်တိုက်မယ်ဆိုရင် အခုလိုစာရေးစရာမလိုဘူး။ စာရေး တယ် ဆိုတာ တိုက်ဖို့အစီအစဉ်မရှိလို့။ ရိုးသားမှုရှိလို့ ဒီလိုစာပို့တာ။ တိုက်ဖို့မရှိပါဘူးလို့ ပြော တယ်” ဟုပြန်လည်ဖြေကြားသည်။
မပခတိုင်းမှူးက ပေးပို့သောစာတွင် လဂျားယန်တပ်စခန်းအတွက် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် ဆိုသောအချက်မှာ ဘာကိုဆိုလိုပါသလဲဟု မေးမြန်းရာ ဦးမင်းဇော်ဦးက အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန်ဆိုသည်မှာ တပ်များအတွက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ တပ်ချင်းလဲလှယ်သောကာလဖြစ်၍ တပ်ချင်းလဲလှယ်ရန်ရည်ရွယ်၍ ပြောခြင်းသာဖြစ်သည်ဟု သိရကြောင်း ၎င်းကဆိုသည်။
တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး နှစ်ဖက်အကြား သံသယများ ပိုမိုကြီးထွားလာသည့်အတွက် နှစ်ဖက်စလုံး အနေဖြင့် တရားဝင် စကားပြောနိုင်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဦးမင်းဇော်ဦးကသုံးသပ်သည်။
“အခုလို အပစ်အခတ်တွေ ဖြစ်နေတယ် ဆိုတာကလည်း နှစ်ဖက်စလုံး အမြန်ဆုံးဆွေးနွေးဖို့လိုနေပြီဆိုတာ ထောက်ပြတယ်”ဟု ဦးမင်းဇော်ဦး ကပြောသည်။ အစိုးရနှင့် ကေအိုင်အိုတို့အကြား တင်းမာမှုများ ပိုမိုဖြစ်ေ ပ်ါနေခြင်းအတွက် အဖြေရှာရန် အမြန်တွေ့ဆုံဆွေးနွေးရန်၊ စားပွဲဝိုင်းတွင်ထိုင်၍ အဖြေရှာရန် လိုအပ်ေ နပြီဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
စာ၏ဆိုလိုရင်းမှာ အစိုးရတပ်မတော်အနေဖြင့် လဂျားယန်လမ်းကြောင်း တစ်လျှောက်တွင် တိုက်ခိုက်ရန် အစီအစဉ် ရှိ၊ မရှိ မသိရသော်လည်း ဒီဇင်ဘာ ၂၄ရက် တစ်နေ့လုံး တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ကေအိုင် အို မှ ဗိုလ်ကြီး တစ်ဦးကလည်း ပြောသည်။
ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းေ က်ာမတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းထံသို့ စာပို့ထားသည်ဖြစ်၍ ထိုကော်မတီမှ တရားဝင် အကြောင်ြး ပန်သင့်ကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင် တစ်ဦးဖြစ်သော ဦးလမိုင်ဂွမ်ဂျာက ပြော သည်။
“ကျွန်တော်တို့ အခုလို ခရစ် စမတ်ပွဲတော်ကို ရန်ကုန်မှာ ငြိမ်း ချမ်းစွာဆင်နွှဲနေနိုင်တဲ့ အချိန်မှာ ကချင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပွားနေတဲ့ နေရာ များက ကျွန်တော်တို့ရဲ့ တိုင်းရင်း သာြး ပည် သူ အချို့ကတော့ သူတို့ ရဲ့နေအိမ်တွေကို စွန့်ခွာပြီး ပဋိ ပက္ခတွေရဲ့ဝေးရာကို ပြေးလွှား ပုန်းရှောင်ေ နဆဲဖြစ်ပါတယ်။ သူ တို့တွေ နောင်နှစ်ခရစ်စမတ်ပွဲ တော်ကို ငြိမ်းချမ်းစွာ ဆင်နွှဲနိုင်စေ ဖို့ ကျွန်တော်တို့ အားလုံး မှာ တာ ၀န်ရှိပြီး ကျွန်တော်တို့အားလုံးပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါ တယ်။ အဲဒီလို ကျင်း ပမယ့် ခ ရစ် စမတ်ပွဲတော်ကိုမြင်တွေ့လိုတဲ့ ဆနပြင်းပြသော သူများအကြား မှာ ကျွန်တော် ဟာ ထိပ်ဆုံး က ပါ ၀င်တယ်ဆိုတာကိုလည်း ပြော ကြားလိုပါတယ်””ဟု ဦးအောင်မင်း က ခရစ်စမတ်နေ့ တွင် စိန့်ဂါဘရီ ယလ် ဘုရားရှိခိုးကျောင်းတွင်ဲပြု လုပ်သော ခရစ်စမတ်ဆုတောင်းပွဲ အမှာစကား၌ ထည့်သွင်းပြော ကြားသွားခဲ့သည်။
အစိုးရနှင့် ကေအိုင်အိုတို့မှာ လာမည့်ဇန်န၀ါရီလတွင် ငြိမ်းချမ်းရေးအတွက် ထပ်မံဆွေးနွေးရန် ဦးအောင်မင်း က ဒီဇင်ဘာ ၁၃ ရက်တွင် ကမ်းလှမ်းထားသည်။ သို့သော် ကချင်ပြည်နယ်တွင် ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်၍ တိုက် ပွဲများ ပိုမိုပြင်းထန်စွာ ဖြစ်ပွားနေ ခဲ့သည်။ နှစ်ဖက်စစ်ရေးတင်းမာမှု များ လျော့ ကျရန် နှစ်ဖက်တပ်များအနေဖြင့် ရှေ့သို့ကျွံနေပြီး ရှုပ် ထွေးနေသော တပ်များကို ခေတ္တ ဆုတ်ခွာ ရန်နှင့် တွေ့ဆုံဆွေးနွေး ရန် လိုအပ်နေပြီဖြစ်ကြောင်း ဦးလမိုင်ဂွမ်ဂျာက အကြံပြုသည်။
7Day News Journal
Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG